Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
DVB
·
September 16, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားပါတယ်။ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနားမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် အေအေတို့ စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းတွေကို လက်နက်ကြီးကျလို့ ရွာသားတွေ ထိခိုက်သေဆုံးခဲ့တာပါ။ ကံစောက်တောင်ရဲ့ မြောက်ဘက်ရှိ ကံသုံးဆင့်ကျေးရွာက အသက် ၇၀ ကျော် အရွယ်ရှိသူ တဦးရဲ့ နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာရရှိကာ သွေးလွန် သေဆုံးသွားတာပါ‌။ အဲဒီလက်နက်ကြီးကျည်ကျလို့ ထိခိုက်ဒဏ်ရာရတဲ့ ၇ ဦးထဲမှာ ၂ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိပြီး လက်ရှိအချိန်မှာ စစ်တွေဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရပါတယ်။ ကစ္ဆပနဒီမြစ်ထဲက ရေတပ်သင်္ဘောကို အေအေဘက်က လှမ်းပစ်ခဲ့တဲ့အတွက် တပ်မတော် ဘက်က ပြန်လှန်ပစ်ခတ်ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။ ကစ္ဆပနဒီမြစ်ထဲမှာ ခုတ်မောင်းနေတဲ့ ရေတပ်က သင်္ဘော ၂ စီးကို အပေါက်ဝနား ကျေးရွာနားမှာ စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီမှာ တကြိမ်၊ ကျောက်တော်နားအရောက် မနက် ၃ နာရီမှာ တကြိမ် ပစ်ခတ်ခဲ့တယ်လို့ အေအေဘက်က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုပါတယ်။ လုံခြုံရေးလုပ်နေတဲ့ တပ်မတော်စစ်ကြောင်းတခုကို အေအေက လာရောက်ပစ်ခတ်ခဲ့လို့ တဖက်နဲ့တဖက် ပစ်ခတ်တဲ့အခါမှာ ဘယ်ဘက်က ပစ်တဲ့ လက်နက်ထိလို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မသိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ ဒါ့အပြင် အခုလို ရေတပ်သင်္ဘောကို ပစ်ခတ်မှုတွေကြောင့် ရေတပ်သင်္ဘောပျက်စီးမှု မရှိသလို တပ်မတော်သားတွေလည်း ထိခိုက်သေဆုံးတာတွေ မရှိဘူးလို့ သိရပါတယ်။ ဝဏ္ဏခွာညို
ေက်ာက္ေတာ္ၿမိဳ႕နယ္၌ တိုက္ပြဲျဖစ္ပြားၿပီး အရပ္သား ၁ ဦးေသ၊ ၇ ဦး ဒဏ္ရာရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ၿပီး ေက်း႐ြာအတြင္း လက္နက္ႀကီးက်လို႔ အရပ္သား ၇ ဦး ဒဏ္ရာရရွိကာ ၁ ဦး ေသဆုံးသြားပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်း႐ြာအနားမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္ တပ္မေတာ္ ေအေအတို႔ စက္တင္ဘာ ၁၅ ရက္ မနက္ ၁ နာရီေလာက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေက်း႐ြာအတြင္းေတြကို လက္နက္ႀကီးက်လို႔ ႐ြာသားေတြ ထိခိုက္ေသဆုံးခဲ့တာပါ။ ကံေစာက္ေတာင္ရဲ႕ ေျမာက္ဘက္ရွိ ကံသုံးဆင့္ေက်း႐ြာက အသက္ ၇၀ ေက်ာ္ အ႐ြယ္ရွိသူ တဦးရဲ႕ ေနအိမ္အတြင္း လက္နက္ႀကီး က်ေရာက္ေပါက္ကြဲၿပီး ေျခေထာက္ဒဏ္ရာရရွိကာ ေသြးလြန္ ေသဆုံးသြားတာပါ‌။ အဲဒီလက္နက္ႀကီးက်ည္က်လို႔ ထိခိုက္ဒဏ္ရာရတဲ့ ၇ ဦးထဲမွာ ၂ ဦးက စိုးရိမ္ရတဲ့ အေျခအေနရွိၿပီး လက္ရွိအခ်ိန္မွာ စစ္ေတြေဆး႐ုံမွာ အေရးေပၚ ကုသမႈ ခံယူေနရပါတယ္။ ကစၦပနဒီျမစ္ထဲက ေရတပ္သေဘၤာကို ေအေအဘက္က လွမ္းပစ္ခဲ့တဲ့အတြက္ တပ္မေတာ္ ဘက္က ျပန္လွန္ပစ္ခတ္ခဲ့တာလို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။ ကစၦပနဒီျမစ္ထဲမွာ ခုတ္ေမာင္းေနတဲ့ ေရတပ္က သေဘၤာ ၂ စီးကို အေပါက္ဝနား ေက်း႐ြာနားမွာ စက္တင္ဘာ ၁၅ ရက္ မနက္ ၁ နာရီမွာ တႀကိမ္၊ ေက်ာက္ေတာ္နားအေရာက္ မနက္ ၃ နာရီမွာ တႀကိမ္ ပစ္ခတ္ခဲ့တယ္လို႔ ေအေအဘက္က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာဆိုပါတယ္။ လုံၿခဳံေရးလုပ္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းတခုကို ေအေအက လာေရာက္ပစ္ခတ္ခဲ့လို႔ တဖက္နဲ႔တဖက္ ပစ္ခတ္တဲ့အခါမွာ ဘယ္ဘက္က ပစ္တဲ့ လက္နက္ထိလို႔ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတယ္ဆိုတာ မသိဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။ ဒါ့အျပင္ အခုလို ေရတပ္သေဘၤာကို ပစ္ခတ္မႈေတြေၾကာင့္ ေရတပ္သေဘၤာပ်က္စီးမႈ မရွိသလို တပ္မေတာ္သားေတြလည္း ထိခိုက္ေသဆုံးတာေတြ မရွိဘူးလို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024