Home
မြန်မာသတင်း
ကျိုက်ထီးရိုး ရင်ပြင်တော်ကို အမှိုက်မပစ်ရ နေရာအဖြစ် သတ်မှတ်ရန် စီစဉ်နေ
DVB
·
September 14, 2019
မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်ကို အမှိုက်မပစ်ရ နေရာတခုအဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။ ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ် ပြည်တွင်း ပြည်ပခရီးသွား ဘုရားဖူးဧည့်သည် သန်းချီ ဝင်ရောက်နေတဲ့ နေရာတခု ဖြစ်ပါတယ်။  ဒါပေမဲ့ ဘုရားဖူးဧည်သည်တွေနဲ့ ဈေးဆိုင်ခန်းတွေက စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ကျိုက်ထီးရိုးဒေသဟာ အကျည်းတန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျိုက်ထီးရိုးဒေသ အမှိုက်ကင်းစေရေးအတွက် အမှိုက်မပစ်ရ နေရာနဲ့ ပလတ်စတစ် မသုံးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။ အခုအခါမှာတော့ အစိုးရအနေနဲ့ ကျိုက်ထီးရိုးဒေသ အမှိုက်ကင်းစေရေး ကော်မတီတရပ် ဖွဲ့စည်းထားပြီး၊ ရေတိုရေရှည် ဖြေရှင်းရမယ့် စီမံချက်တွေရေးဆွဲနေတာပါ။ ဒါ့အပြင် အမှိုက်ကင်းစင်ရေးအတွက် စီမံချက်အရ လုပ်ငန်းစဉ် ၂၀ ချမှတ်ထားပြီး၊ သက်ဆိုင်ရာဌာနတွေနဲ့ ဘုရားဂေါပကအဖွဲ့တွေ လုပ်ဆောင်ဖို့ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ အစိုးရအဖွဲ့ဟာ ကျိုက်ထီးရိုးဒေသ အမှိုက်ကင်းစေရေးအတွက် အခုဘဏ္ဍာရေးနှစ်မှာ ငွေကျပ် သိန်း ၄၀၀၀ ကျော် ကုန်ကျခံပြီး အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ အမှိုက်ဖျက်ဆီးစက်ရုံဟာ ကျိုက်ထီးရိုးဒေသတခုလုံးမှာ မလွှမ်းခြုံနိုင်သေးတဲ့အတွက်ကြောင့် စနစ်တကျ လုပ်ဆောင်စေချင်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အကြံပြုပါတယ်။ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ကတော့ အမှိုက်ကင်းစေရေးအတွက် ဝန်ထမ်း အင်အား၃၀ ကျော်နဲ့ ရှင်းလင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။  ကျိုက်ထီးရိုးဒေသဟာ ဘုရားဖူးရာသီတွေမှာ နေ့စဉ် အမှိုက် ၃ တန်မှ ၅ တန်အထိ ထွက်ရှိတဲ့အတွက်ကြောင့် နှစ်စဉ် ရန်ပုံငွေ ကျပ် သန်း ၁၅၀ ကျော်သုံးစွဲဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ မတ်လမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP က အကြံပြုထားပါတယ်။   ဇော်လွင်ထွဋ် ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version က်ိဳက္ထီး႐ိုး ရင္ျပင္ေတာ္ကို အမႈိက္မပစ္ရ ေနရာအျဖစ္ သတ္မွတ္ရန္ စီစဥ္ေန မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုး ရင္ျပင္ေတာ္ကို အမႈိက္မပစ္ရ ေနရာတခုအျဖစ္ သတ္မွတ္သြားဖို႔ စီစဥ္ေနတယ္လို႔ မြန္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးက ေျပာပါတယ္။ က်ိဳက္ထီး႐ိုးေစတီဟာ ႏွစ္စဥ္ ျပည္တြင္း ျပည္ပခရီးသြား ဘုရားဖူးဧည့္သည္ သန္းခ်ီ ဝင္ေရာက္ေနတဲ့ ေနရာတခု ျဖစ္ပါတယ္။ ဒါေပမဲ့ ဘုရားဖူးဧည္သည္ေတြနဲ႔ ေဈးဆိုင္ခန္းေတြက စြန႔္ပစ္လိုက္တဲ့ အမႈိက္ေတြေၾကာင့္ က်ိဳက္ထီး႐ိုးေဒသဟာ အက်ည္းတန္ေနဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ိဳက္ထီး႐ိုးေဒသ အမႈိက္ကင္းေစေရးအတြက္ အမႈိက္မပစ္ရ ေနရာနဲ႔ ပလတ္စတစ္ မသုံးဖို႔ စီစဥ္ေနတယ္လို႔ မြန္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္းက ေျပာပါတယ္။ အခုအခါမွာေတာ့ အစိုးရအေနနဲ႔ က်ိဳက္ထီး႐ိုးေဒသ အမႈိက္ကင္းေစေရး ေကာ္မတီတရပ္ ဖြဲ႕စည္းထားၿပီး၊ ေရတိုေရရွည္ ေျဖရွင္းရမယ့္ စီမံခ်က္ေတြေရးဆြဲေနတာပါ။ ဒါအျပင္ အမႈိက္ကင္းစင္ေရးအတြက္ စီမံခ်က္အရ လုပ္ငန္းစဥ္ ၂၀ ခ်မွတ္ထားၿပီး၊ သက္ဆိုင္ရာဌာနေတြနဲ႔ ဘုရားေဂါပကအဖြဲ႕ေတြ လုပ္ေဆာင္ဖို႔ၫႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။ အစိုးရအဖြဲ႕ဟာ က်ိဳက္ထီး႐ိုးေဒသ အမႈိက္ကင္းေစေရးအတြက္ အခုဘ႑ာေရးႏွစ္မွာ ေငြက်ပ္ သိန္း ၄၀၀၀ ေက်ာ္ ကုန္က်ခံၿပီး အမႈိက္ဖ်က္ဆီးစက္႐ုံ တည္ေဆာက္ခဲ့တာပါ။ ဒါေပမဲ့ အမႈိက္ဖ်က္ဆီးစက္႐ုံဟာ က်ိဳက္ထီး႐ိုးေဒသတခုလုံးမွာ မလႊမ္းၿခဳံႏိုင္ေသးတဲ့အတြက္ေၾကာင့္ စနစ္တက် လုပ္ေဆာင္ေစခ်င္တယ္လို႔ မြန္ျပည္နယ္ လႊတ္ေတာ္ ဒုဥကၠ႒ ေဒါက္တာေအာင္ႏိုင္ဦးက အႀကံျပဳပါတယ္။ က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕ကေတာ့ အမႈိက္ကင္းေစေရးအတြက္ ဝန္ထမ္း အင္အား၃၀ ေက်ာ္နဲ႔ ရွင္းလင္း ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။ က်ိဳက္ထီး႐ိုးေဒသဟာ ဘုရားဖူးရာသီေတြမွာ ေန႔စဥ္ အမႈိက္ ၃ တန္မွ ၅ တန္အထိ ထြက္ရွိတဲ့အတြက္ေၾကာင့္ ႏွစ္စဥ္ ရန္ပုံေငြ က်ပ္ သန္း ၁၅၀ ေက်ာ္သုံးစြဲေဆာင္႐ြက္ဖို႔ ၿပီးခဲ့တဲ့ မတ္လမွာ ကုလသမဂၢဖြံ႕ၿဖိဳးမႈ အစီအစဥ္ UNDP က အႀကံျပဳထားပါတယ္။  ေဇာ္လြင္ထြဋ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024