ရေးမြို့တွင် မူးယစ်ဆေးသုံးထားသူတဦးက ဓားဖြင့် လိုက်ခုတ်၊ အဘိုးအို ၁ ဦး သေဆုံး
DVB
·
September 15, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက အမျိုးသားတဦးက ဓားနဲ့ ခုတ်လို့ အဘိုးအို ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးသုံးထားတဲ့ အောင်တင်ဝင်း ဆိုသူက လက်ဖက်ရည်ဆိုင်တဆိုင်မှာ လက်ဖက်ရည် သောက်နေတဲ့ ဆိုင်ရှင် ဦးတယ် (၉၅-နှစ်)ရဲ့ လည်ကုပ်ကို ဓားနဲ့ခုတ်ပြီး ကျန်သူတွေကိုလည်း လိုက်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် အဆိုပါအမျိုးသားဟာ တခြားလက်ဖက်ရည်ဆိုင်မှ အီကြာကွေး ရောင်းတဲ့ အသက် ၇၀ အရွယ် အမျိုးသားကိုလည်း ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတဲ့ အမျိုးသားကို နာရီပိုင်းအတွင်း ရေးမြို့နယ် ပုပ္ပဝတီကျေးရွာ ကိုရင်လေးကျောင်းအနီးအနားမှာ ရဲတပ်ဖွဲ့မှူးနဲ့ အဖွဲ့ဝင်တွေက စိတ်ကြွဆေးပြား ၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ဓားခုတ်ခံရလို့ ဦးတယ်ကတော့ သေဆုံးသွားပြီး အီကြာကွေး ရောင်းတဲ့ အဘိုးအိုကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရေးမြို့မ ရဲစခန်းမှ အောင်တင်ဝင်းကို လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူထားပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်(ရေး)
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေရးၿမိဳ႕တြင္ မူးယစ္ေဆးသုံးထားသူတဦးက ဓားျဖင့္ လိုက္ခုတ္၊ အဘိုးအို ၁ ဦး ေသဆုံး
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာေက်း႐ြာမွာ စက္တင္ဘာ ၁၅ ရက္ မနက္ပိုင္းက အမ်ိဳးသားတဦးက ဓားနဲ႔ ခုတ္လို႔ အဘိုးအို ၁ ဦး ေသဆုံးၿပီး ၁ ဦး ဒဏ္ရာရသြားတယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲအရာရွိတဦးက ေျပာပါတယ္။
ျဖစ္စဥ္မွာ မူးယစ္ေဆးသုံးထားတဲ့ ေအာင္တင္ဝင္း ဆိုသူက လက္ဖက္ရည္ဆိုင္တဆိုင္မွာ လက္ဖက္ရည္ ေသာက္ေနတဲ့ ဆိုင္ရွင္ ဦးတယ္ (၉၅-ႏွစ္)ရဲ႕ လည္ကုပ္ကို ဓားနဲ႔ခုတ္ၿပီး က်န္သူေတြကိုလည္း လိုက္ခုတ္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒီေနာက္ အဆိုပါအမ်ိဳးသားဟာ တျခားလက္ဖက္ရည္ဆိုင္မွ အီၾကာေကြး ေရာင္းတဲ့ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားကိုလည္း ဓားနဲ႔ခုတ္ၿပီး ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္။
ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားတဲ့ အမ်ိဳးသားကို နာရီပိုင္းအတြင္း ေရးၿမိဳ႕နယ္ ပုပၸဝတီေက်း႐ြာ ကိုရင္ေလးေက်ာင္းအနီးအနားမွာ ရဲတပ္ဖြဲ႕မႉးနဲ႔ အဖြဲ႕ဝင္ေတြက စိတ္ႂကြေဆးျပား ၅ ျပားနဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ ရဲအရာရွိက ေျပာပါတယ္။
ဓားခုတ္ခံရလို႔ ဦးတယ္ကေတာ့ ေသဆုံးသြားၿပီး အီၾကာေကြး ေရာင္းတဲ့ အဘိုးအိုကေတာ့ ဒဏ္ရာရရွိခဲ့ပါတယ္။
ေရးၿမိဳ႕မ ရဲစခန္းမွ ေအာင္တင္ဝင္းကို လူသတ္မႈ၊ အျပင္းအထန္ နာက်င္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂/၃၂၆ တို႔နဲ႔ အမႈဖြင့္အေရးယူထားၿပီး အေသးစိတ္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ေနမ်ိဳးထြဋ္(ေရး)