လီဗာပူးက နယူးကာဆယ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

အခုတပတ်ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ်မှာတော့ ခြေစွမ်းတက်နေတဲ့လီဗာပူးအသင်းက နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ဘောလုံးအပေးအယူပြဿနာရှိခဲ့တဲ့ တိုက်စစ်မှူး မာနေးနဲ့ ဆာလက်တို့ကပဲ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ အဝေးကွင်းမှာ လာရောက်ကစားရပေမယ့် ပွဲကစားချိန် ၇ မိနစ်မှာတင် နောက်ခံလူ ဝီလျံက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရတဲ့ လီဗာပူးအသင်းဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်ရရှိဖို့ အားထုတ်လာခဲ့ပြီး တပွဲလုံးမှတ်တမ်းအရ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နူန်း အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်ထိရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လိဂ်ပွဲ ၅ ပွဲကစားပြီးချိန်မှာ ၅ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရလဒ်ကို စွမ်း ဆောင်ထားခဲ့ပြီး တပွဲပျှမ်းမျှ ၃ ဂိုးသွင်းယူထားကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။ ===================== လီဗာပူးက နယူးကာဆယ္ကို ၃-၂ ဂိုးျဖင့္ အႏိုင္ရ (႐ုပ္သံဟိုက္လိုက္) DVB အခုတပတ္ပရီးမီးယားလိဂ္ရဲ႕ အေစာဆုံးပြဲစဥ္မွာေတာ့ ေျခစြမ္းတက္ေနတဲ့လီဗာပူးအသင္းက နယူးကာဆယ္အသင္းကို အိမ္ကြင္းမွာ ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။ ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ ေဘာလုံးအေပးအယူျပႆနာရွိခဲ့တဲ့ တိုက္စစ္မႉး မာေနးနဲ႔ ဆာလက္တို႔ကပဲ အႏိုင္ဂိုးေတြကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းဟာ အေဝးကြင္းမွာ လာေရာက္ကစားရေပမယ့္ ပြဲကစားခ်ိန္ ၇ မိနစ္မွာတင္ ေနာက္ခံလူ ဝီလ်ံက ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဦးေဆာင္ဂိုးခြင့္ျပဳေပးခဲ့ရတဲ့ လီဗာပူးအသင္းဟာ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြျပန္လည္ရရွိဖို႔ အားထုတ္လာခဲ့ၿပီး တပြဲလုံးမွတ္တမ္းအရ ေဘာလုံးပိုင္ဆိုင္မႈ ၇၅ ရာခိုင္ႏူန္း အသာစီးယူကစားႏိုင္ခဲ့သလို ဂိုးေပါက္ကန္သြင္းမႈ ၂၁ ႀကိမ္ထိရွိခဲ့ပါတယ္။ လီဗာပူးအသင္းဟာ လိဂ္ပြဲ ၅ ပြဲကစားၿပီးခ်ိန္မွာ ၅ ပြဲစလုံး ရာႏႈန္းျပည့္ အႏိုင္ရလဒ္ကို စြမ္း ေဆာင္ထားခဲ့ၿပီး တပြဲပွ်မ္းမွ် ၃ ဂိုးသြင္းယူထားကာ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ဆက္လက္ရပ္တည္ေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up