Home
မြန်မာသတင်း
လာမည့် မွန်လွှတ်တော်တွင် ဥပဒေကြမ်း နှစ်ခုနှင့် အဆို၊မေးခွန်း ၅၀ တင်သွင်းမေးမြန်းမည်
DVB
·
September 15, 2019
ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်တခုလုံးမှာ သုံးစွဲမယ့် ဘတ်ဂျက်ဥပဒေနဲ့ ဒေသန္တရာစီမံကိန်းဆိုင်ရာ ဥပဒေ အတည်ပြုဖို့ ရှိနေတဲ့အပြင် အဆို ၁ ခုနဲ့ မေးခွန်း ၄၉ ခု တင်သွင်း မေးမြန်းသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက DVB ကို ပြောပါတယ်။ “အဆိုတခုနဲ့ မေးခွန်း ၄၉ ခုနဲ့ ရေးရာကော်မတီ အဖွဲ့ဝင် အပြောင်းအလဲ ဖြစ်တာတို့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်တာတို့၊ ဒီကိစ္စနဲ့ ဖွဲ့စည်းဖို့တော့ ရှိပါတယ်။ အစိုးရဘက်ကက အစီရင်ခံစာ ရှိတယ်။ စာရင်းစစ်ချုပ် အစီရင်ခံစာ တင်မယ်။” ဒါ့အပြင် အခုအစည်းအဝေးမှာ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခြောက်လတာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အစီရင်ခံစာနဲ့ ပြည်နယ်  စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာတွေကိုလည်း တင်သွားဖို့ ရှိနေတာပါ။ စက်တင်ဘာ ၁၉ ရက်နေ့ စတင် ကျင်းပမယ့် မွန်ပြည်နယ် လွှတ်တော်မှာတော့ သက်ဆိုင်ရာရေးရာ ကော်မတီတွေ သက်တမ်းတိုးခြင်း အပါအဝင် ကော်မတီအဖွဲ့ဝင်တွေ အပြောင်းအလဲ လုပ်သွားဖို့ ရှိနေတယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။ အခုအစည်းအဝေးကိုတော့ ၈ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး မေးမြန်းမှုအပေါ် မူတည်ပြီး ရက်ထပ်တိုးသွားဖို့ ရှိနေတာပါ။  ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ မေလက ကျင်းပထားတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version လာမည့္ မြန္လႊတ္ေတာ္တြင္ ဥပေဒၾကမ္း ႏွစ္ခုႏွင့္ အဆို၊ေမးခြန္း ၅၀ တင္သြင္းေမးျမန္းမည္ ဒုတိယအႀကိမ္ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ၁၄ ႀကိမ္ေျမာက္ လႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ မြန္ျပည္နယ္တခုလုံးမွာ သုံးစြဲမယ့္ ဘတ္ဂ်က္ဥပေဒနဲ႔ ေဒသႏၲရာစီမံကိန္းဆိုင္ရာ ဥပေဒ အတည္ျပဳဖို႔ ရွိေနတဲ့အျပင္ အဆို ၁ ခုနဲ႔ ေမးခြန္း ၄၉ ခု တင္သြင္း ေမးျမန္းသြားမယ္လို႔ မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိက DVB ကို ေျပာပါတယ္။ “အဆိုတခုနဲ႔ ေမးခြန္း ၄၉ ခုနဲ႔ ေရးရာေကာ္မတီ အဖြဲ႕ဝင္ အေျပာင္းအလဲ ျဖစ္တာတို႔၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ကြယ္လြန္တာတို႔၊ ဒီကိစၥနဲ႔ ဖြဲ႕စည္းဖို႔ေတာ့ ရွိပါတယ္။ အစိုးရဘက္ကက အစီရင္ခံစာ ရွိတယ္။ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ တင္မယ္။” ဒါ့အျပင္ အခုအစည္းအေဝးမွာ မြန္ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ေျခာက္လတာ ကာလအတြင္း ေဆာင္႐ြက္ခဲ့တဲ့ လုပ္ငန္းစဥ္ အစီရင္ခံစာနဲ႔ ျပည္နယ္  စာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာေတြကိုလည္း တင္သြားဖို႔ ရွိေနတာပါ။ စက္တင္ဘာ ၁၉ ရက္ေန႔ စတင္ က်င္းပမယ့္ မြန္ျပည္နယ္ လႊတ္ေတာ္မွာေတာ့ သက္ဆိုင္ရာေရးရာ ေကာ္မတီေတြ သက္တမ္းတိုးျခင္း အပါအဝင္ ေကာ္မတီအဖြဲ႕ဝင္ေတြ အေျပာင္းအလဲ လုပ္သြားဖို႔ ရွိေနတယ္လို႔ ဥကၠ႒က ေျပာပါတယ္။ အခုအစည္းအေဝးကိုေတာ့ ၈ ရက္ၾကာ က်င္းပသြားဖို႔ စီစဥ္ထားတာ ျဖစ္ၿပီး ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြး ေမးျမန္းမႈအေပၚ မူတည္ၿပီး ရက္ထပ္တိုးသြားဖို႔ ရွိေနတာပါ။ ဒုတိယအႀကိမ္ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကိုေတာ့ ၿပီးခဲ့တဲ့ ေမလက က်င္းပထားတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024