Live
Home
မြန်မာသတင်း
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးအလားအလာ” စာအုပ်မိတ်ဆက်
DVB
·
September 14, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတဲ့ အချက်အလက်တွေကို တနေရာတည်းမှာ ရှာဖွေနိုင်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးအလားအလာ" အမည်ရှိ အထူးထုတ်စာအုပ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အချက်အလက်အားပြု ထုတ်ဝေတဲ့ Info Digest ဂျာနယ်ရဲ့ အထူးထုတ် စာအုပ်တအုပ်ဖြစ်ပြီး ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ဆောင်းပါးရှင် နှစ်ဦးရဲ့ ဆောင်းပါးပေါင်း သုံးဆယ့်ခုနစ်ပုဒ်ပါဝင်တာလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ လက်ရှိ အာဏာရပါတီရဲ့ ရွေးကောက်ပွဲမတိုင်ခင်က ကတိကဝတ်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အစိုးရအဖွဲ့ဟောင်းနဲ့ လက်ရှိအစိုးရအဖွဲ့အပြင် တိုင်းရင်းသားပါတီတွေရဲ့ တောင်းဆိုချက်တွေကိုလည်း စုစည်းဖော်ပြထားတယ်လို့ Info Digest ဂျာနယ်အယ်ဒီတာချုပ် ဦးမျိုးမြင့်က ပြောပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာတွေ အပါအဝင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့လိုအပ်နေတဲ့ နိုင်ငံတကာသဘောတူစာချုပ်တွေနဲ့ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုချက်တွေ ပါဝင်တာကြောင့် ယနေ့ခေတ်မြန်မာ့နိုင်ငံရေး အခြေအနေကိုပါ လေ့လာနိုင်မယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာပါဝင်တဲ့ အချက်အလက်တွေဟာ နိုင်ငံရေးနယ်ပယ်မှာ လုပ်ကိုင်နေသူတွေအတွက် အသုံးဝင်တဲ့ စာအုပ်တအုပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမင်းဇော်နေဦးက သုံးသပ်ပါတယ်။ စာအုပ် မိတ်ဆက်ပွဲနဲ့အတူ မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေနဲ့ သတင်းစာဆရာ တွေ ပါဝင်ဆွေးနွေးတဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။ စာအုပ်မှာပါရှိတဲ့ အချက်အလက်တွေကို ဖြည့်စွက်ဆွေးနွေးတဲ့အနေနဲ့ စကားဝိုင်းဆွေးနွေးပွဲကျင်းပတာဖြစ်ပြီး ဆရာမ မသီတာ(စမ်းချောင်း) က ဦးဆောင်ကာ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦး၊ သတင်းစာဆရာ မောင်ဉာဏတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ထိန်ထိန်လင်း ~~~~~~~~~~~~~~~~~~~~~ Zawgyi_version “ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအလားအလာ” စာအုပ္မိတ္ဆက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး၊ ျပည္တြင္း ၿငိမ္းခ်မ္းေရး စတဲ့ အခ်က္အလက္ေတြကို တေနရာတည္းမွာ ရွာေဖြႏိုင္တဲ့ “ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအလားအလာ" အမည္ရွိ အထူးထုတ္စာအုပ္မိတ္ဆက္ပြဲကို စက္တင္ဘာလ ၁၄ ရက္ေန႔က မႏၲေလးၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ အခ်က္အလက္အားျပဳ ထုတ္ေဝတဲ့ Info Digest ဂ်ာနယ္ရဲ႕ အထူးထုတ္ စာအုပ္တအုပ္ျဖစ္ၿပီး ဆရာမ မသီတာ(စမ္းေခ်ာင္း)နဲ႔ ေဆာင္းပါးရွင္ ႏွစ္ဦးရဲ႕ ေဆာင္းပါးေပါင္း သုံးဆယ့္ခုနစ္ပုဒ္ပါဝင္တာလည္း ျဖစ္ပါတယ္။ ဒီစာအုပ္မွာ လက္ရွိ အာဏာရပါတီရဲ႕ ေ႐ြးေကာက္ပြဲမတိုင္ခင္က ကတိကဝတ္ေတြ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ဖို႔အတြက္ အစိုးရအဖြဲ႕ေဟာင္းနဲ႔ လက္ရွိအစိုးရအဖြဲ႕အျပင္ တိုင္းရင္းသားပါတီေတြရဲ႕ ေတာင္းဆိုခ်က္ေတြကိုလည္း စုစည္းေဖာ္ျပထားတယ္လို႔ Info Digest ဂ်ာနယ္အယ္ဒီတာခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာပါတယ္။ ဒါ့အျပင္ ဖြဲ႕စည္းပုံျပင္ဆင္ေရး၊ ၿငိမ္းခ်မ္းေရးဆိုင္ရာ အေၾကာင္းအရာေတြ အပါအဝင္ ျမန္မာႏိုင္ငံက လက္မွတ္ေရးထိုးဖို႔လိုအပ္ေနတဲ့ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ေတြနဲ႔ အက်ဥ္းေထာင္စနစ္ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ အေၾကာင္းအရာေတြ၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ေတာင္းဆိုခ်က္ေတြ ပါဝင္တာေၾကာင့္ ယေန႔ေခတ္ျမန္မာ့ႏိုင္ငံေရး အေျခအေနကိုပါ ေလ့လာႏိုင္မယ္လို႔ သိရပါတယ္။ ဒီစာအုပ္မွာပါဝင္တဲ့ အခ်က္အလက္ေတြဟာ ႏိုင္ငံေရးနယ္ပယ္မွာ လုပ္ကိုင္ေနသူေတြအတြက္ အသုံးဝင္တဲ့ စာအုပ္တအုပ္ျဖစ္တယ္လို႔ လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုမင္းေဇာ္ေနဦးက သုံးသပ္ပါတယ္။ စာအုပ္ မိတ္ဆက္ပြဲနဲ႔အတူ မႏၲေလးၿမိဳ႕ခံ တရားလႊတ္ေတာ္ေရွ႕ေနနဲ႔ သတင္းစာဆရာ ေတြ ပါဝင္ေဆြးေႏြးတဲ့ စကားဝိုင္းကိုလည္း ျပဳလုပ္ခဲ့ပါတယ္။ စာအုပ္မွာပါရွိတဲ့ အခ်က္အလက္ေတြကို ျဖည့္စြက္ေဆြးေႏြးတဲ့အေနနဲ႔ စကားဝိုင္းေဆြးေႏြးပြဲက်င္းပတာျဖစ္ၿပီး ဆရာမ မသီတာ(စမ္းေခ်ာင္း) က ဦးေဆာင္ကာ ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ား အသင္းရဲ႕ အေထြေထြအတြင္းေရးမႉး၊ တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးသိန္းသန္းဦး၊ သတင္းစာဆရာ ေမာင္ဉာဏတို႔ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။ ထိန္ထိန္လင္း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024