သမီးဖြစ်သူ ကောလိပ်ဝင်ခွင့်ရရေး လာဘ်ထိုးမှုဖြင့် မင်းသမီး ဟက်ဖ်မန်းကို ထောင်ဒဏ်ချမှတ်

အမေရိကန်ကောလိပ်ဝင်ခွင့် အရှုပ်တော်ပုံထဲမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်မင်းသမီး ဖီလစ်စီတီ ဟက်ဖ်မန်းကို အမေရိကန်တရားရုံးက ထောင်ဒဏ် ၁၄ ရက် ချမှတ်လိုက်ပါတယ်။ သမီးဖြစ်သူ ကောလိပ်ဝင်ခွင့်အတွက် လာဘ်ထိုးခဲ့တာနဲ့ပတ်သက်ပြီး ဟက်ဖ်မန်းရဲ့အမှုကို သောကြာနေ့က ကြားနာခဲ့တာပါ။  အသက် ၅၆ နှစ်အရွယ် ဟက်ဖ်မန်းဟာ ၂၀၁၇ ခုနှစ်က  သမီးဖြစ်သူ ကောလိပ်ဝင်ခွင့်အတွက် အမေရိကန်ဒေါ်လာ ၁,၅၀၀ လာဘ်ထိုးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။  သူ့ရဲ့ လုပ်ရပ်အတွက် ယောကျာ်းဖြစ်သူနဲ့ သမီးဖြစ်သူအပြင် ပညာရေးအသိုင်းအဝိုင်းကိုလည်း တောင်းပန်တယ်လို့ တရားရုံးက ထွက်လာပြီးနောက် ဟက်ဖ်မန်းက ပြောခဲ့ပါတယ်။  အမေရိကန် ခရိုင်တရားသူကြီးက သူ့ကို ဒဏ်ကြေးအမေရိကန်ဒေါ်လာ သုံးသောင်းနဲ့ အများပြည်သူ ဝန်ဆောင်မှုအတွက် နာရီပေါင်း ၂၅၀ တာဝန်ထမ်းဆောင်ဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။  ဟက်ဖ်မန်းဟာ အမေရိကန်ကောလိပ်ဝင်ခွင့် အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ စီရင်ချက်ချခံရတဲ့ ပထမဆုံးမိဘဖြစ်ပြီး ကောလိပ်ဝင်ခွင့် လိမ်လည်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ တခြားမိဘတွေလည်း ကျန်နေသေးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ======================= သမီးျဖစ္သူ ေကာလိပ္ဝင္ခြင့္ရေရး လာဘ္ထိုးမႈျဖင့္ မင္းသမီး ဟက္ဖ္မန္းကို ေထာင္ဒဏ္ခ်မွတ္ DVB အေမရိကန္ေကာလိပ္ဝင္ခြင့္ အရႈပ္ေတာ္ပုံထဲမွာ ပါဝင္ပတ္သက္မႈနဲ႔ အေမရိကန္မင္းသမီး ဖီလစ္စီတီ ဟက္ဖ္မန္းကို အေမရိကန္တရား႐ုံးက ေထာင္ဒဏ္ ၁၄ ရက္ ခ်မွတ္လိုက္ပါတယ္။ သမီးျဖစ္သူ ေကာလိပ္ဝင္ခြင့္အတြက္ လာဘ္ထိုးခဲ့တာနဲ႔ပတ္သက္ၿပီး ဟက္ဖ္မန္းရဲ႕အမႈကို ေသာၾကာေန႔က ၾကားနာခဲ့တာပါ။ အသက္ ၅၆ ႏွစ္အ႐ြယ္ ဟက္ဖ္မန္းဟာ ၂၀၁၇ ခုႏွစ္က သမီးျဖစ္သူ ေကာလိပ္ဝင္ခြင့္အတြက္ အေမရိကန္ေဒၚလာ ၁,၅၀၀ လာဘ္ထိုးခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္အတြက္ ေယာက်ာ္းျဖစ္သူနဲ႔ သမီးျဖစ္သူအျပင္ ပညာေရးအသိုင္းအဝိုင္းကိုလည္း ေတာင္းပန္တယ္လို႔ တရား႐ုံးက ထြက္လာၿပီးေနာက္ ဟက္ဖ္မန္းက ေျပာခဲ့ပါတယ္။ အေမရိကန္ ခ႐ိုင္တရားသူႀကီးက သူ႔ကို ဒဏ္ေၾကးအေမရိကန္ေဒၚလာ သုံးေသာင္းနဲ႔ အမ်ားျပည္သူ ဝန္ေဆာင္မႈအတြက္ နာရီေပါင္း ၂၅၀ တာဝန္ထမ္းေဆာင္ဖို႔လည္း အမိန႔္ခ်မွတ္ခဲ့ပါတယ္။ ဟက္ဖ္မန္းဟာ အေမရိကန္ေကာလိပ္ဝင္ခြင့္ အရႈပ္ေတာ္ပုံနဲ႔ ပတ္သက္လို႔ စီရင္ခ်က္ခ်ခံရတဲ့ ပထမဆုံးမိဘျဖစ္ၿပီး ေကာလိပ္ဝင္ခြင့္ လိမ္လည္မႈနဲ႔ အမႈရင္ဆိုင္ေနရတဲ့ တျခားမိဘေတြလည္း က်န္ေနေသးတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up