ဖိလစ်ပိုင်ဆီးဂိမ်းတွင် ESport ကစားနည်း ၂ မျိုးလုံးမှ အမြင့်ဆုံး ဆုတံဆိပ်များ မျှော်မှန်း

899
ဖိလစ်ပိုင်ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးပမ်းနေတဲ့ ESport ကစားနည်း နှစ်မျိုးစလုံးကနေ အမြင့်ဆုံးဆုတံဆိပ်တွေ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
လာမယ့်ဖိလစ်ပိုင်ဆီးဂိမ်းမှာ စတင်ထည့်သွင်းကျင်းပမယ့် Esport အားကစာနည်း ၆မျိုးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြိုင်ပွဲအမျိုးအစား နှစ်မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့သိရပါတယ်။
ကွန်ပြုတာ PC နဲ့ ကစားရတဲ့ DOTA2 ပြိုင်ပွဲအတွက် ကစားသမား ၅ ဦး ၊ မိုဘိုင်းလ်ဖုန်းနဲ့ ကစားရတဲ့ Mobile Legends ပြိုင်ပွဲအတွက် ကစားသမား ၅ ဦးကို ရွေးချယ်စေလွှတ်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးဆောင်လုပ်ကိုင်နေတဲ့ ကိုကောင်းမြတ်စံက ပြောပါတယ်။
အဲ့ဒီကစားနည်း နှစ်မျိုးစလုံးကနေလည်း ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ပွဲဖြစ်ပေမယ့် အမြင့်ဆုံးဆုတံဆိပ်တွေရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။
သွားရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကိုတော့ ပြည်တွင်းကအထူးချွန်ဆုံး ပရော်ဖက်ရှင်နယ်ဂိမ်မာတွေထဲက ရွေးချယ်ထားတာဖြစ်ပြီး ပြိုင်ပွဲကာလနီးကပ်လာရင် နာမည်တွေနဲ့ တကွအတည်ပြုထုတ်ပြန်မှာ ဖြစ်ပါတယ်။
လက်တလော ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်ကတော့ အသစ် ထည့်သွင်းကျင်းပမယ့် အားကစားနည်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ ပြောကြားထားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
DOTA 2 ဂိမ်းဟာ မြန်မာနိုင်ငံမှာသာမကပဲ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဂိမ်း ၃ ခုထဲမှာ အပါအဝင်ဖြစ်နေသလို အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတွေပြုလုပ်ပြီး ဆုကြေးမြင့်မာစွာပေးနေတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။
Mobile Legends ဂိမ်းကစားနည်းကတော့ မိုဘိုင်းဖုန်းနဲ့ လူတိုင်းကစားနိုင်ပြီးတော့ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး ဂိမ်းတခု ဖြစ်နေသလို အွန်လိုင်းကန်တဆင့် Streaming လွှင့်ပြီး လူငယ်တွေအတွက် ဝင်ငွေကောင်းလာတဲ့ ဂိမ်းကစားနည်းတခုလည်း ဖြစ်ပါတယ်။
လာမယ့် ၂၀၁၉ ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပမယ့် Esport ကစားနည်းတွေကတော့ Mobile Legends, Arena of Valor, Dota2, Starcraft,NBA2019,TEKKEN7 တို့ပဲဖြစ်ပါတယ်။
========================
ဖိလစ္ပိုင္ဆီးဂိမ္းတြင္ ESport ကစားနည္း ၂ မ်ိဳးလုံးမွ အျမင့္ဆုံး ဆုတံဆိပ္မ်ား ေမွ်ာ္မွန္း
DVB
ဖိလစ္ပိုင္ဆီးဂိမ္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ႀကိဳးပမ္းေနတဲ့ ESport ကစားနည္း ႏွစ္မ်ိဳးစလုံးကေန အျမင့္ဆုံးဆုတံဆိပ္ေတြ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။
လာမယ့္ဖိလစ္ပိုင္ဆီးဂိမ္းမွာ စတင္ထည့္သြင္းက်င္းပမယ့္ Esport အားကစာနည္း ၆မ်ိဳးမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ၿပိဳင္ပြဲအမ်ိဳးအစား ႏွစ္မ်ိဳးကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနတယ္လို႔သိရပါတယ္။
ကြန္ျပဳတာ PC နဲ႔ ကစားရတဲ့ DOTA2 ၿပိဳင္ပြဲအတြက္ ကစားသမား ၅ ဦး ၊ မိုဘိုင္းလ္ဖုန္းနဲ႔ ကစားရတဲ့ Mobile Legends ၿပိဳင္ပြဲအတြက္ ကစားသမား ၅ ဦးကို ေ႐ြးခ်ယ္ေစလႊတ္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေရး ဦးေဆာင္လုပ္ကိုင္ေနတဲ့ ကိုေကာင္းျမတ္စံက ေျပာပါတယ္။
အဲ့ဒီကစားနည္း ႏွစ္မ်ိဳးစလုံးကေနလည္း ပထမဆုံးဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ပြဲျဖစ္ေပမယ့္ အျမင့္ဆုံးဆုတံဆိပ္ေတြရရွိဖို႔ ေမွ်ာ္မွန္းထားတယ္လို႔လည္း သိရပါတယ္။
သြားေရာက္ယွဥ္ၿပိဳင္မယ့္ ကစားသမားေတြကိုေတာ့ ျပည္တြင္းကအထူးခြၽန္ဆုံး ပေရာ္ဖက္ရွင္နယ္ဂိမ္မာေတြထဲက ေ႐ြးခ်ယ္ထားတာျဖစ္ၿပီး ၿပိဳင္ပြဲကာလနီးကပ္လာရင္ နာမည္ေတြနဲ႔ တကြအတည္ျပဳထုတ္ျပန္မွာ ျဖစ္ပါတယ္။
လက္တေလာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနဘက္ကေတာ့ အသစ္ ထည့္သြင္းက်င္းပမယ့္ အားကစားနည္းေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ရွိတယ္လို႔ ေျပာၾကားထားခဲ့ေပမယ့္ အေသးစိတ္ကိုေတာ့ ထုတ္ျပန္ေၾကညာျခင္း မရွိေသးပါဘူး။
DOTA 2 ဂိမ္းဟာ ျမန္မာႏိုင္ငံမွာသာမကပဲ ကမာၻေပၚမွာ လူႀကိဳက္အမ်ားဆုံး ဂိမ္း ၃ ခုထဲမွာ အပါအဝင္ျဖစ္ေနသလို အျပည္ျပည္ဆိုင္ရာ ၿပိဳင္ပြဲေတြျပဳလုပ္ၿပီး ဆုေၾကးျမင့္မာစြာေပးေနတဲ့ ဂိမ္းလည္း ျဖစ္ပါတယ္။
Mobile Legends ဂိမ္းကစားနည္းကေတာ့ မိုဘိုင္းဖုန္းနဲ႔ လူတိုင္းကစားႏိုင္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ လူႀကိဳက္အမ်ားဆုံး ဂိမ္းတခု ျဖစ္ေနသလို အြန္လိုင္းကန္တဆင့္ Streaming လႊင့္ၿပီး လူငယ္ေတြအတြက္ ဝင္ေငြေကာင္းလာတဲ့ ဂိမ္းကစားနည္းတခုလည္း ျဖစ္ပါတယ္။
လာမယ့္ ၂၀၁၉ ဆီးဂိမ္းမွာ ထည့္သြင္းက်င္းပမယ့္ Esport ကစားနည္းေတြကေတာ့ Mobile Legends, Arena of Valor, Dota2, Starcraft,NBA2019,TEKKEN7 တို႔ပဲျဖစ္ပါတယ္။