လက်ရှိ ချန်ပီယံမန်စီးတီး တန်းတက်အသင်း နော့ဝစ်ချ်ကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.2K
ပြိုင်ဘက် ထိပ်သီးအသင်းတွေအားလုံး ဂိုးပြတ်နိုင်ပွဲ ကိုယ်စီ ရှာတွေ့ခဲ့ကြပေမယ့် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းကတော့ တန်းတက်နော့ဝစ်ချ်အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အိမ်ရှင်အသင်းရဲ့ ကစားသမားတွေ သိသိသာသာ ခြေစွမ်းပြ ကစားခဲ့ကြလို့ မန်စီးတီးတို့ ပွဲစကတည်းက အခက်တွေ့ခဲ့ရပြီးတော့ ၁၈ မိနစ်နဲ့ ၂၈ မိနစ်တို့မှာ မက်ကလင်းန်နဲ့ ကန့်ဝဲလ်တို့ရဲ့ ဦးဆောင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီး အဂွဲရိုးက ပထမပိုင်းပြီးခါနီးမှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း စိတ်ဓာတ်တက်နေတဲ့ နော့ဝစ်ချ်စီးတီးအသင်းကပဲ မန်စီးတီး နောက်ခံလူတွေရဲ့ အမှားကနေတဆင့် ရရှိတဲ့ အခွင့်အရေးကို အသုံးချပြီး တတိယမြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်။
ပွဲပြီးခါနီးမှာတော့ မန်စီးတီးအသင်းအတွက် နောက်ထပ်ချေပဂိုးတဂိုးကို ရိုဒရီက သွင်းယူပေးခဲ့ပေမယ့် ၃-၂ ဂိုးရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းကတော့ နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့တာကြောင့် မန်စီးတီးအသင်းကို ၅ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
လက္ရွိ ခ်န္ပီယံမန္စီးတီး တန္းတက္အသင္း ေနာ့ဝစ္ခ်္ကို ရႈံးနိမ့္ (႐ုပ္သံဟိုက္လိုက္)
ၿပိဳင္ဘက္ ထိပ္သီးအသင္းေတြအားလုံး ဂိုးျပတ္ႏိုင္ပြဲ ကိုယ္စီ ရွာေတြ႕ခဲ့ၾကေပမယ့္ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းကေတာ့ တန္းတက္ေနာ့ဝစ္ခ်္အသင္းကို ၃-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။
အိမ္ရွင္အသင္းရဲ႕ ကစားသမားေတြ သိသိသာသာ ေျခစြမ္းျပ ကစားခဲ့ၾကလို႔ မန္စီးတီးတို႔ ပြဲစကတည္းက အခက္ေတြ႕ခဲ့ရၿပီးေတာ့ ၁၈ မိနစ္နဲ႔ ၂၈ မိနစ္တို႔မွာ မက္ကလင္းန္နဲ႔ ကန႔္ဝဲလ္တို႔ရဲ႕ ဦးေဆာင္ဂိုးေတြကို ခြင့္ျပဳေပးခဲ့ရၿပီး အဂြဲ႐ိုးက ပထမပိုင္းၿပီးခါနီးမွာ ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။
ဒုတိယပိုင္း ပြဲျပန္စခ်ိန္မွာလည္း စိတ္ဓာတ္တက္ေနတဲ့ ေနာ့ဝစ္ခ်္စီးတီးအသင္းကပဲ မန္စီးတီး ေနာက္ခံလူေတြရဲ႕ အမွားကေနတဆင့္ ရရွိတဲ့ အခြင့္အေရးကို အသုံးခ်ၿပီး တတိယေျမာက္ဂိုးကိုသြင္းယူခဲ့ပါတယ္။
ပြဲၿပီးခါနီးမွာေတာ့ မန္စီးတီးအသင္းအတြက္ ေနာက္ထပ္ေခ်ပဂိုးတဂိုးကို ႐ိုဒရီက သြင္းယူေပးခဲ့ေပမယ့္ ၃-၂ ဂိုးရလဒ္နဲ႔ ပြဲၿပီးခဲ့ပါတယ္။
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးအသင္းကေတာ့ နယူးကာဆယ္အသင္းကို ဂိုးျပတ္အႏိုင္ရၿပီး ရာႏႈန္းျပည့္ ႏိုင္ပြဲဆက္ခဲ့တာေၾကာင့္ မန္စီးတီးအသင္းကို ၅ မွတ္ထိ ျဖတ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။