Home
မြန်မာသတင်း
တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် နယ်နိမိတ်တိုင်းတာလုပ်ငန်း မပြီးစီးသေး
ပိုင်စိုး
·
September 16, 2019
တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နဲ့ မြန်မာနိုင်ငံအကြား နယ်နိမိတ်တိုင်းတာသတ်မှတ်တာ မပြီးသေးဘူးလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ က ကိုယ်စားလှယ် ဦးဘွဲခိန်းက နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေအကြား နယ်နိမိတ်မှတ်တိုင်တွေ တိတိကျကျသတ်မှတ် တိုင်းတာတာ ပြီးပြီလားလို့ မေးမြန်းခဲ့တာကြောင့် ပြန်ဖြေခဲ့တာပါ။ မြန်မာနယ်နိမိတ်တွေဟာ အင်္ဂလိပ်တွေ သတ်မှတ်ခဲ့တာကို ဆက်ခံခဲ့တာလို့ ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ “နယ်နိမိတ်တွေကို ဗြိတိသျှကိုလိုနီလက်ထက်က စတင်ပြီး ပိုင်းခြားသတ်မှတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့အခါ အဲဒီနယ်နိမိတ်တွေကို အမွေခံဆက်ခံတဲ့ ဥပဒေအရ အမွေဆက်ခံခဲ့ရ ပါတယ်။ အချုပ်အခြာပိုင်နိုင်ငံ ဖြစ်လာပြီးနောက်ပိုင်းမှာ အဲဒီနယ်နိမိတ်တွေကိုပဲ ခေတ်မီနည်းနဲ့ ပိုပြီး တိကျအောင် တိုင်းတာခဲ့ပါတယ်”  တိုင်းတာပြီးသွားတာတွေကတော့  မြန်မာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ၁၆၉ မိုင်၊ အိန္ဒိယနဲ့ ၉၀၇ မိုင်၊ တရုတ်နဲ့ ၁၃၈၄ မိုင်၊ လာအိုနဲ့ ၁၄၉ မိုင်၊ ထိုင်းနဲ့ ၃၆ မိုင် ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-လာအို နယ်နိမိတ်ကတော့ ရာနှုန်းပြည့်ပြီးသွားပြီလို့ ဝန်ကြီးက ပြောပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ ၁၉၉၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နတ်မြစ်မြောက်ဘက်ကုန်းပိုင်း နယ်နမိတ်စာချုပ်ကို အတည်ပြုစာချွန်လွှာလဲလှယ်ခဲ့ပြီး နတ်မြစ်နယ်နမိတ် ဖြည့်စွက်အခြေပြ စာချုပ်ကို ၂၀၁၇ မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝန်ကြီး ဦးကျော်တင်က “အိန္ဒိယနဲ့ နယ်နမိတ်ကို ၁၉၆၈ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ အောင်နမိတ်စစ်ဆင်ရေးနဲ့ တိုင်းတာ သတ်မှတ်ခဲ့ပြီး မြန်မာ-တရုတ်-အိန္ဒိယ ၃ နိုင်ငံဆုံမှတ်မှာ ၇၉ မိုင်လောက် ကျန်နေပါတယ်။ စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းမှာလည်း ၂၄ မိုင်လောက် ကျန်နေပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ တတိယအကြိမ် နယ်နမိတ်ပူးတွဲစစ်ဆေးဖို့အတွက် အစည်းအဝေး ၃ ကြိမ်လုပ်ထားပြီး အခြေအနေ တိုးတက်နေတယ်” လို့ ပြောပါတယ်။ မြန်မာ-တရုတ်နယ်နမိတ်ကိုတော့ ၁၉၆၀-၆၁ မှာ တိုင်းတာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ကောင်းကင်ဓာတ်ပုံ ရိုက်ဖို့ စီစဉ်နေသလို အငြင်းပွားနေတဲ့ မိုင် ၈၀ လောက်ကလွဲပြီး အားလုံးကို တိုင်းတာ သတ်မှတ်ပြီးစီးသွားပြီလို့ ဆိုပါတယ်။ နယ်နမိတ် စာချုပ်အရ ၅ နှစ်တကြိမ် နယ်နမိတ် ပူးတွဲစစ်ဆေးရမှာ ဖြစ်ပေမယ့် အခုဆိုရင် မစစ်ဆေးတာ ၂၄ နှစ်ရှိပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။ မြန်မာ-ထိုင်း နယ်နမိတ်ဟာ ၁၃၁၈ မိုင်ရှိပြီး အင်္ဂလိပ်လက်ထက်က စာချုပ် ၃ ခုနဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာအစိုးရအဆက်ဆက်မှာတော့ ၃၆ မိုင်ကိုပဲ ပြန်ပြီး တိုင်းတာရသေး တာကြောင့် တိုင်းတာရေးလုပ်ငန်းတွေလုပ်ဖို့ ကျန်နေသေးတာပါ။ ဒီအတွက် ပထမအဆင့်အနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက ပတ်ချန်မြစ်တလျှောက်နဲ့ ရေဝေကြောအတိုင်း မိုင် ၂၀၀ လောက်ကို ကောင်းကင်ဓာတ်ပုံရိုက်နိုင်ခဲ့ တိုင်းတာနိုင်ရေး သဘောတူညီ စာချုပ်လက်မှတ်ထိုးဖို့ အတွက် ဆွေးနွေးနေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
တ႐ုတ္၊ အိႏၵိယ၊ ထိုင္းတို႔ႏွင့္ နယ္နိမိတ္တိုင္းတာလုပ္ငန္း မၿပီးစီးေသး ပိုင္စိုး တ႐ုတ္၊ အိႏၵိယ၊ ထိုင္းတို႔နဲ႔ ျမန္မာႏိုင္ငံအၾကား နယ္နိမိတ္တိုင္းတာသတ္မွတ္တာ မၿပီးေသးဘူးလို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။ ဒီေန႔ က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ခ်င္းျပည္နယ္ မဲဆႏၵနယ္ အမွတ္ ၃ က ကိုယ္စားလွယ္ ဦးဘြဲခိန္းက နယ္နိမိတ္ထိစပ္ေနတဲ့ ႏိုင္ငံေတြအၾကား နယ္နိမိတ္မွတ္တိုင္ေတြ တိတိက်က်သတ္မွတ္ တိုင္းတာတာ ၿပီးၿပီလားလို႔ ေမးျမန္းခဲ့တာေၾကာင့္ ျပန္ေျဖခဲ့တာပါ။ ျမန္မာနယ္နိမိတ္ေတြဟာ အဂၤလိပ္ေတြ သတ္မွတ္ခဲ့တာကို ဆက္ခံခဲ့တာလို႔ ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။ “နယ္နိမိတ္ေတြကို ၿဗိတိသွ်ကိုလိုနီလက္ထက္က စတင္ၿပီး ပိုင္းျခားသတ္မွတ္ခဲ့ပါတယ္။ လြတ္လပ္ေရးရၿပီးတဲ့အခါ အဲဒီနယ္နိမိတ္ေတြကို အေမြခံဆက္ခံတဲ့ ဥပေဒအရ အေမြဆက္ခံခဲ့ရ ပါတယ္။ အခ်ဳပ္အျခာပိုင္ႏိုင္ငံ ျဖစ္လာၿပီးေနာက္ပိုင္းမွာ အဲဒီနယ္နိမိတ္ေတြကိုပဲ ေခတ္မီနည္းနဲ႔ ပိုၿပီး တိက်ေအာင္ တိုင္းတာခဲ့ပါတယ္” တိုင္းတာၿပီးသြားတာေတြကေတာ့ ျမန္မာဟာ ဘဂၤလားေဒ့ရွ္နဲ႔ ၁၆၉ မိုင္၊ အိႏၵိယနဲ႔ ၉၀၇ မိုင္၊ တ႐ုတ္နဲ႔ ၁၃၈၄ မိုင္၊ လာအိုနဲ႔ ၁၄၉ မိုင္၊ ထိုင္းနဲ႔ ၃၆ မိုင္ ျဖစ္ပါတယ္။ ျမန္မာ-ဘဂၤလားေဒ့ရွ္၊ ျမန္မာ-လာအို နယ္နိမိတ္ကေတာ့ ရာႏႈန္းျပည့္ၿပီးသြားၿပီလို႔ ဝန္ႀကီးက ေျပာပါတယ္။ လက္ရွိအစိုးရလက္ထက္မွာေတာ့ ၁၉၉၈ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ နတ္ျမစ္ေျမာက္ဘက္ကုန္းပိုင္း နယ္နမိတ္စာခ်ဳပ္ကို အတည္ျပဳစာခြၽန္လႊာလဲလွယ္ခဲ့ၿပီး နတ္ျမစ္နယ္နမိတ္ ျဖည့္စြက္အေျချပ စာခ်ဳပ္ကို ၂၀၁၇ မွာ လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဝန္ႀကီး ဦးေက်ာ္တင္က “အိႏၵိယနဲ႔ နယ္နမိတ္ကို ၁၉၆၈ ခုႏွစ္ကေန ၁၉၇၅ ခုႏွစ္အထိ ေအာင္နမိတ္စစ္ဆင္ေရးနဲ႔ တိုင္းတာ သတ္မွတ္ခဲ့ၿပီး ျမန္မာ-တ႐ုတ္-အိႏၵိယ ၃ ႏိုင္ငံဆုံမွတ္မွာ ၇၉ မိုင္ေလာက္ က်န္ေနပါတယ္။ စစ္ကိုင္းတိုင္း ကေဘာ္ခ်ိဳင့္ဝွမ္းမွာလည္း ၂၄ မိုင္ေလာက္ က်န္ေနပါတယ္။ လက္ရွိအစိုးရ လက္ထက္မွာ တတိယအႀကိမ္ နယ္နမိတ္ပူးတြဲစစ္ေဆးဖို႔အတြက္ အစည္းအေဝး ၃ ႀကိမ္လုပ္ထားၿပီး အေျခအေန တိုးတက္ေနတယ္” လို႔ ေျပာပါတယ္။ ျမန္မာ-တ႐ုတ္နယ္နမိတ္ကိုေတာ့ ၁၉၆၀-၆၁ မွာ တိုင္းတာခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ ေကာင္းကင္ဓာတ္ပုံ ႐ိုက္ဖို႔ စီစဥ္ေနသလို အျငင္းပြားေနတဲ့ မိုင္ ၈၀ ေလာက္ကလြဲၿပီး အားလုံးကို တိုင္းတာ သတ္မွတ္ၿပီးစီးသြားၿပီလို႔ ဆိုပါတယ္။ နယ္နမိတ္ စာခ်ဳပ္အရ ၅ ႏွစ္တႀကိမ္ နယ္နမိတ္ ပူးတြဲစစ္ေဆးရမွာ ျဖစ္ေပမယ့္ အခုဆိုရင္ မစစ္ေဆးတာ ၂၄ ႏွစ္ရွိၿပီလို႔လည္း ဝန္ႀကီးက ေျပာပါတယ္။ ျမန္မာ-ထိုင္း နယ္နမိတ္ဟာ ၁၃၁၈ မိုင္ရွိၿပီး အဂၤလိပ္လက္ထက္က စာခ်ဳပ္ ၃ ခုနဲ႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ လြတ္လပ္ေရးရၿပီး ျမန္မာအစိုးရအဆက္ဆက္မွာေတာ့ ၃၆ မိုင္ကိုပဲ ျပန္ၿပီး တိုင္းတာရေသး တာေၾကာင့္ တိုင္းတာေရးလုပ္ငန္းေတြလုပ္ဖို႔ က်န္ေနေသးတာပါ။ ဒီအတြက္ ပထမအဆင့္အေနနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက ပတ္ခ်န္ျမစ္တေလွ်ာက္နဲ႔ ေရေဝေၾကာအတိုင္း မိုင္ ၂၀၀ ေလာက္ကို ေကာင္းကင္ဓာတ္ပုံ႐ိုက္ႏိုင္ခဲ့ တိုင္းတာႏိုင္ေရး သေဘာတူညီ စာခ်ဳပ္လက္မွတ္ထိုးဖို႔ အတြက္ ေဆြးေႏြးေနတယ္လို႔လည္း ဝန္ႀကီးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024