ဖခင် မသေဆုံးမီက ပြောကြားခဲ့သည့် ဗွီဒီယိုကိုကြည့်၍ စီရော်နယ်ဒို ငိုကြွေး

1.1K
ဘဝတလျှောက်လုံး ကြိုးစားအားထုတ်မှုအပြည့်နဲ့ စိတ်ဓာတ်မာကျောသူလို့ လူတိုင်းက လက်ခံထားတဲ့ ရော်နယ်ဒိုရဲ့ မျက်ရည်ကိုတော့ ဘောလုံးကွင်းပြင်ပမှာ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။
ပီရာစ့်မော်ဂန်ရဲ့ ရော်နယ်ဒိုနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ရော်နယ်ဒိုတခါမှ မကြည့်ခဲ့ဖူးတဲ့ ဗွီဒီယိုဖိုင်ကို ပြသလိုက်ချိန်မှာ ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။
ယူရို ၂၀၀၄ ပြိုင်ပွဲမတိုင်မီက သူနဲ့ပတ်သက်လို့ ဘယ်လောက်ထိ ဂုဏ်ယူတယ် ဆိုတာကို ဖခင်ဖြစ်သူ မသေဆုံးမီက ပြောကြားခဲ့တဲ့ ဗွီဒီယိုကို ရော်နယ်ဒို မြင်တွေ့ခဲ့ရတာပါ။
ဘောလုံးသမား အတော်များများဟာ ပြိုင်ပွဲရဲ့ရလဒ်ကြောင့် ငိုကြွေးသူများပြီး ရော်နယ်ဒို ကိုယ်တိုင်လည်း ယူရို ၂၀၀၄ ဗိုလ်လုပွဲအပြီးမှာ ပေါ်တူဂီအသင်း ဖလားနဲ့ လွဲချော်ခဲ့လို့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ဖူးပါတယ်။
ရော်နယ်ဒိုရဲ့ ဖခင်ဖြစ်သူ ဂျိုဆေးဒီနစ် အေဗီရီယိုဟာ စစ်ပွဲကနေရတဲ့ ဒဏ်ရာတွေကြောင့် အရက်ကျေးကျွန်ဖြစ်ခဲ့ပြီး အသက် ၅၂ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။
ရော်နယ်ဒိုကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ စကားအပြောအဆို သိပ်မရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး အေဗီရီယိုဟာ အရက်ပဲ အမြဲသောက်နေတာကြောင့် ရာခိုင်နှုန်းပြည့် နားလည်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။
~~~~~~~~~~~~~~~~~~~
Zawgyi_version
ဖခင္ မေသဆုံးမီက ေျပာၾကားခဲ့သည့္ ဗြီဒီယိုကိုၾကည့္၍ စီေရာ္နယ္ဒို ငိုေႂကြး
ဘဝတေလွ်ာက္လုံး ႀကိဳးစားအားထုတ္မႈအျပည့္နဲ႔ စိတ္ဓာတ္မာေက်ာသူလို႔ လူတိုင္းက လက္ခံထားတဲ့ ေရာ္နယ္ဒိုရဲ႕ မ်က္ရည္ကိုေတာ့ ေဘာလုံးကြင္းျပင္ပမွာ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရပါတယ္။
ပီရာစ့္ေမာ္ဂန္ရဲ႕ ေရာ္နယ္ဒိုနဲ႔ သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ ေရာ္နယ္ဒိုတခါမွ မၾကည့္ခဲ့ဖူးတဲ့ ဗြီဒီယိုဖိုင္ကို ျပသလိုက္ခ်ိန္မွာ ခံစားခ်က္ေတြကို မထိန္းႏိုင္ေတာ့ဘဲ မ်က္ရည္က်ခဲ့တာ ျဖစ္ပါတယ္။
ယူ႐ို ၂၀၀၄ ၿပိဳင္ပြဲမတိုင္မီက သူနဲ႔ပတ္သက္လို႔ ဘယ္ေလာက္ထိ ဂုဏ္ယူတယ္ ဆိုတာကို ဖခင္ျဖစ္သူ မေသဆုံးမီက ေျပာၾကားခဲ့တဲ့ ဗြီဒီယိုကို ေရာ္နယ္ဒို ျမင္ေတြ႕ခဲ့ရတာပါ။
ေဘာလုံးသမား အေတာ္မ်ားမ်ားဟာ ၿပိဳင္ပြဲရဲ႕ရလဒ္ေၾကာင့္ ငိုေႂကြးသူမ်ားၿပီး ေရာ္နယ္ဒို ကိုယ္တိုင္လည္း ယူ႐ို ၂၀၀၄ ဗိုလ္လုပြဲအၿပီးမွာ ေပၚတူဂီအသင္း ဖလားနဲ႔ လြဲေခ်ာ္ခဲ့လို႔ ရႈိက္ႀကီးတငင္ ငိုေႂကြးခဲ့ဖူးပါတယ္။
ေရာ္နယ္ဒိုရဲ႕ ဖခင္ျဖစ္သူ ဂ်ိဳေဆးဒီနစ္ ေအဗီရီယိုဟာ စစ္ပြဲကေနရတဲ့ ဒဏ္ရာေတြေၾကာင့္ အရက္ေက်းကြၽန္ျဖစ္ခဲ့ၿပီး အသက္ ၅၂ ႏွစ္အ႐ြယ္မွာ ေသဆုံးခဲ့ပါတယ္။
ေရာ္နယ္ဒိုကိုယ္တိုင္ကလည္း ဖခင္ျဖစ္သူနဲ႔ စကားအေျပာအဆို သိပ္မရွိခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး ေအဗီရီယိုဟာ အရက္ပဲ အၿမဲေသာက္ေနတာေၾကာင့္ ရာခိုင္ႏႈန္းျပည့္ နားလည္ဖို႔ ခက္ခဲခဲ့တယ္လို႔ ဆိုပါတယ္။