မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား လေကြောင်းမှရိုက်ထားသည့် ဗွီဒီယိုဖိုင်ထွက်ပေါ်

မာရက်ဆိပ်ကမ်းတလျှောက်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို လေကြောင်းကနေတဆင့် ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာ မြင်တွေ့ခဲ့ရပါတယ်။  ဒီဆိပ်ကမ်းဟာ ဘဟားမားစ်နိုင်ငံကို အဆင့်ငါးရှိတဲ့ ဒိုရီယမ်ဟာရီကိန်း မုန်တိုင်းဝင်ရောက်ခဲ့တုန်းက မုန်တိုင်းနဲ့ ပထမဆုံးထိတွေ့ခဲ့တဲ့ နေရာလဲဖြစ်ပါတယ်။  ဗွီဒီယိုဖိုင်းအရ ဘဟားမားစ်ရဲ့ ဂရိတ်အာဘာကို ကျွန်းတလျှောက် ရေကြီးနစ်မြုပ်နေတာတွေ၊ အဆောက်အဦတွေ ပျက်စီးနေတာနဲ့ လှေတွေ ပက်လက်လန်ပြီး ကုန်တင်သင်္ဘောတွေ တစစီပြန့်ကျဲနေတာကို မြင်တွေ့ရပါတယ်။  ဒိုရီယမ်ဟာရီကိန်းမုန်တိုင်းဟာ ဘဟားမားနိုင်ငံ ကိုဝင်ရောက်ခဲ့ဖူးသမျှ အင်အားအပြင်းထန်ဆုံး မုန်တိုင်းတွေထဲကတခုဖြစ်ပြီး မုန်တိုင်းကြောင့် ဘဟားမားစ်နိုင်ငံ တဝန်းလုံး ပျက်စီးဆုံးရူံးမှုတွေ ပေါ်ပေါက်ခဲ့ပြီး အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ရပါတယ်။ ================================= မုန္တိုင္းေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားအား ေလေၾကာင္းမွ႐ိုက္ထားသည့္ ဗြီဒီယိုဖိုင္ထြက္ေပၚ DVB မာရက္ဆိပ္ကမ္းတေလွ်ာက္ႀကီးမားတဲ့ ပ်က္စီးဆုံးရႈံးမႈေတြကို ေလေၾကာင္းကေနတဆင့္ ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္တခုမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဆိပ္ကမ္းဟာ ဘဟားမားစ္ႏိုင္ငံကို အဆင့္ငါးရွိတဲ့ ဒိုရီယမ္ဟာရီကိန္း မုန္တိုင္းဝင္ေရာက္ခဲ့တုန္းက မုန္တိုင္းနဲ႔ ပထမဆုံးထိေတြ႕ခဲ့တဲ့ ေနရာလဲျဖစ္ပါတယ္။ ဗြီဒီယိုဖိုင္းအရ ဘဟားမားစ္ရဲ႕ ဂရိတ္အာဘာကို ကြၽန္းတေလွ်ာက္ ေရႀကီးနစ္ျမဳပ္ေနတာေတြ၊ အေဆာက္အဦေတြ ပ်က္စီးေနတာနဲ႔ ေလွေတြ ပက္လက္လန္ၿပီး ကုန္တင္သေဘၤာေတြ တစစီျပန႔္က်ဲေနတာကို ျမင္ေတြ႕ရပါတယ္။ ဒိုရီယမ္ဟာရီကိန္းမုန္တိုင္းဟာ ဘဟားမားႏိုင္ငံ ကိုဝင္ေရာက္ခဲ့ဖူးသမွ် အင္အားအျပင္းထန္ဆုံး မုန္တိုင္းေတြထဲကတခုျဖစ္ၿပီး မုန္တိုင္းေၾကာင့္ ဘဟားမားစ္ႏိုင္ငံ တဝန္းလုံး ပ်က္စီးဆုံး႐ူံးမႈေတြ ေပၚေပါက္ခဲ့ၿပီး အနည္းဆုံးလူ ၅ ဦးေသဆုံးခဲ့ရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up