Home
မြန်မာသတင်း
ရေနစ်မြုပ်ခဲ့သည့် သီဟိုဠ်အေးကျေးရွာအား ICRC နှင့် MRCS က ကူညီထောက်ပံ့
DVB
·
September 15, 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်အနီးရှိ မြိုတိုင်းရင်းသားတို့ နေထိုင်ရာ သီဟိုဠ်အေးကျေးရွာမှာ ရေနှစ်မြုပ်ပျက်စီးခဲ့တဲ့ နေအိမ် ၂၄ အိမ်ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ MRCS တို့က ကူညီထောက်ပံ့ခဲ့ပါတယ်။   စက်တင်ဘာ ၁၄ ရက်နေ့က လာရောက်ပြီး နေအိမ် အမိုးအကာတွေ၊ စားနပ်ရိက္ခာတွေ လူအသုံးအဆောင်ပစ္စည်းတွေ ပေးအပ်ကူညီခဲ့တယ်လို့ သီဟိုလ်အေးကျေးရွာရွာလူကြီး ဦးနီအောင်က ပြောပါတယ်။ "ကျနော်တို့မှာက နေအိမ် ၇၀ လုံး လိုအပ်ချက်ရှိနေတာပါ။ ဒါပေမဲ့ ICRC က ရေနစ်မြုပ်ခဲ့တဲ့ နေအိမ် ၂၄ အိမ်အတွက် ထောက်ပံပေးခဲ့ပါတယ်။ နောက်ထပ် ရေနစ်မြုပ်တဲ့ နေအိမ် ၂၄ အိမ်ကို အိမ်ပြုပြင်ဖို့ ဝါးနဲ့ အိမ်တိုင်တွေ နောက်ရက်သတ္တပတ်မှာ ထောက်ပံ့ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။" သီဟိုဠ်အေးကျေးရွာမှ ရေနစ်မြုပ်ခဲ့တဲ့ မိသားစုတစုကို ဆန်၊ ဆီ၊ ဆား၊ သကြား အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေကို ပေးအပ်ခဲ့ပါတယ်။ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ သီဟိုဠ်အေးကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမူကြောင်း နေအိမ် ၂၄ လုံးရေနစ်မြုပ်ခဲ့ပြီး နေအိမ် ၄ လုံး ပြိုပျက်ခဲ့ပါတယ်။  ~~~~~~~~~~~~~~~~~~~ Zawgyi_version ေရနစ္ျမဳပ္ခဲ့သည့္ သီဟိုဠ္ေအးေက်း႐ြာအား ICRC ႏွင့္ MRCS က ကူညီေထာက္ပံ့ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ ၃ မိုင္အနီးရွိ ၿမိဳတိုင္းရင္းသားတို႔ ေနထိုင္ရာ သီဟိုဠ္ေအးေက်း႐ြာမွာ ေရႏွစ္ျမဳပ္ပ်က္စီးခဲ့တဲ့ ေနအိမ္ ၂၄ အိမ္ကို ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ICRC နဲ႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီအဖြဲ႕ MRCS တို႔က ကူညီေထာက္ပံ့ခဲ့ပါတယ္။ စက္တင္ဘာ ၁၄ ရက္ေန႔က လာေရာက္ၿပီး ေနအိမ္ အမိုးအကာေတြ၊ စားနပ္ရိကၡာေတြ လူအသုံးအေဆာင္ပစၥည္းေတြ ေပးအပ္ကူညီခဲ့တယ္လို႔ သီဟိုလ္ေအးေက်း႐ြာ႐ြာလူႀကီး ဦးနီေအာင္က ေျပာပါတယ္။ "က်ေနာ္တို႔မွာက ေနအိမ္ ၇၀ လုံး လိုအပ္ခ်က္ရွိေနတာပါ။ ဒါေပမဲ့ ICRC က ေရနစ္ျမဳပ္ခဲ့တဲ့ ေနအိမ္ ၂၄ အိမ္အတြက္ ေထာက္ပံေပးခဲ့ပါတယ္။ ေနာက္ထပ္ ေရနစ္ျမဳပ္တဲ့ ေနအိမ္ ၂၄ အိမ္ကို အိမ္ျပဳျပင္ဖို႔ ဝါးနဲ႔ အိမ္တိုင္ေတြ ေနာက္ရက္သတၱပတ္မွာ ေထာက္ပံ့ေပးသြားမယ္လို႔ ေျပာခဲ့ပါတယ္။" သီဟိုဠ္ေအးေက်း႐ြာမွ ေရနစ္ျမဳပ္ခဲ့တဲ့ မိသားစုတစုကို ဆန္၊ ဆီ၊ ဆား၊ သၾကား အပါအဝင္ လိုအပ္တဲ့ ပစၥည္းေတြကို ေပးအပ္ခဲ့ပါတယ္။ ၿမိဳတိုင္းရင္းသားေတြ ေနထိုင္တဲ့ သီဟိုဠ္ေအးေက်း႐ြာမွာ စက္တင္ဘာ ၁၁ ရက္ေန႔က မိုးအဆက္မျပတ္ ႐ြာသြန္းမူေၾကာင္း ေနအိမ္ ၂၄ လုံးေရနစ္ျမဳပ္ခဲ့ၿပီး ေနအိမ္ ၄ လုံး ၿပိဳပ်က္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024