A d v e r t i s e m e n t With Us

ရုရှား၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် တူရကီသို့ ဒုတိယအသုတ် တင်ပို့

ရုရှားဟာ တူရကီနိုင်ငံဆီ သူ့ရဲ့ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ဒုတိယအသုတ်ကို စက်တင်ဘာ ၁၅ ရက်က တင်ပို့ပေးလိုက်ပါပြီ။  ဒုံးခွင်းစနစ်ရဲ့ အစိတ်အပိုင်းတွေကို ကုန်တင်လေယာဉ်ပေါ် တင်နေပုံနဲ့ လေယာဉ် ပျံတက်သွားပုံ ရုပ်သံတွေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ပါတယ်။  လက်နက်ဝယ်ယူမှုအတွက် အမေရိကန်က တူရကီကိုဒဏ်ခတ်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ သတိပေးခဲ့ပါတယ်။  ဒါပေမယ့် ဒုံးခွင်းစနစ်ရဲ့ ပထမအသုတ် အစိတ်အပိုင်းတွေကို ရုရှားက တူရကီအစိုးရဆီ ဇူလိုင်လက ပို့ပေးခဲ့တာပါ။  ဒါကြောင့် အမေရိကန်က တူရကီကို F-35 တိုက်လေယာဉ်တွေ ရောင်းပေးမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။ တူရကီ အစိုးရကလည်း အမေရိကန်ရဲ့ သတိပေးချက်တွေကို ပယ်ချခဲ့ပါတယ်။ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ဒုတိယအသုတ် သယ်ယူတာ ပြီးပြီလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။  ဒီစနစ်ကို ဝယ်ရုံတင်မက ဒီစနစ်ကို သုံးမယ့်သူတွေကို သင်တန်းပေးတာပါ ဆက်လုပ်နေတယ်လို့လည်း ပြောပါတယ်။ ဒီစနစ်ကို ၂၀၂၀ ဧပြီမှာ စသုံးဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။  အမေရိကန် ပက်ထရီရော့ မစ်ဇိုင်းဒုံးကျည်တွေ ဝယ်ယူရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီလထဲမှာ ဆွေးနွေးမယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂံက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။  ထရမ့်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကြောင့် S-400s ဒုံးခွင်းစနစ်နဲ့ ပတ်သက်တဲ့ အကြပ်အတည်းကို ကျော်လွှားနိုင်မယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန် အစိုးရကတော့ တူရကီအစိုးရကို ဒဏ်ခတ်တာ မလုပ်သေးဘဲ  တူရကီကို စာနာကြောင်း သမ္မတ ထရမ့်က ပြောပါတယ်။ ====================================== ႐ုရွား၏ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ တူရကီသို႔ ဒုတိယအသုတ္ တင္ပို႔ DVB ႐ုရွားဟာ တူရကီႏိုင္ငံဆီ သူ႔ရဲ႕ S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ ဒုတိယအသုတ္ကို စက္တင္ဘာ ၁၅ ရက္က တင္ပို႔ေပးလိုက္ပါၿပီ။ ဒုံးခြင္းစနစ္ရဲ႕ အစိတ္အပိုင္းေတြကို ကုန္တင္ေလယာဥ္ေပၚ တင္ေနပုံနဲ႔ ေလယာဥ္ ပ်ံတက္သြားပုံ ႐ုပ္သံေတြကို ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္လႊင့္ပါတယ္။ လက္နက္ဝယ္ယူမႈအတြက္ အေမရိကန္က တူရကီကိုဒဏ္ခတ္ဖို႔ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ သတိေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒုံးခြင္းစနစ္ရဲ႕ ပထမအသုတ္ အစိတ္အပိုင္းေတြကို ႐ုရွားက တူရကီအစိုးရဆီ ဇူလိုင္လက ပို႔ေပးခဲ့တာပါ။  ဒါေၾကာင့္ အေမရိကန္က တူရကီကို F-35 တိုက္ေလယာဥ္ေတြ ေရာင္းေပးမယ့္ အစီအစဥ္ကို ပယ္ဖ်က္လိုက္ပါတယ္။ တူရကီ အစိုးရကလည္း အေမရိကန္ရဲ႕ သတိေပးခ်က္ေတြကို ပယ္ခ်ခဲ့ပါတယ္။ တူရကီ ကာကြယ္ေရး ဝန္ႀကီးဌာနက S-400 ဒုံးက်ည္ကာကြယ္ေရးစနစ္ ဒုတိယအသုတ္ သယ္ယူတာ ၿပီးၿပီလို႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီစနစ္ကို ဝယ္႐ုံတင္မက ဒီစနစ္ကို သုံးမယ့္သူေတြကို သင္တန္းေပးတာပါ ဆက္လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။ ဒီစနစ္ကို ၂၀၂၀ ဧၿပီမွာ စသုံးဖို႔ စီစဥ္ထားတယ္လို႔လည္း ေျပာပါတယ္။ အေမရိကန္ ပက္ထရီေရာ့ မစ္ဇိုင္းဒုံးက်ည္ေတြ ဝယ္ယူေရး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဒီလထဲမွာ ေဆြးေႏြးမယ္လို႔ တူရကီသမၼတ ေတယစ္အာဒိုဂံက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။ ထရမ့္နဲ႔ ပုဂၢိဳလ္ေရး ရင္းႏွီးမႈေၾကာင့္ S-400s ဒုံးခြင္းစနစ္နဲ႔ ပတ္သက္တဲ့ အၾကပ္အတည္းကို ေက်ာ္လႊားႏိုင္မယ္လို႔လည္း သူက ေျပာပါတယ္။ အေမရိကန္ အစိုးရကေတာ့ တူရကီအစိုးရကို ဒဏ္ခတ္တာ မလုပ္ေသးဘဲ  တူရကီကို စာနာေၾကာင္း သမၼတ ထရမ့္က ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up