A d v e r t i s e m e n t With Us

ပရိသတ်ဝေဖန်မှုများ အသံတိတ်စေခဲ့သည့် နေမာ၏ နောက်ပြန်ကန်ချက်(ရုပ်သံ)

အသင်းဟောင်း ဘာစီလိုနာအသင်းကိုပြန်ဖို့ ပြီးခဲ့တဲ့ ကာလတခုလုံး အသည်းအသန် ကြိုးပမ်းခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို အခုတစ်ပတ် စတရက်စ်ဘော့ဂ်အသင်းနဲ့ ပွဲမှာတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ ဘောလုံးကွင်းထဲမှာ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ နေမာဟာ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့် ကစားသွားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်ထိပြုလုပ်ခဲ့ပါတယ်။ နေမာကို အရင်လိုပုံစံမျိုးနဲ့ မြင်တွေ့ရခြင်းမရှိဘဲ နိုင်ပွဲဆာလောင်နေတဲ့ တိုက်စစ်မှူးတဦးပုံစံ ပရော်ဖက်ရှင်ပီသမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ နေမာစွမ်းဆောင်ပြခဲ့တဲ့ အဓိကအချက်ကတော့ တဖက်နဲ့ တဖက်ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်နေချိန် အချိန်ပို ၂ မိနစ်မှာတောင်ပံက ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို တဦးတည်း လွတ်လွတ်လပ်လပ် နောက်ပြန်ကန်ချက်နဲ့ လှလှပပအဆုံးသတ်ခဲ့ပြီး သူ့ကို ပြစ်တင်ရှုတ်ချနေခဲ့တဲ့ ပရိသတ်တွေကို အသံတိတ်စေခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ်ကဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ပြင်သစ်မြေမှာ မပျော်ရွှင်တော့တာကြောင့် ကတ်တာလန်မြေကို ပြန်နိုင်ဖို့ စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ======================= ပရိသတ္ေဝဖန္မႈမ်ား အသံတိတ္ေစခဲ့သည့္ ေနမာ၏ ေနာက္ျပန္ကန္ခ်က္(႐ုပ္သံ) DVB အသင္းေဟာင္း ဘာစီလိုနာအသင္းကိုျပန္ဖို႔ ၿပီးခဲ့တဲ့ ကာလတခုလုံး အသည္းအသန္ ႀကိဳးပမ္းခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးေနမာကို အခုတစ္ပတ္ စတရက္စ္ေဘာ့ဂ္အသင္းနဲ႔ ပြဲမွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ေဘာလုံးကြင္းထဲမွာ ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။ ေနမာဟာ ပြဲထြက္ကစားသမားအျဖစ္ ပြဲခ်ိန္ျပည့္ ကစားသြားခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၆ ႀကိမ္ထိျပဳလုပ္ခဲ့ပါတယ္။ ေနမာကို အရင္လိုပုံစံမ်ိဳးနဲ႔ ျမင္ေတြ႕ရျခင္းမရွိဘဲ ႏိုင္ပြဲဆာေလာင္ေနတဲ့ တိုက္စစ္မႉးတဦးပုံစံ ပေရာ္ဖက္ရွင္ပီသမႈကိုလည္း ျပသႏိုင္ခဲ့ပါတယ္။ေနမာစြမ္းေဆာင္ျပခဲ့တဲ့ အဓိကအခ်က္ကေတာ့ တဖက္နဲ႔ တဖက္ဂိုးမရွိသေရ ရလဒ္ထြက္ေပၚေနခ်ိန္ အခ်ိန္ပို ၂ မိနစ္မွာေတာင္ပံက ျဖတ္တင္ေပးပို႔တဲ့ ေဘာလုံးကို တဦးတည္း လြတ္လြတ္လပ္လပ္ ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပအဆုံးသတ္ခဲ့ၿပီး သူ႔ကို ျပစ္တင္ရႈတ္ခ်ေနခဲ့တဲ့ ပရိသတ္ေတြကို အသံတိတ္ေစခဲ့တာ ျဖစ္ပါတယ္။ ေနမာဟာ ၂၀၁၇ ခုႏွစ္ကဘာစီလိုနာအသင္းကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ ျပင္သစ္ေျမမွာ မေပ်ာ္႐ႊင္ေတာ့တာေၾကာင့္ ကတ္တာလန္ေျမကို ျပန္ႏိုင္ဖို႔ စိတ္အားထက္သန္ခဲ့သူ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up