ကိုလံဘီယာတွင် လေယာဉ်ငယ်တစီးပျက်ကျ၊ ၇ ဦး သေ

939
ကိုလံဘီယာအနောက်တောင်ပိုင်း ပိုပါယန်မြို့နားမှာ စက်တင်ဘာ ၁၅ ရက်က လေယာဉ်ငယ်တစီး ပျက်ကျခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည် ၉ ယောက်ထဲက ၇ ယောက် သေဆုံးခဲ့တယ်လို့ ကိုလံဘီယာ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ မြို့တော်ဝန်တို့က ပြောပါတယ်။
ဒေသခံကုမ္ပဏီတခုကပိုင်တဲ့ အဲဒီလေယာဉ်ငယ်ဟာ ပိုပါယန်လေဆိပ်ကနေ စတင်ပျံသန်းပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့တာပါ။
ဒဏ်ရာရတဲ့ ကျန်ခရီးသည် နှစ်ယောက်ကိုလည်း ဆေးရုံပို့ပေးခဲ့တယ်လို့ ရဲချုပ် ဖာဘီယန်ကာဒီနက်စ်က မီဒီယာတွေကို ပြောပါတယ်။
အိမ်တွေရဲ့ ခေါင်မိုးပေါ်မှာ လေယာဉ်အပျက်အစီးအပိုင်းအစတွေ ပျံ့ကျဲနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိမှာတော့ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ကိုလံဘီယာ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။
==========================
ကိုလံဘီယာတြင္ ေလယာဥ္ငယ္တစီးပ်က္က်၊ ၇ ဦး ေသ
DVB
ကိုလံဘီယာအေနာက္ေတာင္ပိုင္း ပိုပါယန္ၿမိဳ႕နားမွာ စက္တင္ဘာ ၁၅ ရက္က ေလယာဥ္ငယ္တစီး ပ်က္က်ခဲ့ၿပီး လိုက္ပါလာတဲ့ ခရီးသည္ ၉ ေယာက္ထဲက ၇ ေယာက္ ေသဆုံးခဲ့တယ္လို႔ ကိုလံဘီယာ အရပ္ဘက္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕နဲ႔ ၿမိဳ႕ေတာ္ဝန္တို႔က ေျပာပါတယ္။
ေဒသခံကုမၸဏီတခုကပိုင္တဲ့ အဲဒီေလယာဥ္ငယ္ဟာ ပိုပါယန္ေလဆိပ္ကေန စတင္ပ်ံသန္းၿပီး မိနစ္ပိုင္းအၾကာမွာပဲ ပ်က္က်သြားခဲ့တာပါ။
ဒဏ္ရာရတဲ့ က်န္ခရီးသည္ ႏွစ္ေယာက္ကိုလည္း ေဆး႐ုံပို႔ေပးခဲ့တယ္လို႔ ရဲခ်ဳပ္ ဖာဘီယန္ကာဒီနက္စ္က မီဒီယာေတြကို ေျပာပါတယ္။
အိမ္ေတြရဲ႕ ေခါင္မိုးေပၚမွာ ေလယာဥ္အပ်က္အစီးအပိုင္းအစေတြ ပ်ံ႕က်ဲေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။
လက္ရွိမွာေတာ့ ေလယာဥ္ပ်က္က်တဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနတယ္လို႔ ကိုလံဘီယာ အရပ္ဘက္ေလေၾကာင္းအာဏာပိုင္အဖြဲ႕က ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပပါတယ္။