ကလေးမြို့၌ ဓားထောက်ခြိမ်းခြောက် ပစ္စည်းလုသည့် လူငယ် ၆ ဦးကို ဖမ်းဆီး

1.1K
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓားထောက်ခြိမ်းခြောက်ပြီး လုယက်သူ လူငယ် ၆ ဦးကို စက်တင်ဘာ ၁၅ ရက်က ကလေးမြို့ရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ရဲတပ်ဖွဲ့က မနေ့ညက လှည့်ကင်းလှည့်စဉ် ကလေးမြို့၊ ပင်လုံရပ်ကွက်၊ နယ်မြေ (၁) မှာ FZ အနက်ရောင်ဆိုင်ကယ်စီးလာတဲ့ မသင်္ကာစရာ လူငယ် ၂ ဦးကို တွေ့ခဲ့ပြီး စစ်မေးခဲ့ရာက စတင်ပြီး အဲ့ဒီ လူငယ် ၂ ဦး မှာ လူယူခဲ့တဲ့ သက်သေခံပစ္စည်းတွေ့ခဲ့ရာက ခြေရာခံပြီး ၆ ဦးကို ဖမ်းဆီးခဲ့တာလို့လည်း ရဲစခန်က သိရပါတယ်။
နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က “သူတို့တွေက တကြိမ်တည်း ကျူးလွန်တာ မဟုတ်ဘူး။ သြဂုတ် ၂၇ ရက်က ၁ ကြိမ်၊ စက်တင်ဘာ ၃ ရက်က ၂ ကြိမ်၊ စက်တင်ဘာ ၁၁ ရက်က ၂ ကြိမ်နဲ့ စက်တင်ဘာ ၁၄ ရက်က ၁ ကြိမ် စုစုပေါင်း လုယက်မှု ၆ ကြိမ်ကျူးလွန်ခဲ့တယ်” လို့ပြောပါတယ်။
လုယက်မှုနဲ့ ဖမ်းဆီးခံရသူတွေဟာ ဇင်မင်းဦး(ခ)ကုလားလေး၊ ရန်လင်းထွန်း (ခ)ဉာဏ်လင်းအောင် (ခ)ချစ်တုံး၊ ဟိန်းမင်းဦး(ခ)သခွားသီး၊ ညီညီမင်း၊ ငထက် (ခ)အိုးကြီးနဲ့ အောင်မြင့်ထွန်း (ခ) ကုလား ဆိုသူတို့ဖြစ်ပါပြီး ဆိုင်ကယ် ၄ စီး၊ ဖုန်း ၅ လုံး၊ ဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ပိုက်ဆံအိတ်၊ နဲ့ ငွေ ၁ သိန်း လုယက်မှုကျူးလွန်ခဲ့တယ်လို့လည်း သိရပါတယ်။
လုယက်ပါ ပစ္စည်းထဲက ဆိုင်ကယ် ၁ စီး၊ MIဖုန်း ၃ လုံး၊ ရွှေနားကပ် ၁ ရံ ကိုတော့ သိမ်းဆည်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ကလေးမြို့မရဲစခန်းက တရားခံ ၆ ဦးကို လုယက်မှု ဆိုင်ရာ ပုဒ်မ ၃၈၆/၅၄ နဲ့ ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ပုဒ်မခွဲတွေနဲ့လည်း အမှုဖွင့်နေပါတယ်။
သတင်း- မင်းရဲစစ်နိုင်
===================================
ကေလးၿမိဳ႕၌ ဓားေထာက္ၿခိမ္းေျခာက္ ပစၥည္းလုသည့္ လူငယ္ ၆ ဦးကို ဖမ္းဆီး
မင္းရဲစစ္ႏိုင္
စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ ဓားေထာက္ၿခိမ္းေျခာက္ၿပီး လုယက္သူ လူငယ္ ၆ ဦးကို စက္တင္ဘာ ၁၅ ရက္က ကေလးၿမိဳ႕ရဲတပ္ဖြဲ႕ေတြက ဖမ္းဆီးလိုက္ပါတယ္။
ရဲတပ္ဖြဲ႕က မေန႔ညက လွည့္ကင္းလွည့္စဥ္ ကေလးၿမိဳ႕၊ ပင္လုံရပ္ကြက္၊ နယ္ေျမ (၁) မွာ FZ အနက္ေရာင္ဆိုင္ကယ္စီးလာတဲ့ မသကၤာစရာ လူငယ္ ၂ ဦးကို ေတြ႕ခဲ့ၿပီး စစ္ေမးခဲ့ရာက စတင္ၿပီး အဲ့ဒီ လူငယ္ ၂ ဦး မွာ လူယူခဲ့တဲ့ သက္ေသခံပစၥည္းေတြ႕ခဲ့ရာက ေျခရာခံၿပီး ၆ ဦးကို ဖမ္းဆီးခဲ့တာလို႔လည္း ရဲစခန္က သိရပါတယ္။
နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ဗိုလ္ဗိုလ္ေအာင္က “သူတို႔ေတြက တႀကိမ္တည္း က်ဴးလြန္တာ မဟုတ္ဘူး။ ၾသဂုတ္ ၂၇ ရက္က ၁ ႀကိမ္၊ စက္တင္ဘာ ၃ ရက္က ၂ ႀကိမ္၊ စက္တင္ဘာ ၁၁ ရက္က ၂ ႀကိမ္နဲ႔ စက္တင္ဘာ ၁၄ ရက္က ၁ ႀကိမ္ စုစုေပါင္း လုယက္မႈ ၆ ႀကိမ္က်ဴးလြန္ခဲ့တယ္” လို႔ေျပာပါတယ္။
လုယက္မႈနဲ႔ ဖမ္းဆီးခံရသူေတြဟာ ဇင္မင္းဦး(ခ)ကုလားေလး၊ ရန္လင္းထြန္း (ခ)ဉာဏ္လင္းေအာင္ (ခ)ခ်စ္တုံး၊ ဟိန္းမင္းဦး(ခ)သခြားသီး၊ ညီညီမင္း၊ ငထက္ (ခ)အိုးႀကီးနဲ႔ ေအာင္ျမင့္ထြန္း (ခ) ကုလား ဆိုသူတို႔ျဖစ္ပါၿပီး ဆိုင္ကယ္ ၄ စီး၊ ဖုန္း ၅ လုံး၊ ဆြဲႀကိဳး ၁ ကုံး၊ ေ႐ႊနားကပ္ ၁ ရံ၊ ပိုက္ဆံအိတ္၊ နဲ႔ ေငြ ၁ သိန္း လုယက္မႈက်ဴးလြန္ခဲ့တယ္လို႔လည္း သိရပါတယ္။
လုယက္ပါ ပစၥည္းထဲက ဆိုင္ကယ္ ၁ စီး၊ MIဖုန္း ၃ လုံး၊ ေ႐ႊနားကပ္ ၁ ရံ ကိုေတာ့ သိမ္းဆည္းႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။
ကေလးၿမိဳ႕မရဲစခန္းက တရားခံ ၆ ဦးကို လုယက္မႈ ဆိုင္ရာ ပုဒ္မ ၃၈၆/၅၄ နဲ႔ ကေလးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားၿပီး ပုဒ္မခြဲေတြနဲ႔လည္း အမႈဖြင့္ေနပါတယ္။
သတင္း- မင္းရဲစစ္ႏိုင္