A d v e r t i s e m e n t With Us

စပိန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၆ ဦးရှိပြီ

စပိန်နိုင်ငံမှာ လတ်တလော ရေကြီးမှုတွေကြောင့် စက်တင်ဘာ ၁၅ ရက်ထိ သေဆုံးသူဦးရေ ၆ယောက် ရှိသွားပြီလို့ စီဘီအက်စ် သတင်းဌာနက အစီရင်ခံပါတယ်။  အလီကန်တေ ပြည်နယ်အတွင်း ၂ ရက်ဆက်တိုက် မိုးကြီးလို့ ရေလွှမ်းပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။  လမ်းတွေထဲ ရေလျှံနေပြီး ကားတွေလည်းမျောပါ စုပုံနေတာပါ။ ရေကြီးအပြီး ပိန်ချိုင့်နေတဲ့ ကားတွေအများအပြား မှောက်ကုန်ကြတယ်လို့ ကားရောင်းဝယ်ရေးသမားတယောက်က ပြောပါတယ်။  စေဂူရာ မြစ်ရေလျှံလို့ ပတ်ဝန်းကျင်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကုန်တယ်လို့ ဒေသန္တရ ရဲတွေက ပြောပါတယ်။  စပိန်ဝန်ကြီးချုပ် ပေဒရိုစန်ချဲ့ဇ်ကလည်း မြို့ကို စနေနေ့က ရဟတ်ယာဉ်နဲ့ လှည့်ပတ်ကြည့်ရှု ခဲ့ပြီး ရေဘေးသင့် မိသားစုတွေကို စာနာကြောင်း ပြောခဲ့ပါတယ်။ ============================ စပိန္တြင္ ေရႀကီးမႈေၾကာင့္ ေသဆုံးသူ ၆ ဦးရွိၿပီ DVB စပိန္ႏိုင္ငံမွာ လတ္တေလာ ေရႀကီးမႈေတြေၾကာင့္ စက္တင္ဘာ ၁၅ ရက္ထိ ေသဆုံးသူဦးေရ ၆ေယာက္ ရွိသြားၿပီလို႔ စီဘီအက္စ္ သတင္းဌာနက အစီရင္ခံပါတယ္။ အလီကန္ေတ ျပည္နယ္အတြင္း ၂ ရက္ဆက္တိုက္ မိုးႀကီးလို႔ ေရလႊမ္းၿပီး ဆိုးဆိုး႐ြား႐ြား ပ်က္စီးခဲ့ပါတယ္။ လမ္းေတြထဲ ေရလွ်ံေနၿပီး ကားေတြလည္းေမ်ာပါ စုပုံေနတာပါ။ ေရႀကီးအၿပီး ပိန္ခ်ိဳင့္ေနတဲ့ ကားေတြအမ်ားအျပား ေမွာက္ကုန္ၾကတယ္လို႔ ကားေရာင္းဝယ္ေရးသမားတေယာက္က ေျပာပါတယ္။ ေစဂူရာ ျမစ္ေရလွ်ံလို႔ ပတ္ဝန္းက်င္ေဒသေတြမွာ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ကုန္တယ္လို႔ ေဒသႏၲရ ရဲေတြက ေျပာပါတယ္။ စပိန္ဝန္ႀကီးခ်ဳပ္ ေပဒ႐ိုစန္ခ်ဲ႕ဇ္ကလည္း ၿမိဳ႕ကို စေနေန႔က ရဟတ္ယာဥ္နဲ႔ လွည့္ပတ္ၾကည့္ရႈ ခဲ့ၿပီး ေရေဘးသင့္ မိသားစုေတြကို စာနာေၾကာင္း ေျပာခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up