ဆော်ဒီ ရေနံချက်စက်ရုံမီးလောင်မှုကို ထိန်းချုပ်နိုင်

ဆော်ဒီအာရေဗျနိုင်ငံ အဘ်ကွိုက်ခ်မြို့က အာရမ်ကို ရေနံချက်စက်ရုံမှာ လောင်နေတဲ့မီးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ အယ်လ်အာရေဗီးယား ရုပ်သံက စက်တင်ဘာ ၁၄ ရက် အစောပိုင်းမှာ ပြောပါတယ်။  စက်ရုံရဲ့ အစိတ်အပိုင်း အတော်များများ မီးလောင်နေတဲ့ ရုပ်သံကို ရိုက်တာ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။  မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ ရေနံချက်စက်ရုံက အသံတွေကြောင့် နိုးလာပြီး မီးလောင်နေတာ တွေ့လို့ ရုပ်သံရိုက်ကူးခဲ့တယ်။  ဗုံးကွဲသလို အသံတွေ တရစပ်ကြားနေရတယ်လို့ ရုပ်သံ ရိုက်ကူးပေးပို့သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  ဒီမြို့ဟာ ဆော်ဒီအရှေ့ပိုင်းပြည်နယ်ထဲမှာရှိပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက် စက်ရုံရှိရာ မြို့ပါ။ ပင်လယ်ကွေ့ကနေ တင်ပို့တဲ့ရေနံတွေ အားလုံးနီးပါး ဒီမြို့မှာ ချက်လုပ်ပါတယ်။  အယ်လ်အာရေးဗီးယား ရုပ်သံကတော့ အသေးစိတ် အချက်အလက်တွေကို မပြောသေးပေမယ့် ဆော်ဒီအာဏာပိုင်တွေက မီးနဲ့ပတ်သက်ပြီး မကြာခင် ကြေညာချက် ထုတ်မယ်လို့ ပြောပါတယ်။ ============================ ေဆာ္ဒီ ေရနံခ်က္စက္႐ုံမီးေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ DVB ေဆာ္ဒီအာေရဗ်ႏိုင္ငံ အဘ္ကြိဳက္ခ္ၿမိဳ႕က အာရမ္ကို ေရနံခ်က္စက္႐ုံမွာ ေလာင္ေနတဲ့မီးကို ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီလို႔ အယ္လ္အာေရဗီးယား ႐ုပ္သံက စက္တင္ဘာ ၁၄ ရက္ အေစာပိုင္းမွာ ေျပာပါတယ္။ စက္႐ုံရဲ႕ အစိတ္အပိုင္း အေတာ္မ်ားမ်ား မီးေလာင္ေနတဲ့ ႐ုပ္သံကို ႐ိုက္တာ သတင္းဌာနက ထုတ္လႊင့္ျပသခဲ့ပါတယ္။ မနက္ ၄ နာရီ ၁၅ မိနစ္ေလာက္မွာ ေရနံခ်က္စက္႐ုံက အသံေတြေၾကာင့္ ႏိုးလာၿပီး မီးေလာင္ေနတာ ေတြ႕လို႔ ႐ုပ္သံ႐ိုက္ကူးခဲ့တယ္။  ဗုံးကြဲသလို အသံေတြ တရစပ္ၾကားေနရတယ္လို႔ ႐ုပ္သံ ႐ိုက္ကူးေပးပို႔သူက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ဒီၿမိဳ႕ဟာ ေဆာ္ဒီအေရွ႕ပိုင္းျပည္နယ္ထဲမွာရွိၿပီး ကမာၻ႔အႀကီးဆုံး ေရနံခ်က္ စက္႐ုံရွိရာ ၿမိဳ႕ပါ။ ပင္လယ္ေကြ႕ကေန တင္ပို႔တဲ့ေရနံေတြ အားလုံးနီးပါး ဒီၿမိဳ႕မွာ ခ်က္လုပ္ပါတယ္။ အယ္လ္အာေရးဗီးယား ႐ုပ္သံကေတာ့ အေသးစိတ္ အခ်က္အလက္ေတြကို မေျပာေသးေပမယ့္ ေဆာ္ဒီအာဏာပိုင္ေတြက မီးနဲ႔ပတ္သက္ၿပီး မၾကာခင္ ေၾကညာခ်က္ ထုတ္မယ္လို႔ ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up