ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါကြောင့် ကျားများ သေဆုံး

866
ကမ္ဘာလှည့်ခရီးသည်တွေအကြား လူသိများတဲ့ ထိုင်းနိုင်ငံ ကျားဘုန်းတော်ကြီးကျောင်းကနေ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းသွားတဲ့ ကျားကောင်ရေ ၁၅၀ လောက်ထဲက တဝက်ကျော်ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါနဲ့ သေဆုံးကုန်တယ်။
သူတို့ရဲ့ ရောဂါခုခံမှုစနစ်က မွေးတည်းက အားနည်းခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဘန်ကောက် အနောက်ဘက်က ဘုန်းတော်ကြီးကျောင်းဟာ ကျားတွေနဲ့ ဓာတ်ပုံတွဲရိုက်နိုင်ပြီး ကျားသားပေါက်တွေကို နို့ဘူးတိုက်နိုင်လို့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ ကျော်ကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ သားရိုင်းတိရစ္ဆာန် ကုန်ကူးမှု စွဲချက်နဲ့ တကမ္ဘာလုံးက ဖိအားပေးတာ ခံရအပြီး ၂၀၁၆ ခုနှစ်မှာ အာဏာပိုင်တွေက ကျောင်းထဲက ကျားကောင်ရေ ၁၅၀ နီးပါးကို ဖယ်ရှားခဲ့ပါတယ်။
သိမ်းလာတဲ့ ကျားတွေကို အစိုးရပိုင် ဘေးမဲ့တောတွေထဲကို လွှတ်ပေးခဲ့ပေမယ့် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့အကြောင်း အမျိုးသားဥယျာဉ် သားရိုင်းနဲ့ သစ်ပင် ထိန်းသိမ်းရေးဌာန အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။
မျိုးတူ သားစပ်မှုကြောင့် ဒီကျားတွေမှာ ရောဂါခုခံမှုစနစ် မပါလာဘူးလို့ ဌာန ဒုညွှန်မှူး ပရာကစ် ဗွန်စရီ ဗတ်တနာကူးလ်က အစိုးရ ရုပ်သံ MCOT ကို ပြောပါတယ်။ သေဆုံး ကျားကောင်ရေ အတိအကျကိုတော့ သူက မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကယ်ဆယ်ခံ ကျားကောင်ရေ ၁၄၇ ကောင်ထဲက ၈၆ ကောင် သေဆုံးတယ်လို့ Thai PBS ရုပ်သံက အစီရင်ခံပါတယ်။
Tiger Temple ဘုန်းတော်ကြီးကျောင်းဟာ အစောပိုင်းက သားရိုင်း ဘေးမဲ့ဇုန်အဖြစ် နာမည်ကြီးခဲ့တာပါ။ နောက်ဆုံးမှာတော့ သားရိုင်း ကုန်ကူးမှုနဲ့ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိလို့ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။
ကျားတွေက ဆေးမိနေပုံရတယ်လို့ လည်ပတ်သူ တချို့က ပြောပြီး သားရိုင်းတိရစ္ဆာန် ကာကွယ်ရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီကျောင်းက ကျားတွေကို တရားမဝင် သားဖောက်ပေးနေတယ်လို့ စွပ်စွဲကြပါတယ်။
စွဲချက်တွေကို ဘုန်းတော်ကြီးကျောင်းက ငြင်းခဲ့ပါတယ်။ အစိုးရ အရာရှိတွေကို စက်တင်ဘာ ၁၅ ရက်ထိ မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။
===============================
ထိုင္းႏိုင္ငံတြင္ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ က်ားမ်ား ေသဆုံး
DVB
ကမာၻလွည့္ခရီးသည္ေတြအၾကား လူသိမ်ားတဲ့ ထိုင္းႏိုင္ငံ က်ားဘုန္းေတာ္ႀကီးေက်ာင္းကေန ထိုင္းအာဏာပိုင္ေတြက သိမ္းဆည္းသြားတဲ့ က်ားေကာင္ေရ ၁၅၀ ေလာက္ထဲက တဝက္ေက်ာ္ဟာ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ ေရာဂါနဲ႔ ေသဆုံးကုန္တယ္။
သူတို႔ရဲ႕ ေရာဂါခုခံမႈစနစ္က ေမြးတည္းက အားနည္းခဲ့တယ္လို႔ ထိုင္းမီဒီယာေတြမွာ ေဖာ္ျပပါတယ္။
ဘန္ေကာက္ အေနာက္ဘက္က ဘုန္းေတာ္ႀကီးေက်ာင္းဟာ က်ားေတြနဲ႔ ဓာတ္ပုံတြဲ႐ိုက္ႏိုင္ၿပီး က်ားသားေပါက္ေတြကို ႏို႔ဘူးတိုက္ႏိုင္လို႔ ကမာၻလွည့္ ခရီးသည္ေတြၾကားမွာ ေက်ာ္ၾကားခဲ့ဖူးပါတယ္။
ဒါေပမဲ့ သား႐ိုင္းတိရစာၦန္ ကုန္ကူးမႈ စြဲခ်က္နဲ႔ တကမာၻလုံးက ဖိအားေပးတာ ခံရအၿပီး ၂၀၁၆ ခုႏွစ္မွာ အာဏာပိုင္ေတြက ေက်ာင္းထဲက က်ားေကာင္ေရ ၁၅၀ နီးပါးကို ဖယ္ရွားခဲ့ပါတယ္။
သိမ္းလာတဲ့ က်ားေတြကို အစိုးရပိုင္ ေဘးမဲ့ေတာေတြထဲကို လႊတ္ေပးခဲ့ေပမယ့္ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သံသယရွိတဲ့အေၾကာင္း အမ်ိဳးသားဥယ်ာဥ္ သား႐ိုင္းနဲ႔ သစ္ပင္ ထိန္းသိမ္းေရးဌာန အႀကီးတန္း အရာရွိတေယာက္က ေျပာပါတယ္။
မ်ိဳးတူ သားစပ္မႈေၾကာင့္ ဒီက်ားေတြမွာ ေရာဂါခုခံမႈစနစ္ မပါလာဘူးလို႔ ဌာန ဒုၫႊန္မႉး ပရာကစ္ ဗြန္စရီ ဗတ္တနာကူးလ္က အစိုးရ ႐ုပ္သံ MCOT ကို ေျပာပါတယ္။ ေသဆုံး က်ားေကာင္ေရ အတိအက်ကိုေတာ့ သူက မေျပာခဲ့ပါဘူး။ ဒါေပမဲ့ ကယ္ဆယ္ခံ က်ားေကာင္ေရ ၁၄၇ ေကာင္ထဲက ၈၆ ေကာင္ ေသဆုံးတယ္လို႔ Thai PBS ႐ုပ္သံက အစီရင္ခံပါတယ္။
Tiger Temple ဘုန္းေတာ္ႀကီးေက်ာင္းဟာ အေစာပိုင္းက သား႐ိုင္း ေဘးမဲ့ဇုန္အျဖစ္ နာမည္ႀကီးခဲ့တာပါ။ ေနာက္ဆုံးမွာေတာ့ သား႐ိုင္း ကုန္ကူးမႈနဲ႔ တိရစာၦန္ ညႇဥ္းပန္းႏွိပ္စက္မႈေတြနဲ႔ ပတ္သက္ေနတယ္လို႔ သံသယရွိလို႔ စုံစမ္းစစ္ေဆးခံခဲ့ရပါတယ္။
က်ားေတြက ေဆးမိေနပုံရတယ္လို႔ လည္ပတ္သူ တခ်ိဳ႕က ေျပာၿပီး သား႐ိုင္းတိရစာၦန္ ကာကြယ္ေရး တက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီေက်ာင္းက က်ားေတြကို တရားမဝင္ သားေဖာက္ေပးေနတယ္လို႔ စြပ္စြဲၾကပါတယ္။
စြဲခ်က္ေတြကို ဘုန္းေတာ္ႀကီးေက်ာင္းက ျငင္းခဲ့ပါတယ္။ အစိုးရ အရာရွိေတြကို စက္တင္ဘာ ၁၅ ရက္ထိ မွတ္ခ်က္ေပးဖို႔ ဆက္သြယ္လို႔ မရေသးပါဘူး။