Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး အောက်တိုဘာ ၁ ရက်နေ့ စတင်မည်
သူဇာလင်း
·
September 15, 2019
ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ပြုပြင်တော့မှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ့မီးရထားက ပြောပါတယ်။ မီးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကိုတော့ အဆင့် ၃ ဆင့် ခွဲခြားပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ကုန်-တောင်ငူအပိုင်းကို အရင်ဆုံး လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။  ရထားလမ်း အဆင့်မြှင့်တင်တဲ့ စီမံကိန်းမြှင့်တင်တဲ့လမ်း ဆောင်ရွက်ပြီးသွားရင် ရန်ကုန်-မန္တလေး ရထား ခရီးသွားကြာချိန်က ၈ နာရီသာ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်က ၁၄ နာရီကနေ ၁၇ နာရီထိ အချိန်ကြာမြင့်တာလည်း ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးက ခရီးစဉ် အကွာအဝေးကတော့ မိုင်ပေါင်း ၃၈၅ မိုင် ကွာဝေးပြီး ဘူတာပေါင်း ၉၆ ဘူတာ ရှိပါတယ်။ ဒါ့အပြင် တောင်ငူဘူတာ၊ ဖြူးဘူတာကို အသစ် ပြန်လည်တည်ဆောက်မှာဖြစ်ပြီး ရှေးဟောင်းလက်ရာတွေရှိတဲ့ ညောင်လေးပင်ဘူတာကိုတော့ အဆင့်မြှင့် ပြန်လည်ပြုပြင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းတလျှောက်မှာရှိတဲ့ တံတားတွေကို အသစ်တည်ဆောက်တာတွေနဲ့ ပြန်လည်ပြုပြင်တာတွေပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံ JICA ရဲ့ အကူအညီယူပြီး တည်ဆောက်မယ့် ရထားလမ်း ပြီးစီးသွားရင်တော့ ရထားလက်မှတ်တွေကိုလည်း အွန်လိုင်းကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကာလကို ၃ နှစ်အကြာ ဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ကုန်ကျမှာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရန္ကုန္-မႏၲေလး မီးရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေရး ေအာက္တိုဘာ ၁ ရက္ေန႔ စတင္မည္ ရန္ကုန္-မႏၲေလး မီးရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းကို လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔ကစၿပီး ျပဳျပင္ေတာ့မွာ ျဖစ္တယ္လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက ျမန္မာ့မီးရထားက ေျပာပါတယ္။ မီးရထားလမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းကိုေတာ့ အဆင့္ ၃ ဆင့္ ခြဲျခားၿပီး လုပ္ေဆာင္သြားမွာျဖစ္ၿပီး ရန္ကုန္-ေတာင္ငူအပိုင္းကို အရင္ဆုံး လုပ္ေဆာင္သြားမယ္လို႔ စက္တင္ဘာလ ၁၅ ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။ ရထားလမ္း အဆင့္ျမႇင့္တင္တဲ့ စီမံကိန္းျမႇင့္တင္တဲ့လမ္း ေဆာင္႐ြက္ၿပီးသြားရင္ ရန္ကုန္-မႏၲေလး ရထား ခရီးသြားၾကာခ်ိန္က ၈ နာရီသာ အခ်ိန္ၾကာျမင့္မွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ရန္ကုန္-မႏၲေလး ရထားခရီးစဥ္က ၁၄ နာရီကေန ၁၇ နာရီထိ အခ်ိန္ၾကာျမင့္တာလည္း ျဖစ္ပါတယ္။ ရန္ကုန္-မႏၲေလးက ခရီးစဥ္ အကြာအေဝးကေတာ့ မိုင္ေပါင္း ၃၈၅ မိုင္ ကြာေဝးၿပီး ဘူတာေပါင္း ၉၆ ဘူတာ ရွိပါတယ္။ ဒါ့အျပင္ ေတာင္ငူဘူတာ၊ ျဖဴးဘူတာကို အသစ္ ျပန္လည္တည္ေဆာက္မွာျဖစ္ၿပီး ေရွးေဟာင္းလက္ရာေတြရွိတဲ့ ေညာင္ေလးပင္ဘူတာကိုေတာ့ အဆင့္ျမႇင့္ ျပန္လည္ျပဳျပင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လမ္းတေလွ်ာက္မွာရွိတဲ့ တံတားေတြကို အသစ္တည္ေဆာက္တာေတြနဲ႔ ျပန္လည္ျပဳျပင္တာေတြပါ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံ JICA ရဲ႕ အကူအညီယူၿပီး တည္ေဆာက္မယ့္ ရထားလမ္း ၿပီးစီးသြားရင္ေတာ့ ရထားလက္မွတ္ေတြကိုလည္း အြန္လိုင္းကေန ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ရထားလမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းကာလကို ၃ ႏွစ္အၾကာ ေဆာင္႐ြက္မွာျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း ၂ ေထာင္ ကုန္က်မွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024