Live
Home
ဆောင်းပါး
သိထားသင့်တဲ့ HPV ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ရှိ မျိုးစိတ်ကွဲတွေ
DVB
·
September 15, 2019

HPV (Human papillomavirus) ဗိုင်းရပ်စပ်ကို လူတိုင်းကြားဖူးကြမှာပါ။ သားအိမ်ခေါင်းကင်ဆာနဲ့ ကြွက်နို့တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စပ်ပိုးတစ်မျိုးဖြစြ်ပီး လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ဒါပေမယ့် ဒီ ဗိုင်းရပ်ပိုးကိုယ်ထဲမှာ ရှိနေတိုင်း သားအိမ်ခေါင်းကင်ဆာတွေ ကြွက်နို့တွေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဗိုင်းရပ်စပ်ပိုးမှာ မျိုးစိတ်ကွဲတွေအများကြီးရှိလို့ပါ။

မျိုးစိတ်ကွဲမတူတဲ့အပေါ်လိုက်ပြီး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒီတော့ မျိုးစိတ်ကွဲ ၁၀၀ ကျော်ရှိတဲ့အထိကမှ အရေးကြီးတဲ့ လူတိုင်းသိထားသင့်တဲ့ HPV ဗိုင်းရပ်စပ်မျိုးစိတ်ကွဲတွေ အကြောင်း ပြောပြပေးတော့မှာပါ။

လူတိုင်းသိထားသင့်တဲ့ အရေးကြီး HPV ဗိုင်းရပ်စ် မျိုးစိတ်ကွဲ များ ။။

HPV ဗိုင်းရပ်စ်မျိုးစိတ်တွေထဲမှ တစ်ချို့ဆိုကုသမှု ခံယူဖို့မလိုဘဲ ခုခံအားက တိုက်ထုတ်ပေးသွားမှာဖြစ်ပြီး တစ်ချို့ မျိုးစိတ်တွေကျတော့ ကုသမှု မခံယူရင် ကင်ဆာ ရောဂါဖြစ်သွားစေတဲ့အထိတောင် ဆိုးပါတယ်။ နာမည်ကြီး မျိုးစိတ်တွေကတော့

HPV 6 နဲ႕ HPV 11

HPV 6 နဲ့ HPV 11ကို Low-risk သိပ်ကြီး စိုးရိမ်စရာ မရှိတဲ့ HPV မျိုးစိတ်ကွဲ အဖြစ်သတ်မှတ်ထားပါတယ်။ လိင္အဂါၤ ၾကြက္ႏုိ့ကို အဓိက ဖြစ်စေတဲ့ HPV မျိုးစိတ်နှစ်ခုပါ။ လိင်အဂါင်္ကြွက်နို့ရှိတဲ့သူတစ်ယောက်နဲ့ လိင်ဆက်ဆံမိရင် ကူးစက်လာနိုင်တဲ ့လိင္ဆက္ဆံရာက ကူးစက်တဲ့ပြဿနာတစ်ခုပါ။

ဒီ HPV 6 နဲ့ HPV 11ကို ံHPV ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ၈၉ ကနေ ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးက ကာကွယ်နိုင်မှာဖြစ်ပြီး အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ထိုးထားဖို့လိုအပ်ပါတယ်။ ကာကွယ်ဆေးတို့ထုံးစံအတိုင် းရောဂါမဖြစ်ခင် ကြိုထိုးထားမှ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ရောဂါရှိပြီးသားဖြစ်နေရင်တော့ကာကွယ်ဆေး မထိုးသင့်တော့ပါဘူး။

HPV 6 နဲ့ HPV 11 ကြောင့် လိင္အဂါၤ ၾကြက္ႏို့တွေ ပေါက်နေပြီသားဆိုရင်တော့ ဆေးလိမ်းဖို့လိုပါတယ်။ အနာပေါ်တိုက်ရိုက်ဆေးလိမ်းမိဖိုတော့ လိုပါလိမ့်မယ်။

HPV 16 နဲ႕ HPV 18

HPV 16 နဲ့ HPV 18 ကိုတော့ High-risk ( အန္တရယ်ရှိ) HPV အဖြစ်သတ်မှတ်ထားပါတယ်။ ထူးထူးခြားခြား လက္ခဏာတွေ မပြဘဲနဲ့ သားအိမ်ခေါင်းကို ပြောင်းလဲမှုတွေ ဖြစ်စေပြီး သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတဲ့ HPV မျိုးစိတ်တွေပါ။ တစ်မျိုးချင်းစီဆို သားအိမ်ခေါင်းကင်ဆာကို ၅၀ ရာခိုင်နှုန်းဆီ ဖြစ်စေတတ်ပြီး 16 ရော 18 ရော နှစ်မျိုးလုံးရှိနေရင်တော့ သားအိမ်ခေါင်းကင်ဆာြဖစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းအထိ တိုးသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မပူပါနဲ။ ဒီ HPV 16 ရော HPV 18 ရောက ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်ထားလို့ ရတဲအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ကြိုထိုးထားလိုက်ရင် စိတ်ပူစရာ မလိုတော့ပါဘူး။

ကိုယ်ထဲမှာ ဒီ HPV ဗိုင်းရပ်စ်ပိုးတွေရှိနေကြောင်း ဘယ်လို သိမလဲ ။ ။

HPV ဗိုင်းရ်ပပိုး ကိုယ်တွင်းမှာ ရှိမရှိ အဓိကပြောပြနို်င်တဲ့ စစ်ဆေးခြင်းကတော့ Pap test  (Pap smear ) လို့ခေါ်တဲ့သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးတဲ့နည်းပဲ ဖြစ်ပါတယ်။

  • ဒီနည်းနဲ့ ကိုယ့်ဆီမှာရှိတဲ့ ဗိုင်းရပ်မျိုးစိတ်က low risk လား High risk လားဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
  • ဒါပေမယ့် Pap smear က အမျိုးသမီးတွေကိုပဲ စစ်ဆေးလို့ရပါတယ်။
  • Pap test က ပုံမှန်မဟုတ်ဘူးပြလာတယ်ဆိုမှ HPV test ကို ထပ်စစ်ဆေးမှာ ဖြစ်ပါတယ်။
  • HPV test နဲ့ စစ်ဆေးကြည့်လိုက်လို့ HPV ဗိုင်းရပ်စပ်ပိုးရှိနေတယ်ဆိုတာပြရင် တန်းပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်နေပြီလို့ မထင်လိုက်ပါနဲ့။ မျိုးစိတ်ကွဲတွေ ရှိသေးတယ်ဆိုတာကို သတိရပါ။
  • HPV 16 နဲ့ 18 ရှိနေရင်တော့ သားအိမ်ခေါင်းကင်ဆာ ရှိနေပြီလို့ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျ သားအိမ်ခေါင်းကင်ဆာ ဖြစ်နို်င်ချေ အခြားသူတွေထက်တော့ ပိုများပါလိမ့်မယ်။

HPV ကာကွယ်ဆေး

မဖြစ်ခင်တည်းက ကြိုတင် ကာကွယ်တာ အကောင်းဆုံးဖြစ်တာကြောင့် အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဆေးထိုးပြီး အမျိုးသမီးတိုင်း ကာကွယ်ဖို့လိုပါတယ်၊

  • အသက် ၉ နှစ်ကနေ ၁၄ နှစ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၂ ကြိမ်ထိုးရပြီး တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ၆ လကနေ ၁၂ လလောက်ထိ ခြားတတ်ပါတယ်။
  • အသက် ၁၅ နှစ်ထက်ကျော်သွားပြီဆိုရင်တော့ ကာကွယ်ဆေးကို ၆ လအတွင်းမှာတင် ၃ ကြိမ်ခွဲထိုးရပါလိမ့်မယ်။
  • အသက် ၂၇ ကနေ ၄၅ ရောက်နေပြီး တစ်ခါမှလည်း ကာကွယ်ဆေးမထိုးထားဘူးဆိုရငတော Pap smear ယူ၊ HPV ဗိုင်းရပ်စပ်မရှိဘူးဆိုမှ ကာကွယ်ဆေး ထိုးသင့်ပါတယ်။
  • ကာကွယ်ဆေးထိုးတဲ့အချိန် ကိုယ်ထိုးတဲ့ကာကွယ်ဆေးက ဘယ်မျိုးစိတ်ကို အဓိက ကာကွယ်ပေးတာလဲဆိုတာကို ဆရာဝန်ကိ ုတစ်ခါတည်းမေးခဲ့ဖို့လည်း သတိရပါတယ်။

ဒီ HPV ဗိုင်းရပ်ဟာ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့ရောဂါပိုးတစ်ခုပါ။ လက္ခဏာလည်း သိသိသာသာမပြတာကြောင့် ကိုယ့်မှာ ရှိနေမှန်း မသိဖြစ်နေတတ်ကြပြီး နောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့အထိ ဆိုးရွားသွားတာကြောင့် အမျိုးသမီးတိုင်း အသက် ၂၁ ကနေ အသက် ၆၅ မတိုင်ခင် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုတွေ တစ်နှစ်တစ်ကြိမ်လောက် မှန်မှန်လုပ်ပါ။ ကာကွယ်ဆေးထိုးပါ ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version

သိထားသင့္တဲ့ HPV ဗုိင္းရပ္စ္ရဲ႕ အႏၱရာယ္ရွိ မ်ိဳးစိတ္ကြဲေတြ

HPV (Human papillomavirus) ဗုိင္းရပ္စပ္ကို လူတုိင္းၾကားဖူးၾကမွာပါ။ သားအိမ္ေခါင္းကင္ဆာနဲ႔ ၾကြက္ႏို႕ေတြကိုျဖစ္ေစတဲ့ ဗုိင္းရပ္စပ္ပိုးတစ္မ်ိဳးျဖစျ္ပီး လူတစ္ေယာက္ကေန အျခားတစ္ေယာက္ဆီကို ကူးစက္တတ္တဲ့ ေရာဂါပိုးတစ္မိ်ဳးပါ။ ဒါေပမယ့္ ဒီ ဗုိင္းရပ္ပိုးကုိယ္ထဲမွာ ရွိေနတုိင္း သားအိမ္ေခါင္းကင္ဆာေတြ ၾကြက္ႏို႕ေတြ ျဖစ္ရမယ္လို႕ မဆိုလိုပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီ ဗုိင္းရပ္စပ္ပိုးမွာ မ်ိဳးစိတ္ကြဲေတြအမ်ားၾကီးရွိလို႕ပါ။ မ်ိဳးစိတ္ကြဲမတူတဲ့အေပၚလိုက္ျပီး ျဖစ္တဲ့ က်န္းမာေရးျပႆနာေတြလည္း ကြာျခားသြားမွာ ျဖစ္ပါတယ္။ ဒီေတာ့ မိ်ဳးစိတ္ကြဲ ၁၀၀ ေက်ာ္ရွိတဲ့အထိကမွ အေရးၾကီးတဲ့ လူတုိင္းသိထားသင့္တဲ့ HPV ဗုိင္းရပ္စပ္မ်ိဳးစိတ္ကြဲေတြ အေၾကာင္း ေျပာျပေပးေတာ့မွာပါ။

လူတုိင္းသိထားသင့္တဲ့ အေရးၾကီး HPV ဗုိင္းရပ္စ္ မ်ိဳးစိတ္ကြဲ မ်ား ။။

HPV ဗုိင္းရပ္စ္မ်ိဳးစိတ္ေတြထဲမွ တစ္ခ်ိဳ႕ဆိုကုသမႈ ခံယူဖို႕မလိုဘဲ ခုခံအားက တုိက္ထုတ္ေပးသြားမွာျဖစ္ျပီး တစ္ခ်ိဳ႕ မ်ိဳးစိတ္ေတြက်ေတာ့ ကုသမႈ မခံယူရင္ ကင္ဆာ ေရာဂါျဖစ္သြားေစတဲ့အထိေတာင္ ဆိုးပါတယ္။ နာမည္ၾကီး မ်ိဳးစိတ္ေတြကေတာ့

HPV 6 နဲ႕ HPV 11

HPV 6 နဲ႕ HPV 11ကို Low-risk သိပ္ၾကီး စိုးရိမ္စရာ မရွိတဲ့ HPV မိ်ဳးစိတ္ကြဲ အျဖစ္သတ္မွတ္ထားပါတယ္။ လိင္အဂါၤ ၾကြက္ႏုိ႕ကို အဓိက ျဖစ္ေစတဲ့ HPV မ်ိဳးစိတ္ႏွစ္ခုပါ။ လိင္အဂါၤၾကြက္ႏုိ႕ရွိတဲ့သူတစ္ေယာက္နဲ႔ လိင္ဆက္ဆံမိရင္ ကူးစက္လာႏုိင္တဲ ့လိင္ဆက္ဆံရာက ကူးစက္တဲ ့ျပႆနာတစ္ခုပါ။ ဒီ HPV 6 နဲ႕ HPV 11ကို ံHPV ကာကြယ္ေဆးထိုးျပီး ကာကြယ္လို႔ရပါတယ္။ ၈၉ ကေန ၉၉ ရာခိုင္ႏႈန္းအထိ ကာကြယ္ေဆးက ကာကြယ္ႏုိ္င္မွာျဖစ္ျပီး အသက္ ၉ ႏွစ္ကေန ၂၆ ႏွစ္အတြင္း ထိုးထားဖို႕လိုအပ္ပါတယ္။ ကာကြယ္ေဆးတို႕ထံုးစံအတိုင္ းေရာဂါမျဖစ္ခင္ ၾကိဳထိုးထားမွ ကာကြယ္ေပးႏုိင္မွာျဖစ္ျပီး ေရာဂါရွိျပီးသားျဖစ္ေနရင္ေတာ ့ကာကြယ္ေဆး မထိုးသင့္ေတာ့ပါဘူး။ HPV 6 နဲ႕ HPV 11 ေၾကာင့္ လိင္အဂါၤ ၾကြက္ႏို႕ေတြ ေပါက္ေနျပီသားဆုိရင္ေတာ့ ေဆးလိမ္းဖို႕လိုပါတယ္။ အနာေပၚတုိက္ရုိက္ေဆးလိမ္းမိဖိုေတာ့ လိုပါလိ္မ့္မယ္။

HPV 16 နဲ႕ HPV 18

HPV 16 နဲ႔ HPV 18 ကိုေတာ့ High-risk ( အႏၱရယ္ရွိ) HPV အျဖစ္သတ္မွတ္ထားပါတယ္။ ထူးထူးျခားျခား လကၡဏာေတြ မျပဘဲနဲ႔ သားအိမ္ေခါင္းကို ေျပာင္းလဲမႈေတြ ျဖစ္ေစျပီး သားအိမ္ေခါင္းကင္ဆာကို အဓိကျဖစ္ေစတဲ့ HPV မ်ိဳးစိတ္ေတြပါ။ တစ္မိ်ဳးခ်င္းစီဆုိ သားအိမ္ေခါင္းကင္ဆာကို ၅၀ ရာခိုင္ႏႈန္းဆီ ျဖစ္ေစတတ္ျပီး 16 ေရာ 18 ေရာ ႏွစ္မ်ိဳးလံုးရွိေနရင္ေတာ့ သားအိမ္ေခါင္းကင္ဆာျဖစ္ႏုိ္င္ေခ် ၇၀ ရာခိုင္ႏႈန္းအထိ တုိးသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ မပူပါနဲ။ ဒီ HPV 16 ေရာ HPV 18 ေရာက ကာကြယ္ေဆးနဲ႔ ၾကိဳတင္ကာကြယ္ထားလို႕ ရတဲအတြက္ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး ၾကိဳထိုးထားလိုက္ရင္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

ကိုယ္ထဲမွာ ဒီ HPV ဗုိင္းရပ္စ္ပိုးေတြရွိေနေၾကာင္း ဘယ္လို သိမလဲ ။ ။

HPV ဗုိင္းရ္ပပိုး ကုိယ္တြင္းမွာ ရွိမရွိ အဓိကေျပာျပႏုိ္္င္တဲ့ စစ္ေဆးျခင္းကေတာ့ Pap test  (Pap smear ) လို႕ေခၚတဲ ့သားအိမ္ေခါင္း အခၽြဲေျမွးစစ္ေဆးတဲ့နည္းပဲ ျဖစ္ပါတယ္။
  • ဒီနည္းနဲ႔ ကိုယ့္ဆီမွာရွိတဲ့ ဗုိင္းရပ္မ်ိဳးစိတ္က low risk လား High risk လားဆိုတာ ခြဲျခားႏုိင္မွာျဖစ္ပါတယ္။
  • ဒါေပမယ့္ Pap smear က အမ်ိဳးသမီးေတြကိုပဲ စစ္ေဆးလို႔ရပါတယ္။
  • Pap test က ပံုမွန္မဟုတ္ဘူးျပလာတယ္ဆိုမွ HPV test ကို ထပ္စစ္ေဆးမွာ ျဖစ္ပါတယ္။
  • HPV test နဲ႔ စစ္ေဆးၾကည့္လုိက္လို႔ HPV ဗုိင္းရပ္စပ္ပိုးရွိေနတယ္ဆိုတာျပရင္ တန္းျပီး သားအိမ္ေခါင္းကင္ဆာ ျဖစ္ေနျပီလို႕ မထင္လိုက္ပါနဲ႔။ မ်ိဳးစိတ္ကြဲေတြ ရွိေသးတယ္ဆိုတာကို သတိရပါ။
  • HPV 16 နဲ႕ 18 ရွိေနရင္ေတာ့ သားအိမ္ေခါင္းကင္ဆာ ရွိေနျပီလို႔ ေျပာလို႕ မရေသးပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းက် သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏုိ္္င္ေခ် အျခားသူေတြထက္ေတာ ့ ပိုမ်ားပါလိ္မ့္မယ္။

HPV ကာကြယ္ေဆး

မျဖစ္ခင္တည္းက ၾကိဳတင္ ကာကြယ္တာ အေကာင္းဆံုးျဖစ္တာေၾကာင့္ အျဖစ္မ်ားတဲ့ သားအိမ္ေခါင္းကင္ဆာကို ကာကြယ္ေဆးထုိးျပီး အမ်ိဳးသမီးတုိ္င္း ကာကြယ္ဖို႕လိုပါတယ္၊
  • အသက္ ၉ ႏွစ္ကေန ၁၄ ႏွစ္ဆိုရင္ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး ၂ ၾကိမ္ထိုးရျပီး တစ္ၾကိမ္နဲ႔တစ္ၾကိမ္ၾကား ၆ လကေန ၁၂ လေလာက္ထိ ျခားတတ္ပါတယ္။
  • အသက္ ၁၅ ႏွစ္ထက္ေက်ာ္သြားျပီဆုိရင္ေတာ့ ကာကြယ္ေဆးကို ၆ လအတြင္းမွာတင္ ၃ ၾကိမ္ခြဲထိုးရပါလိမ့္မယ္။
  • အသက္ ၂၇ ကေန ၄၅ ေရာက္ေနျပီး တစ္ခါမွလည္း ကာကြယ္ေဆးမထိုးထားဘူးဆိုရငေတာ Pap smear ယူ၊ HPV ဗိုင္းရပ္စပ္မရွိဘူးဆိုမွ ကာကြယ္ေဆး ထိုးသင့္ပါတယ္။
  • ကာကြယ္ေဆးထုိးတဲ့အခ်ိန္ ကိုယ္ထိုးတဲ့ကာကြယ္ေဆးက ဘယ္မ်ိဳးစိတ္ကို အဓိက ကာကြယ္ေပးတာလဲဆိုတာကို ဆရာဝန္ကိ ုတစ္ခါတည္းေမးခဲ့ဖို႕လည္း သတိရပါတယ္။
ဒီ HPV ဗုိင္းရပ္ဟာ ကူးစက္တတ္တဲ့ ေရာဂါတစ္ခုျဖစ္ျပီး ျဖစ္တဲ့သူလည္း မရွားတဲ့ေရာဂါပိုးတစ္ခုပါ။ လကၡဏာလည္း သိသိသာသာမျပတာေၾကာင့္ ကိုယ့္မွာ ရွိေနမွန္း မသိျဖစ္ေနတတ္ၾကျပီး ေနာက္ဆံုး သားအိမ္ေခါင္းကင္ဆာ ျဖစ္ေစတဲ့အထိ ဆိုးရြားသြားတာေၾကာင့္ အမ်ိဳးသမီးတို္င္း အသက္ ၂၁ ကေန အသက္ ၆၅ မတုိင္ခင္ သားအိမ္ေခါင္းကင္ဆာ စစ္ေဆးမႈေတြ တစ္ႏွစ္တစ္ၾကိမ္ေလာက္ မွန္မွန္လုပ္ပါ။ ကာကြယ္ေဆးထိုးပါ ။ ။ ေရးသားသူ Dr. Thin Yadanar @ Frances ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024