တရုတ်ပိုင် တောင်တရုတ်ပင်လယ်ထဲ အမေရိကန်ဖျက်သင်္ဘောတစီး ခုတ်မောင်း

တရုတ်နိုင်ငံက ပိုင်တယ်လို့ အခိုင်အမာပြောထားတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက ကျွန်းစုနားကို အမေရိကန်ဖျက်သင်္ဘောတစ်စီး  စက်တင်ဘာ ၁၃ ရက်မှာ ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။  အမေရိကန်ရဲ့ အဲဒီလုပ်ရပ်က တရုတ်အစိုးရကို ဒေါသထွက်စေနိုင်ပြီး  အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်အရေးဟာ အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာစေတဲ့အကြောင်း အရာတွေထဲက တခုပါ။  ဒါ့အပြင် အမေရိကန်က တရုတ်စစ်တပ်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာနဲ့ အမေရိကန် - ထိုင်ဝမ်ဆက်ဆံရေးတို့ကြောင့်လည်း နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ ယိုယွင်းခဲ့ပါတယ်။ ဖျက်သင်္ဘော ဝေးနီမားယာဟာ တောင်တရုတ်ပင်လယ်ထဲက ပါရာဆယ်ကျွန်းစုနားကနေ ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ အမေရိကန်ရေတပ် Seventh Fleet စစ်သင်္ဘောအုပ်စုရဲ့ ပြောခွင့်ရအမျိုးသမီး တပ်မှူးရီယန်မာမ်ဆန်က ပြောပါတယ်။  ပါရာဆယ်ကျွန်းစုကို တရုတ်နိုင်ငံက သူပိုင်တယ်လို့ အခိုအမာပြောထားသလို ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ပိုင်နယ်မြေလို့ ပြောထားကြပါတယ်။  အငြင်းပွားဖွယ် တောင်တရုတ် ပင်လယ်ပြင်ထဲမှာ ကျွန်းတုတွေဆောက်ပြီး စစ်ဘက်အခြေစိုက်စခန်းတွေ နေရာချထားတဲ့ တရုတ်ရဲ့ လုပ်ရပ်ကို အရင်က အမေရိကန်က ဝေဖန်ခဲ့ပါတယ်။ ==================================== တ႐ုတ္ပိုင္ ေတာင္တ႐ုတ္ပင္လယ္ထဲ အေမရိကန္ဖ်က္သေဘၤာတစီး ခုတ္ေမာင္း DVB တ႐ုတ္ႏိုင္ငံက ပိုင္တယ္လို႔ အခိုင္အမာေျပာထားတဲ့ ေတာင္တ႐ုတ္ ပင္လယ္ျပင္ထဲက ကြၽန္းစုနားကို အေမရိကန္ဖ်က္သေဘၤာတစ္စီး  စက္တင္ဘာ ၁၃ ရက္မွာ ျဖတ္သန္း ခုတ္ေမာင္းခဲ့တယ္လို႔ အေမရိကန္ စစ္တပ္က ေျပာပါတယ္။ အေမရိကန္ရဲ႕ အဲဒီလုပ္ရပ္က တ႐ုတ္အစိုးရကို ေဒါသထြက္ေစႏိုင္ၿပီး  အျငင္းပြားဖြယ္ ေတာင္တ႐ုတ္ပင္လယ္ျပင္အေရးဟာ အေမရိကန္-တ႐ုတ္ ဆက္ဆံေရး တင္းမာေစတဲ့အေၾကာင္း အရာေတြထဲက တခုပါ။ ဒါ့အျပင္ အေမရိကန္က တ႐ုတ္စစ္တပ္အေပၚ ပိတ္ဆို႔ဒဏ္ခတ္တာနဲ႔ အေမရိကန္ - ထိုင္ဝမ္ဆက္ဆံေရးတို႔ေၾကာင့္လည္း ႏွစ္ႏိုင္ငံဆက္ဆံေရး အေျခအေန ယိုယြင္းခဲ့ပါတယ္။ ဖ်က္သေဘၤာ ေဝးနီမားယာဟာ ေတာင္တ႐ုတ္ပင္လယ္ထဲက ပါရာဆယ္ကြၽန္းစုနားကေန ျဖတ္သန္း ခုတ္ေမာင္းခဲ့တယ္လို႔ အေမရိကန္ေရတပ္ Seventh Fleet စစ္သေဘၤာအုပ္စုရဲ႕ ေျပာခြင့္ရအမ်ိဳးသမီး တပ္မႉးရီယန္မာမ္ဆန္က ေျပာပါတယ္။ ပါရာဆယ္ကြၽန္းစုကို တ႐ုတ္ႏိုင္ငံက သူပိုင္တယ္လို႔ အခိုအမာေျပာထားသလို ထိုင္ဝမ္နဲ႔ ဗီယက္နမ္တို႔ကလည္း သူတို႔ပိုင္နယ္ေျမလို႔ ေျပာထားၾကပါတယ္။ အျငင္းပြားဖြယ္ ေတာင္တ႐ုတ္ ပင္လယ္ျပင္ထဲမွာ ကြၽန္းတုေတြေဆာက္ၿပီး စစ္ဘက္အေျခစိုက္စခန္းေတြ ေနရာခ်ထားတဲ့ တ႐ုတ္ရဲ႕ လုပ္ရပ္ကို အရင္က အေမရိကန္က ေဝဖန္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up