Home
မြန်မာသတင်း
နိုင်ငံရဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ချင်တဲ့သူများ ဖြစ်စေချင်ပါတယ် - ဒေါ်အောင်ဆန်းစုကြည်
DVB
·
September 15, 2019
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပြီး အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်စုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ကျမတို့ဟာ ဒီလိုအခမ်းအနားတွေ ကျင်းပခြင်းရဲ့ အကြောင်းတွေကို လေ့လာဖို့ လိုပါတယ်။ ရည်ရွယ်ချက်တွေကိုလည်း စဉ်းစားဖို့ လိုပါတယ်။ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရယ်လို့ ကျင်းပရတာဟာ ကမ္ဘာတဝန်းမှာ ဒီမိုကရေစီကို အလေးထားလာတဲ့ နိုင်ငံတွေ အင်မတန်များလာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အလေးထားတာနဲ့ တန်ဖိုးထားတာဟာ မတူဘူးဆိုတာလည်း ကျမတို့ ဂရုစိုက်ဖို့ လိုပါတယ်။ သတိချပ်ဖို့ လိုပါတယ်။ ကျမတို့ စဉ်းစားရမှာက ဒီမိုကရေစီဆိုတာ မြေထဲပင်လယ်က မြို့လေးတမြို့မှာ နှစ် ၂၅၀၀ ကျော်လောက်က ပေါက်ဖွားလာတဲ့ စနစ်တခုဟာ ဘာကြောင့် တကမ္ဘာလုံးကို ပြန့်ပွားတာလဲ၊ ဘာကြောင့် ဒီခေတ်ကမ္ဘာမှာ ဒီစနစ်ကို ဒီလောက်တောင်မှ အလေးထားကြတာလဲဆိုတာ ကျမတို့ လေးလေးနက်နက် စဉ်းစားဖို့ လိုပါတယ်။ ဒီမိုကရေစီ ဆိုတော့လည်း တိုက်ရိုက် ဘာသာပြန်လိုက်မယ်ဆိုရင် ပြည်သူ့အင်အားပေါ့။ ပြည်သူ့အင်အားဆိုတော့ အရင်တုန်းက ရှိခဲ့တဲ့ အာခီ၊ အာခီ ဆိုတာကတော့ ရှေ့တန်းတင်မှုပေါ့။ ဘုရင်တွေကို ရှေ့တန်းတင်မှု၊ အော်လီအာခီ ဆိုရင် လူနည်းစုကို ရှေ့တန်းတင်မှု။ ရှေ့တန်းတင်မှုစနစ်တွေနဲ့ တမူခြားနားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အင်အားဆိုတော့ အကောင်းအတွက်လည်း သုံးလို့ရပါတယ်။ အဆိုးအတွက်လည်း သုံးလို့ရပါတယ်။ အကောင်းအတွက်ဆိုရင် ကိုယ် သုံးသလို ကောင်းအောင်လုပ်လို့ရပါတယ်။ ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်၊ ‘အားလုံး ပူးပေါင်းဆောင်ရွက်ကြစို့’ဆိုတော့… ကျမတို့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ပြည်သူ့အင်အားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချရေးအတွက် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာကို ကျမတို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အင်အားဆိုတာဟာ မှန်မှန်ကန်ကန် သုံးစွဲဖို့ ချိန်ခွင်လျှာ ညီမျှဖို့ လိုပါတယ်။ အင်မတန်မှ အရေးကြီးပါတယ်။ ဒီမိုကရေစီမှာ ပြည်သူ့အင်အား ဆိုတာ ဘယ်သူ့အတွက်လဲ၊ ပြည်သူတွေအတွက်။ ပြည်သူတွေဆိုတာ တဦးချင်း တဦးချင်းပဲ။ ကျမတို့ ပြည်သူတွေဟာ စတာ တဦးချင်း တဦးချင်းက စတာ။ ဒီမိုကရေစီကို တကယ်ပဲ တန်ဖိုးထားတယ်၊ ရှင်သန်စေချင်တယ် ဆိုရင် ပရဟိတ၊ အတ္တဟိတ ဒီနှစ်ခုကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံအများအပြား၊ အဖွဲ့အစည်း အများအပြားက ဒီမိုကရေစီကို လက်ခံတာဟာ အများက လုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးကို ပိုပြီးထိထိရောက်ရောက် ထမ်းဆောင်နိုင်မယ် ဆိုတာကို ယုံကြည်လို့ပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ့်အကျိုးအတွက်ပဲ လုပ်ချင်ကြတာ ဖြစ်ပါတယ်။ ဒါကို လျစ်လျူရှုပြီးတော့ စနစ်တခုကို အောင်မြင်အောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာ တကယ်တမ်းတော့ စနစ်လို့ ဆိုရမှာထက် ယဉ်ကျေးမှုတခုလို့ပဲ ကျမ ဆိုချင်ပါတယ်။ ဒါ နိုင်ငံရေးကိစ္စတင် မဟုတ်ပါဘူး၊ လူမှုရေးကိစ္စတွေလည်း ပါပါတယ်။ စီးပွားရေးကိစ္စတွေလည်း ပါပါတယ်။ အတွေးအခေါ်ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ဒါဟာ ယဉ်ကျေးမှုတရပ်ပါ။ ဒီမိုကရေစီ ယဉ်ကျေးမှု ရှင်သန်စေချင်တယ်ဆိုရင် ကျမတို့ တဦးချင်း တဦးချင်းဟာ ချိန်ခွင်လျှာ ညီမျှခြင်းရဲ့ တန်ဖိုးကို သဘောပေါက်ဖို့ လိုပါတယ်။ ကိုယ့်အတွက်၊ အများအတွက်၊ ဒီမိုကရေစီအခွင့်အရေးတင် စဉ်းစားလို့မရဘူး။ တာဝန်တွေလည်း စဉ်းစားရမယ်။ အခွင့်အရေးဟာ ကိုယ့်အတွက်၊ တာဝန်ဟာ အများအတွက်။ လူ့အခွင့်အရေးဟာ တဦးချင်း တဦးချင်းအတွက်။ တရားဥပဒေစိုးမိုးရေးဆိုတာ အများအတွက်။ ဒါတွေဟာ ချိန်ခွင်လျှာ ညီမျှရမယ်။ ကိုယ့်အတွက် ပိုရင် မကောင်းသလို အများအတွက် ဆိုပြီးတော့ တဦးချင်း တဦးချင်းရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို ချုပ်ချယ်ရင်လည်း ကောင်းမှာ မဟုတ်ပါဘူး။ အတ္တဟိတ၊ ပရဟိတ နှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီအောင် လုပ်တဲ့နေရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကျမတို့ စရင် တဦးချင်း၊ တဦးချင်းကနေ မိသားစုက စရမယ်။ ကိုယ့်အခွင့်အရေး၊ ကိုယ့်ရဲ့ ရပိုင်ခွင့်၊ ကိုယ့်မိသားစုရဲ့ အခွင့်အရေး၊ ကိုယ့်ရဲ့ မိသားစုရဲ့ ရပိုင်ခွင့်၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်တိုင်းပြည်ရဲ့ အခွင့်အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အ‌ရေး၊ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေး၊ တကမ္ဘာလုံးရဲ့ အခွင့်အရေး၊ တဆင့်ချင်း တဆင့်ချင်းမှာ ကျမတို့ဟာ ချိန်ခွင်လျှာ ညီမျှစွာနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။  ကျမတို့နိုင်ငံဟာ ဖွံ့ဖြိုးစနိုင်ငံ တခု ဖြစ်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့နေရာမှာလည်း နုနယ်သေးတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစတုန်းက ဒီမိုကရေစီစနစ်နဲ့ စခဲ့တယ် ဆိုပေမယ့် ကြားထဲမှာ ဒီမိုကရေစီစနစ်ဟာ ပျောက်ကွယ်သွားတော့ ပြန်ပြီးတော့ အစကနေ စပြီး ထူထောင်နေရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကမ္ဘာကြီးကို လှည့်ပြီးကြည့်လိုက်ရင် ဘယ်လိုပဲပြောပြော ဒီမိုကရေစီဆိုတာ ကျမတို့နိုင်ငံတခုအတွင်းမှာသာ လုံလုံလောက်လောက် မရှိသေးတာ မဟုတ်ဘူး။ ကမ္ဘာကြီးမှာ ကြည့်လိုက်မယ်ဆိုရင်လည်း လုံလုံလောက်လောက် မရှိသေးဘူးဆိုတာ ကျမတို့ တွေ့ရပါတယ်။ ဒီလို ပြောခြင်းဟာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဒီမိုကရေစီ မရှိတာကို ပြောခြင်းတင် မကပါဘူး။ အင်အားကြီးတဲ့နိုင်ငံတွေနဲ့ အင်အားငယ်တဲ့ နိုင်ငံတွေကြားထဲမှာ တန်းတူညီမျှမှု မရှိခြင်းကိုလည်း ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံဟာ အင်အားကြီးတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့နိုင်ငံဟာ ရပ်တည်ဖို့အတွက်ဆိုရင် အင်မတန်မှ ရုန်းကန်ရပါတယ်၊ ကြိုးစားရပါတယ်။ ဒါကို ကျမတို့ရဲ့ ပြည်သူပြည်သားတွေ နားလည်စေချင်ပါတယ်၊ သဘောပေါက်စေချင်ပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်မှ ကျမတို့ဟာ ကမ္ဘာ့အလယ်မှာ တကယ့်ကို ဒီမိုကရေစီကျကျ ရပ်တည်နိုင်တဲ့ နိုင်ငံတခု ဖြစ်လာမှာပါ။ ဘယ်လိုပဲပြောပြော တကယ့်အဖြစ်အပျက်တွေအရဆိုရင် ဓနအင်အား၊ လက်နက်အင်အား၊ ဩဇာအင်အား ဒီအင်အားတွေ အများကြီး စကားပြောပါတယ်။ ကျမတို့ဟာ ဒီအင်အားတွေဘက်မှာ နည်းတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အားလုံးဟာ စိတ်ဓာတ်အင်အားနဲ့ အလုပ်လုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဓန ဆိုတာ ချက်ချင်း မရနိုင်ဘူး။ တခြားဩဇာ အာဏာတွေဆိုတာ ချက်ချင်း မရနိုင်ဘူး။ သို့သော်လည်း ကိုယ့်ရဲ့စိတ်ဓာတ်အင်အားကို ချက်ချင်း ပြောင်းလဲအောင် လုပ်လို့ရပါတယ်။ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ ကျမတို့နိုင်ငံအတွင်းမှာသာမက တကမ္ဘာလုံးမှာ ဒီမိုကရေစီ သဘောထားတွေ ရှင်သန်ဖို့အတွက် ဒီမိုကရေစီယဉ်ကျေးမှု အမှန်တကယ်ကို ပြန့်ပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ ယနေ့ ကျမတို့ကို ညွှန်ပြလိုက်တဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအတွက် ကြိုးပမ်းတဲ့နေရာမှာ အားလုံး တဦးချင်း တဦးချင်း ကိုယ့်ရဲ့တန်ဖိုးကို ကိုယ် မမေ့ဖို့ လိုပါတယ်။ ပြည်သူ့အင်အား ဆိုတာ အားလုံး စုပေါင်းမှ ဖြစ်တာပါ။ တဦးချင်း တဦးချင်းမှာ တန်ဖိုးရှိပါတယ်။ အဲဒီ တန်ဖိုးကို မှန်မှန်ကန်ကန် သုံးပါ။ ကျမတို့ရဲ့ ပြည်သူ့အင်အားကို ကောင်းမွန်တဲ့ အင်အားဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ ဒီလို ကောင်းမွန်တဲ့အင်အား ဖြစ်လာမှ ကျမတို့နိုင်ငံကို ကောင်းမွန်တဲ့ နိုင်ငံတခု ထူထောင်နိုင်မယ်။ ကောင်းမွန်တဲ့ ကမ္ဘာကြီးတခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။  တချို့တွေက ဒီမိုကရေစီစနစ် ဆိုတာ ကိုယ်ရဖို့အတွက်လို့ ထင်ကြပါတယ်။ တကယ်တော့ ရဖို့အတွက်ပဲ စဉ်းစားတဲ့သူများဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာပါ။ ပေးဖို့အတွက် စဉ်းစားမှ ကိုယ့်တန်ဖိုးကိုယ် သိမယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ ကျမတို့အားလုံးဟာ ပေးချင်တဲ့ နိုင်ငံသူ နိုင်ငံသားများ ဖြစ်စေချင်ပါတယ်။ တဦးချင်း တဦးချင်းဟာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီအတွက်၊ ဒီကမ္ဘာကြီးရဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ချင်တဲ့ သူများ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်အတွက်လည်း ကိုယ်လုပ်နိုင်တဲ့အစွမ်းနဲ့ လုပ်သင့် မလုပ်သင့်ကို ခွဲခြားနိုင်တဲ့ပညာ ရှိဖို့ဆိုတာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အင်အားကို သုံးချင်တိုင်း သုံးလို့ မဖြစ်ပါဘူး။ သုံးသင့် မသုံးသင့်ကို စီစဉ်နိုင်ရပါမယ်။ ဒါကြောင့် ဒီနေ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စုပေါင်းပြီးတော့ နိုင်ငံအပေါ်မှာ တကယ့်ကို စေတနာနဲ့ လူသားများအပေါ်မှာ စေတနာနဲ့ ဒီမိုကရေစီ ရှင်သန်ရေးအတွက်၊ ဒီမိုကရေစီယဉ်ကျေးမှု အဓိပ္ပာယ် မှန်မှန်ကန်ကန် ဖော်နိုင်ရေးအတွက် လုပ်သွားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။” ====================== ႏိုင္ငံရဲ႕ ဒီမိုကေရစီအတြက္ ေပးဆပ္ခ်င္တဲ့သူမ်ား ျဖစ္ေစခ်င္ပါတယ္ - ေဒၚေအာင္ဆန္းစုၾကည္ DVB ဒီေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အခမ္းအနားကို ျပည္ေထာင္စုလႊတ္ေတာ္မွာ က်င္းပခဲ့ၿပီး အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္စုၾကည္က မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။ “က်မတို႔ဟာ ဒီလိုအခမ္းအနားေတြ က်င္းပျခင္းရဲ႕ အေၾကာင္းေတြကို ေလ့လာဖို႔ လိုပါတယ္။ ရည္႐ြယ္ခ်က္ေတြကိုလည္း စဥ္းစားဖို႔ လိုပါတယ္။ ဒီေန႔မွာ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီရယ္လို႔ က်င္းပရတာဟာ ကမာၻတဝန္းမွာ ဒီမိုကေရစီကို အေလးထားလာတဲ့ ႏိုင္ငံေတြ အင္မတန္မ်ားလာလို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ အေလးထားတာနဲ႔ တန္ဖိုးထားတာဟာ မတူဘူးဆိုတာလည္း က်မတို႔ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ သတိခ်ပ္ဖို႔ လိုပါတယ္။ က်မတို႔ စဥ္းစားရမွာက ဒီမိုကေရစီဆိုတာ ေျမထဲပင္လယ္က ၿမိဳ႕ေလးတၿမိဳ႕မွာ ႏွစ္ ၂၅၀၀ ေက်ာ္ေလာက္က ေပါက္ဖြားလာတဲ့ စနစ္တခုဟာ ဘာေၾကာင့္ တကမာၻလုံးကို ျပန႔္ပြားတာလဲ၊ ဘာေၾကာင့္ ဒီေခတ္ကမာၻမွာ ဒီစနစ္ကို ဒီေလာက္ေတာင္မွ အေလးထားၾကတာလဲဆိုတာ က်မတို႔ ေလးေလးနက္နက္ စဥ္းစားဖို႔ လိုပါတယ္။ ဒီမိုကေရစီ ဆိုေတာ့လည္း တိုက္႐ိုက္ ဘာသာျပန္လိုက္မယ္ဆိုရင္ ျပည္သူ႔အင္အားေပါ့။ ျပည္သူ႔အင္အားဆိုေတာ့ အရင္တုန္းက ရွိခဲ့တဲ့ အာခီ၊ အာခီ ဆိုတာကေတာ့ ေရွ႕တန္းတင္မႈေပါ့။ ဘုရင္ေတြကို ေရွ႕တန္းတင္မႈ၊ ေအာ္လီအာခီ ဆိုရင္ လူနည္းစုကို ေရွ႕တန္းတင္မႈ။ ေရွ႕တန္းတင္မႈစနစ္ေတြနဲ႔ တမူျခားနားေနတာ ျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ အင္အားဆိုေတာ့ အေကာင္းအတြက္လည္း သုံးလို႔ရပါတယ္။ အဆိုးအတြက္လည္း သုံးလို႔ရပါတယ္။ အေကာင္းအတြက္ဆိုရင္ ကိုယ္ သုံးသလို ေကာင္းေအာင္လုပ္လို႔ရပါတယ္။ ဒီႏွစ္ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔အတြက္ သတ္မွတ္ထားတဲ့ ေဆာင္ပုဒ္၊ ‘အားလုံး ပူးေပါင္းေဆာင္႐ြက္ၾကစို႔’ဆိုေတာ့… က်မတို႔ ဘယ္လို ပူးေပါင္းေဆာင္႐ြက္မလဲ။ ဒီမိုကေရစီ ရွင္သန္ေရးအတြက္ ျပည္သူ႔အင္အားကို မွန္မွန္ကန္ကန္ ထိထိေရာက္ေရာက္ အသုံးခ်ေရးအတြက္ ဘယ္လို ေဆာင္႐ြက္ၾကမလဲ ဆိုတာကို က်မတို႔ စဥ္းစားရမွာ ျဖစ္ပါတယ္။ အေျခခံအားျဖင့္ေတာ့ အင္အားဆိုတာဟာ မွန္မွန္ကန္ကန္ သုံးစြဲဖို႔ ခ်ိန္ခြင္လွ်ာ ညီမွ်ဖို႔ လိုပါတယ္။ အင္မတန္မွ အေရးႀကီးပါတယ္။ ဒီမိုကေရစီမွာ ျပည္သူ႔အင္အား ဆိုတာ ဘယ္သူ႔အတြက္လဲ၊ ျပည္သူေတြအတြက္။ ျပည္သူေတြဆိုတာ တဦးခ်င္း တဦးခ်င္းပဲ။ က်မတို႔ ျပည္သူေတြဟာ စတာ တဦးခ်င္း တဦးခ်င္းက စတာ။ ဒီမိုကေရစီကို တကယ္ပဲ တန္ဖိုးထားတယ္၊ ရွင္သန္ေစခ်င္တယ္ ဆိုရင္ ပရဟိတ၊ အတၱဟိတ ဒီႏွစ္ခုကို ခ်ိန္ခြင္လွ်ာ ညီမွ်ေအာင္ လုပ္ရမွာ ျဖစ္ပါတယ္။ ႏိုင္ငံအမ်ားအျပား၊ အဖြဲ႕အစည္း အမ်ားအျပားက ဒီမိုကေရစီကို လက္ခံတာဟာ အမ်ားက လုပ္ေဆာင္ျခင္းအားျဖင့္ အမ်ားအက်ိဳးကို ပိုၿပီးထိထိေရာက္ေရာက္ ထမ္းေဆာင္ႏိုင္မယ္ ဆိုတာကို ယုံၾကည္လို႔ပဲ ျဖစ္ပါတယ္။ လူတိုင္းဟာ ကိုယ့္အက်ိဳးအတြက္ပဲ လုပ္ခ်င္ၾကတာ ျဖစ္ပါတယ္။ ဒါကို လ်စ္လ်ဴရႈၿပီးေတာ့ စနစ္တခုကို ေအာင္ျမင္ေအာင္ လုပ္လို႔ရမွာ မဟုတ္ပါဘူး။ ဒီမိုကေရစီ ဆိုတာ တကယ္တမ္းေတာ့ စနစ္လို႔ ဆိုရမွာထက္ ယဥ္ေက်းမႈတခုလို႔ပဲ က်မ ဆိုခ်င္ပါတယ္။ ဒါ ႏိုင္ငံေရးကိစၥတင္ မဟုတ္ပါဘူး၊ လူမႈေရးကိစၥေတြလည္း ပါပါတယ္။ စီးပြားေရးကိစၥေတြလည္း ပါပါတယ္။ အေတြးအေခၚကိစၥေတြလည္း ပါပါတယ္။ ဒါေၾကာင့္ ဒါဟာ ယဥ္ေက်းမႈတရပ္ပါ။ ဒီမိုကေရစီ ယဥ္ေက်းမႈ ရွင္သန္ေစခ်င္တယ္ဆိုရင္ က်မတို႔ တဦးခ်င္း တဦးခ်င္းဟာ ခ်ိန္ခြင္လွ်ာ ညီမွ်ျခင္းရဲ႕ တန္ဖိုးကို သေဘာေပါက္ဖို႔ လိုပါတယ္။ ကိုယ့္အတြက္၊ အမ်ားအတြက္၊ ဒီမိုကေရစီအခြင့္အေရးတင္ စဥ္းစားလို႔မရဘူး။ တာဝန္ေတြလည္း စဥ္းစားရမယ္။ အခြင့္အေရးဟာ ကိုယ့္အတြက္၊ တာဝန္ဟာ အမ်ားအတြက္။ လူ႔အခြင့္အေရးဟာ တဦးခ်င္း တဦးခ်င္းအတြက္။ တရားဥပေဒစိုးမိုးေရးဆိုတာ အမ်ားအတြက္။ ဒါေတြဟာ ခ်ိန္ခြင္လွ်ာ ညီမွ်ရမယ္။ ကိုယ့္အတြက္ ပိုရင္ မေကာင္းသလို အမ်ားအတြက္ ဆိုၿပီးေတာ့ တဦးခ်င္း တဦးခ်င္းရဲ႕ အခြင့္အေရးေတြ၊ လြတ္လပ္ခြင့္ေတြကို ခ်ဳပ္ခ်ယ္ရင္လည္း ေကာင္းမွာ မဟုတ္ပါဘူး။ အတၱဟိတ၊ ပရဟိတ ႏွစ္ခုစလုံးကို ခ်ိန္ခြင္လွ်ာ ညီေအာင္ လုပ္တဲ့ေနရာမွာ အားလုံး ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုပါတယ္။ က်မတို႔ စရင္ တဦးခ်င္း၊ တဦးခ်င္းကေန မိသားစုက စရမယ္။ ကိုယ့္အခြင့္အေရး၊ ကိုယ့္ရဲ႕ ရပိုင္ခြင့္၊ ကိုယ့္မိသားစုရဲ႕ အခြင့္အေရး၊ ကိုယ့္ရဲ႕ မိသားစုရဲ႕ ရပိုင္ခြင့္၊ ကိုယ့္ရပ္ကိုယ့္႐ြာရဲ႕ အခြင့္အေရး၊ ကိုယ့္ၿမိဳ႕နယ္ရဲ႕ အခြင့္အေရး၊ ကိုယ့္တိုင္းျပည္ရဲ႕ အခြင့္အေရး၊ ကိုယ့္လူမ်ိဳးေတြရဲ႕ အခြင့္အ‌ေရး၊ ကိုယ့္ႏိုင္ငံရဲ႕ အခြင့္အေရး၊ တကမာၻလုံးရဲ႕ အခြင့္အေရး၊ တဆင့္ခ်င္း တဆင့္ခ်င္းမွာ က်မတို႔ဟာ ခ်ိန္ခြင္လွ်ာ ညီမွ်စြာနဲ႔ ဆက္လက္လုပ္ေဆာင္သြားဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ က်မတို႔ႏိုင္ငံဟာ ဖြံ႕ၿဖိဳးစႏိုင္ငံ တခု ျဖစ္ပါတယ္။ ဒီမိုကေရစီကို က်င့္သုံးတဲ့ေနရာမွာလည္း ႏုနယ္ေသးတဲ့ ႏိုင္ငံတခုလည္း ျဖစ္ပါတယ္။ လြတ္လပ္ေရးရခါစတုန္းက ဒီမိုကေရစီစနစ္နဲ႔ စခဲ့တယ္ ဆိုေပမယ့္ ၾကားထဲမွာ ဒီမိုကေရစီစနစ္ဟာ ေပ်ာက္ကြယ္သြားေတာ့ ျပန္ၿပီးေတာ့ အစကေန စၿပီး ထူေထာင္ေနရတာ ျဖစ္ပါတယ္။ ဒီလိုလုပ္တဲ့အခါမွာ ကမာၻႀကီးကို လွည့္ၿပီးၾကည့္လိုက္ရင္ ဘယ္လိုပဲေျပာေျပာ ဒီမိုကေရစီဆိုတာ က်မတို႔ႏိုင္ငံတခုအတြင္းမွာသာ လုံလုံေလာက္ေလာက္ မရွိေသးတာ မဟုတ္ဘူး။ ကမာၻႀကီးမွာ ၾကည့္လိုက္မယ္ဆိုရင္လည္း လုံလုံေလာက္ေလာက္ မရွိေသးဘူးဆိုတာ က်မတို႔ ေတြ႕ရပါတယ္။ ဒီလို ေျပာျခင္းဟာ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းမွာ ဒီမိုကေရစီ မရွိတာကို ေျပာျခင္းတင္ မကပါဘူး။ အင္အားႀကီးတဲ့ႏိုင္ငံေတြနဲ႔ အင္အားငယ္တဲ့ ႏိုင္ငံေတြၾကားထဲမွာ တန္းတူညီမွ်မႈ မရွိျခင္းကိုလည္း ဆိုလိုတာ ျဖစ္ပါတယ္။ က်မတို႔ႏိုင္ငံဟာ အင္အားႀကီးတဲ့ႏိုင္ငံ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ က်မတို႔ရဲ႕ႏိုင္ငံဟာ ရပ္တည္ဖို႔အတြက္ဆိုရင္ အင္မတန္မွ ႐ုန္းကန္ရပါတယ္၊ ႀကိဳးစားရပါတယ္။ ဒါကို က်မတို႔ရဲ႕ ျပည္သူျပည္သားေတြ နားလည္ေစခ်င္ပါတယ္၊ သေဘာေပါက္ေစခ်င္ပါတယ္။ အားလုံး ပူးေပါင္းေဆာင္႐ြက္မွ က်မတို႔ဟာ ကမာၻ႔အလယ္မွာ တကယ့္ကို ဒီမိုကေရစီက်က် ရပ္တည္ႏိုင္တဲ့ ႏိုင္ငံတခု ျဖစ္လာမွာပါ။ ဘယ္လိုပဲေျပာေျပာ တကယ့္အျဖစ္အပ်က္ေတြအရဆိုရင္ ဓနအင္အား၊ လက္နက္အင္အား၊ ဩဇာအင္အား ဒီအင္အားေတြ အမ်ားႀကီး စကားေျပာပါတယ္။ က်မတို႔ဟာ ဒီအင္အားေတြဘက္မွာ နည္းတဲ့ ႏိုင္ငံတခု ျဖစ္ပါတယ္။ ဒါေၾကာင့္ က်မတို႔အားလုံးဟာ စိတ္ဓာတ္အင္အားနဲ႔ အလုပ္လုပ္ဖို႔ အင္မတန္အေရးႀကီးပါတယ္။ ဓန ဆိုတာ ခ်က္ခ်င္း မရႏိုင္ဘူး။ တျခားဩဇာ အာဏာေတြဆိုတာ ခ်က္ခ်င္း မရႏိုင္ဘူး။ သို႔ေသာ္လည္း ကိုယ့္ရဲ႕စိတ္ဓာတ္အင္အားကို ခ်က္ခ်င္း ေျပာင္းလဲေအာင္ လုပ္လို႔ရပါတယ္။ က်မတို႔ရဲ႕ ႏိုင္ငံသူ ႏိုင္ငံသားမ်ားအားလုံးဟာ က်မတို႔ႏိုင္ငံအတြင္းမွာသာမက တကမာၻလုံးမွာ ဒီမိုကေရစီ သေဘာထားေတြ ရွင္သန္ဖို႔အတြက္ ဒီမိုကေရစီယဥ္ေက်းမႈ အမွန္တကယ္ကို ျပန႔္ပြားဖို႔အတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ဟာ ယေန႔ က်မတို႔ကို ၫႊန္ျပလိုက္တဲ့ တာဝန္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီအတြက္ ႀကိဳးပမ္းတဲ့ေနရာမွာ အားလုံး တဦးခ်င္း တဦးခ်င္း ကိုယ့္ရဲ႕တန္ဖိုးကို ကိုယ္ မေမ့ဖို႔ လိုပါတယ္။ ျပည္သူ႔အင္အား ဆိုတာ အားလုံး စုေပါင္းမွ ျဖစ္တာပါ။ တဦးခ်င္း တဦးခ်င္းမွာ တန္ဖိုးရွိပါတယ္။ အဲဒီ တန္ဖိုးကို မွန္မွန္ကန္ကန္ သုံးပါ။ က်မတို႔ရဲ႕ ျပည္သူ႔အင္အားကို ေကာင္းမြန္တဲ့ အင္အားျဖစ္ေအာင္ ႀကိဳးစားေစခ်င္ပါတယ္။ ဒီလို ေကာင္းမြန္တဲ့အင္အား ျဖစ္လာမွ က်မတို႔ႏိုင္ငံကို ေကာင္းမြန္တဲ့ ႏိုင္ငံတခု ထူေထာင္ႏိုင္မယ္။ ေကာင္းမြန္တဲ့ ကမာၻႀကီးတခုကို ထူေထာင္ႏိုင္မွာ ျဖစ္ပါတယ္။ တခ်ိဳ႕ေတြက ဒီမိုကေရစီစနစ္ ဆိုတာ ကိုယ္ရဖို႔အတြက္လို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ ရဖို႔အတြက္ပဲ စဥ္းစားတဲ့သူမ်ားဟာ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမထားတာပါ။ ေပးဖို႔အတြက္ စဥ္းစားမွ ကိုယ့္တန္ဖိုးကိုယ္ သိမယ္ဆိုတာကို သတိခ်ပ္ေစခ်င္ပါတယ္။ က်မတို႔အားလုံးဟာ ေပးခ်င္တဲ့ ႏိုင္ငံသူ ႏိုင္ငံသားမ်ား ျဖစ္ေစခ်င္ပါတယ္။ တဦးခ်င္း တဦးခ်င္းဟာ ဒီႏိုင္ငံရဲ႕ ဒီမိုကေရစီအတြက္၊ ဒီကမာၻႀကီးရဲ႕ ဒီမိုကေရစီအတြက္ ေပးဆပ္ခ်င္တဲ့ သူမ်ား ျဖစ္ေစခ်င္ပါတယ္။ ဒါေပမဲ့လည္း ကိုယ့္အတြက္လည္း ကိုယ္လုပ္ႏိုင္တဲ့အစြမ္းနဲ႔ လုပ္သင့္ မလုပ္သင့္ကို ခြဲျခားႏိုင္တဲ့ပညာ ရွိဖို႔ဆိုတာလည္း အင္မတန္မွ အေရးႀကီးပါတယ္။ အင္အားကို သုံးခ်င္တိုင္း သုံးလို႔ မျဖစ္ပါဘူး။ သုံးသင့္ မသုံးသင့္ကို စီစဥ္ႏိုင္ရပါမယ္။ ဒါေၾကာင့္ ဒီေန႔ အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အခမ္းအနားမွာ စုေပါင္းၿပီးေတာ့ ႏိုင္ငံအေပၚမွာ တကယ့္ကို ေစတနာနဲ႔ လူသားမ်ားအေပၚမွာ ေစတနာနဲ႔ ဒီမိုကေရစီ ရွင္သန္ေရးအတြက္၊ ဒီမိုကေရစီယဥ္ေက်းမႈ အဓိပၸာယ္ မွန္မွန္ကန္ကန္ ေဖာ္ႏိုင္ေရးအတြက္ လုပ္သြားၾကပါစို႔လို႔ တိုက္တြန္းလိုက္ပါတယ္။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024