Home
မြန်မာသတင်း
တာချီလိတ်တွင် စိတ်ကြွဆေးပြား ၁ သိန်းနှင့် တူးမီးသေနတ် ၁ လက် ဖမ်းမိ
DVB
·
September 14, 2019
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ စိတ်ကြွဆေးပြား ၁ သိန်းနဲ့ တူမီးသေနတ် ၁ လက် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ တာလေမြို့အထွက် တိုးဂိတ်အနီးမှာ ကျဘိုရှီး မောင်းနှင်လာတဲ့ 9E/×××× Vigo ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁ သိန်းနဲ့ အရှည် ၅ ပေလောက်ရှိ တူမီးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ ကျဘိုရှီးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။ ================== တာခ်ီလိတ္တြင္ စိတ္ႂကြေဆးျပား ၁ သိန္းႏွင့္ တူးမီးေသနတ္ ၁ လက္ ဖမ္းမိ DVB ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ၁ သိန္းနဲ႔ တူမီးေသနတ္ ၁ လက္ သိမ္းဆည္းရမိတယ္လို႔ သိရပါတယ္။ စက္တင္ဘာ ၁၃ ရက္ေန႔ ညေန ၅ နာရီခြဲေလာက္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕အထြက္ တိုးဂိတ္အနီးမွာ က်ဘိုရွီး ေမာင္းႏွင္လာတဲ့ 9E/×××× Vigo ယာဥ္အား ရပ္တန႔္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာလို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။ ယာဥ္ေနာက္ခန္းထိုင္ခုံေပၚရွိ ဆာလာအိတ္အတြင္းမွ ကပ္ခြာအိတ္နဲ႔ ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၁ သိန္းနဲ႔ အရွည္ ၅ ေပေလာက္ရွိ တူမီးေသနတ္ ၁ လက္တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာပါ။ က်ဘိုရွီးအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024