ဆော်ဒီအစိုးရပိုင် ရေနံစက်ရုံ ၂ ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

3.8K
ဆော်ဒီအာရေဗျနိုင်ငံ အက်ဘ်ခိုက်မြို့က အစိုးရပိုင် ရေနံစက်ရုံနှစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံ ရတာကြောင့် မီးလောင်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံသတင်းဌာန အယ်လ်အာရပ်ဘီယာက စက်တင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။
ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။
မီးလောင်နေတဲ့ ဆော်ဒီအစိုးရပိုင် အာရမ်ကို ရေနံစက်ရုံကနေ မီးခိုးငွေ့တွေ ထွက်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
စနေနေ့ မနက်အစောပိုင်းမှာ ပေါက်ကွဲသံကြားရတာကြောင့် အနားကလူတွေအားလုံး ထိတ်လန့်ခဲ့ရတယ်လို့ အဲဒီဗွီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တဲ့ ဒေသခံတယောက်က ပြောပါတယ်။
ရေနံစက်ရုံ တိုက်ခိုက်ခံတာနဲ့ ပတ်သက်လို့ ဆော်ဒီအစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးသလို သေဆုံးဒဏ်ရာရသူတွေ ရှိမရှိကိုလည်း အတိအကျ မသိရသေးပါဘူး။
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ၂၀၁၅ ကတည်းက ယီမင်အစိုးရကို ကျောထောက်နောက်ခံပေးပြီး ယီမင်နိုင်ငံထဲက ဟူသီတွေကို တိုက်နေတာပါ။
မကြာသေးခင်လတွေမှာ ဟူသီသူပုန်အဖွဲ့ဟာ ဆော်ဒီရဲ့ လေကြောင်းအခြေစိုက်စခန်းတွေနဲ့ တခြားနေရာတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။
================================
ေဆာ္ဒီအစိုးရပိုင္ ေရနံစက္႐ုံ ၂ ႐ုံ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရ
DVB
ေဆာ္ဒီအာေရဗ်ႏိုင္ငံ အက္ဘ္ခိုက္ၿမိဳ႕က အစိုးရပိုင္ ေရနံစက္႐ုံႏွစ္ခု ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံ ရတာေၾကာင့္ မီးေလာင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံသတင္းဌာန အယ္လ္အာရပ္ဘီယာက စက္တင္ဘာ ၁၄ ရက္မွာ ေဖာ္ျပပါတယ္။
ဒ႐ုန္းတိုက္ခိုက္မႈနဲ႔ပတ္သတ္ၿပီး ယီမင္အေျခစိုက္ ဟူသီသူပုန္အဖြဲ႕က သူတို႔လက္ခ်က္လို႔ ေၾကညာခဲ့ပါတယ္။
မီးေလာင္ေနတဲ့ ေဆာ္ဒီအစိုးရပိုင္ အာရမ္ကို ေရနံစက္႐ုံကေန မီးခိုးေငြ႕ေတြ ထြက္ေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
စေနေန႔ မနက္အေစာပိုင္းမွာ ေပါက္ကြဲသံၾကားရတာေၾကာင့္ အနားကလူေတြအားလုံး ထိတ္လန႔္ခဲ့ရတယ္လို႔ အဲဒီဗြီဒီယိုဖိုင္ကို ႐ိုက္ကူးခဲ့တဲ့ ေဒသခံတေယာက္က ေျပာပါတယ္။
ေရနံစက္႐ုံ တိုက္ခိုက္ခံတာနဲ႔ ပတ္သက္လို႔ ေဆာ္ဒီအစိုးရက တရားဝင္ ထုတ္ျပန္ေၾကညာတာ မရွိေသးသလို ေသဆုံးဒဏ္ရာရသူေတြ ရွိမရွိကိုလည္း အတိအက် မသိရေသးပါဘူး။
ေဆာ္ဒီဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕ဟာ ၂၀၁၅ ကတည္းက ယီမင္အစိုးရကို ေက်ာေထာက္ေနာက္ခံေပးၿပီး ယီမင္ႏိုင္ငံထဲက ဟူသီေတြကို တိုက္ေနတာပါ။
မၾကာေသးခင္လေတြမွာ ဟူသီသူပုန္အဖြဲ႕ဟာ ေဆာ္ဒီရဲ႕ ေလေၾကာင္းအေျခစိုက္စခန္းေတြနဲ႔ တျခားေနရာေတြကို ပစ္မွတ္ထားၿပီး ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ အရွိန္ျမႇင့္တိုက္ခိုက္ခဲ့ပါတယ္။