အိန္ဒိယတွင် ကမ္ဘာလှည့် ခရီးသည်တင် လှေတစီးနစ်မြုပ် ၁၂ ဦးထက်မနည်းသေဆုံး

920
အိန္ဒိယနိုင်ငံတောင်ပိုင်း ဂိုဒါဗာရီမြစ်ထဲမှာ ကမ္ဘာလှည့် ခရီးသည်တင် လှေတစီး စက်တင်ဘာ ၁၅ ရက်က နစ်မြုပ်လို့ လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူ အယောက် တဒါဇင်ကျော် ပျောက်နေတယ်လို့ ဒေသခံ မီဒီယာမှာ ဖော်ပြပါတယ်။
ခရီးသည်တွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း လူအယောက် ၆၀ကျော်ကို တင်လာတဲ့ လှေဟာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်က ဒေဗီပတ်နမ်ရွာနားမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယအမျိုးသား ကပ်ဘေး တုံ့ပြန်ရေးတပ်ဖွဲ့ဝင် ဝန်ထမ်းတွေက ကမ္ဘာလှည့် ခရီးသည် အတော်များများကို ကယ်ခဲ့ပြီး ရေတပ် ရဟတ်ယာဉ်တစီးကလည်း ကယ်ဆယ်ရေးသမားတွေကို ကူညီပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် ဝမ်းနည်းတယ်လို့ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ပြောပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် ဂျာဂံမိုဟန်ရဒ်ဒီကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၄၀၀၀ ညီမျှတဲ့ ရူပီးငွေ ၁၀ သိန်း ပေးမယ်လို့ ကြေညာပါတယ်။
အိန္ဒိယအလယ်ပိုင်း ဘိုပယ်မြို့မှာလည်း အရင်နေ့က အလားတူ လှေမှောက်လို့ လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
=======================
အိႏၵိယတြင္ ကမာၻလွည့္ ခရီးသည္တင္ ေလွတစီးနစ္ျမဳပ္ ၁၂ ဦးထက္မနည္းေသဆုံး
DVB
အိႏၵိယႏိုင္ငံေတာင္ပိုင္း ဂိုဒါဗာရီျမစ္ထဲမွာ ကမာၻလွည့္ ခရီးသည္တင္ ေလွတစီး စက္တင္ဘာ ၁၅ ရက္က နစ္ျမဳပ္လို႔ လူ ၁၂ ေယာက္ထက္မနည္း ေသဆုံးၿပီး တျခားလူ အေယာက္ တဒါဇင္ေက်ာ္ ေပ်ာက္ေနတယ္လို႔ ေဒသခံ မီဒီယာမွာ ေဖာ္ျပပါတယ္။
ခရီးသည္ေတြနဲ႔ ဝန္ထမ္းေတြ စုစုေပါင္း လူအေယာက္ ၆၀ေက်ာ္ကို တင္လာတဲ့ ေလွဟာ အန္ဒရာပရာေဒ့ရွ္ျပည္နယ္က ေဒဗီပတ္နမ္႐ြာနားမွာ နစ္ျမဳပ္ခဲ့တာျဖစ္ပါတယ္။
အိႏၵိယအမ်ိဳးသား ကပ္ေဘး တုံ႔ျပန္ေရးတပ္ဖြဲ႕ဝင္ ဝန္ထမ္းေတြက ကမာၻလွည့္ ခရီးသည္ အေတာ္မ်ားမ်ားကို ကယ္ခဲ့ၿပီး ေရတပ္ ရဟတ္ယာဥ္တစီးကလည္း ကယ္ဆယ္ေရးသမားေတြကို ကူညီေပးခဲ့ပါတယ္။
ဒီျဖစ္ရပ္အတြက္ ဝမ္းနည္းတယ္လို႔ ဝန္ႀကီးခ်ဳပ္ နရင္ျဒာ မိုဒီက ေျပာပါတယ္။
ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဂ်ာဂံမိုဟန္ရဒ္ဒီကလည္း ေသဆုံးသူေတြရဲ႕ မိသားစုေတြအတြက္ နစ္နာေၾကး အေမရိကန္ေဒၚလာ ၁၄၀၀၀ ညီမွ်တဲ့ ႐ူပီးေငြ ၁၀ သိန္း ေပးမယ္လို႔ ေၾကညာပါတယ္။
အိႏၵိယအလယ္ပိုင္း ဘိုပယ္ၿမိဳ႕မွာလည္း အရင္ေန႔က အလားတူ ေလွေမွာက္လို႔ လူ ၁၁ ေယာက္ ေသဆုံးခဲ့ပါတယ္။