ဘရာဇီး အမဲသားတင်သွင်းမှု အီးယူတားမြစ်သင့်ဟု ဖင်လန်ဘဏ္ဍာရေးဝန်ကြီး ပြော

ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ဘရာဇီးနိုင်ငံဆီကနေ အမဲသားတင်သွင်းမှုကို တားမြစ်သင့်တယ်လို့ ဖင်လန်ဘဏ္ဍာရေးဝန်ကြီး မီကာလင်တီလာက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အမေဇုန်သစ်တော မီးလောင်မှုနဲ့ ပတ်သတ်ပြီး ဘရာဇီးအစိုးရကို ဖိအားပေးဖို့ ဖင်လန်ဘဏ္ဍာရေးဝန်ကြီးက အခုလို ပြောလိုက်တာပါ။
လက်ရှိမှာ ဖင်လန်ဟာယာယီ အီးယူဥက္ကဋ္ဌရာထူးကို တာဝန်ယူထားတာပါ။ ဘရာဇီးအစိုးရကို ဖိအားပေးဖို့ ဘရာဇီးဆီကနေ အမဲသားတင်သွင်းမှုကို တားမြစ်တာအပြင် ပဲပိစပ် တင်သွင်းမှုကိုလည်း ဆိုင်းငံ့ဖို့ စဉ်စားထားတယ်လို့ ဖင်လန်ဘဏ္ဍာရေးဝန်ကြီးက ဆက်ပြောပါတယ်။
ဘရာဇီးနိုင်ငံနယ်မြေထဲက အမေဇုန်သစ်တောမှာ သြဂုတ်လက တောမီး အကြီး အကျယ်လောင်တာကြောင့် ဘရာဇီးအစိုးရဟာ တကမ္ဘာလုံးရဲ့ ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။
ကမ္ဘာ့အကြီးဆုံး အပူပိုင်းမိုးသစ်တောဖြစ်တဲ့ အမေဇုန်သစ်တောဟာ ကမ္ဘာ့ကြီးကို ပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး တကမ္ဘာလုံးအတွက် အောက်ဆီဂျင် ၂၀ ရာခိုင်နှုန်း ထုတ်ပေးနေတာတာပါ။
ဒါ့ကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့ အမေဇုန်သစ်တောက အဓိက အရေးပါတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက သုံးသပ်ကြပါတယ်။
=================================
ဘရာဇီး အမဲသားတင္သြင္းမႈ အီးယူတားျမစ္သင့္ဟု ဖင္လန္ဘ႑ာေရးဝန္ႀကီး ေျပာ
DVB
ဥေရာပသမဂၢ (အီးယူ) အေနနဲ႔ ဘရာဇီးႏိုင္ငံဆီကေန အမဲသားတင္သြင္းမႈကို တားျမစ္သင့္တယ္လို႔ ဖင္လန္ဘ႑ာေရးဝန္ႀကီး မီကာလင္တီလာက စက္တင္ဘာ ၁၃ ရက္မွာ ေျပာပါတယ္။
အေမဇုန္သစ္ေတာ မီးေလာင္မႈနဲ႔ ပတ္သတ္ၿပီး ဘရာဇီးအစိုးရကို ဖိအားေပးဖို႔ ဖင္လန္ဘ႑ာေရးဝန္ႀကီးက အခုလို ေျပာလိုက္တာပါ။
လက္ရွိမွာ ဖင္လန္ဟာယာယီ အီးယူဥကၠ႒ရာထူးကို တာဝန္ယူထားတာပါ။ ဘရာဇီးအစိုးရကို ဖိအားေပးဖို႔ ဘရာဇီးဆီကေန အမဲသားတင္သြင္းမႈကို တားျမစ္တာအျပင္ ပဲပိစပ္ တင္သြင္းမႈကိုလည္း ဆိုင္းငံ့ဖို႔ စဥ္စားထားတယ္လို႔ ဖင္လန္ဘ႑ာေရးဝန္ႀကီးက ဆက္ေျပာပါတယ္။
ဘရာဇီးႏိုင္ငံနယ္ေျမထဲက အေမဇုန္သစ္ေတာမွာ ၾသဂုတ္လက ေတာမီး အႀကီး အက်ယ္ေလာင္တာေၾကာင့္ ဘရာဇီးအစိုးရဟာ တကမာၻလုံးရဲ႕ ျပစ္တင္ေဝဖန္ခံခဲ့ရပါတယ္။
ကမာၻ႔အႀကီးဆုံး အပူပိုင္းမိုးသစ္ေတာျဖစ္တဲ့ အေမဇုန္သစ္ေတာဟာ ကမာၻ႔ႀကီးကို ပူေႏြးေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူၿပီး တကမာၻလုံးအတြက္ ေအာက္ဆီဂ်င္ ၂၀ ရာခိုင္ႏႈန္း ထုတ္ေပးေနတာတာပါ။
ဒါ့ေၾကာင့္ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈကို ထိန္းခ်ဳပ္ဖို႔ အေမဇုန္သစ္ေတာက အဓိက အေရးပါတယ္လို႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသူေတြက သုံးသပ္ၾကပါတယ္။