မန်ယူနိုက်တက်က လက်စတာကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမယ့် အနိုင် ၃ မှတ်အရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်တို့ဟာ ပွဲစဉ်တစ်လျှောက်ခြေစွမ်းပိုင်း အားရကျေနပ်စရာမရှိခဲ့ပေမယ့် ပွဲကစားချိန် ၇ မိနစ်မှာ လက်စတာနောက်ခံလူ ဆွိုင်ရန်ချူးကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို တိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖိုဒ့် ကန်သွင်းခဲ့ပြီး ပင်နယ်တီကံဆိုးမှုကို အဆုံးသတ်ခဲ့ပါတယ်။
ဒီပွဲမှာ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယား ခြေစွမ်းပြသသွားနိုင်ခဲ့ပြီး လက်စတာအသင်းကလည်း အခုရာသီမှ အသစ်ခေါ်ယူထားတဲ့ တူရကီနောက်ခံလူ ဆွိုင်ရန်ချူး၊ ယူနိုက်တက် နောက်ခံလူဟောင်း အီဗန်စ်နဲ့ ဂျိမ်းစ်မက်ဒီဆင်၊ ချေးလ်ဝဲလ်တို့ သိသိသာသာ ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။
အခုရလဒ်ကြောင့် ၃ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပြီး လက်စတာအသင်းကတော့ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
============
မန္ယူႏိုက္တက္က လက္စတာကို ၁ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရ (႐ုပ္သံဟိုက္လိုက္)
DVB
မေန႔ညက ယွဥ္ျပဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာစီးတီးအသင္းကို အိမ္ကြင္းမွာ ခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရေပမယ့္ အႏိုင္ ၃ မွတ္အရယူႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္တို႔ဟာ ပြဲစဥ္တစ္ေလွ်ာက္ေျခစြမ္းပိုင္း အားရေက်နပ္စရာမရွိခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၇ မိနစ္မွာ လက္စတာေနာက္ခံလူ ဆြိဳင္ရန္ခ်ဴးေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို တိုက္စစ္မႉး မားကတ္စ္ရက္ရွ္ဖိုဒ့္ ကန္သြင္းခဲ့ၿပီး ပင္နယ္တီကံဆိုးမႈကို အဆုံးသတ္ခဲ့ပါတယ္။
ဒီပြဲမွာ အသင္းေဟာင္းနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ေတြ႕ဆုံခဲ့တဲ့ ယူႏိုက္တက္ ေနာက္ခံလူ မက္ဂြိဳင္းယား ေျခစြမ္းျပသသြားႏိုင္ခဲ့ၿပီး လက္စတာအသင္းကလည္း အခုရာသီမွ အသစ္ေခၚယူထားတဲ့ တူရကီေနာက္ခံလူ ဆြိဳင္ရန္ခ်ဴး၊ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း အီဗန္စ္နဲ႔ ဂ်ိမ္းစ္မက္ဒီဆင္၊ ေခ်းလ္ဝဲလ္တို႔ သိသိသာသာ ေျခစြမ္းျပသသြားႏိုင္ခဲ့ပါတယ္။
အခုရလဒ္ေၾကာင့္ ၃ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ ရမွတ္ ၈ မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရပ္တည္ထားႏိုင္ခဲ့ၿပီး လက္စတာအသင္းကေတာ့ အဆင့္ ၅ ေနရာမွာ ဆက္လက္ရပ္တည္ေနခဲ့ပါတယ္။