ရောဘတ်မူဂါဘီ၏ ရုပ်အလောင်းကို ရက် ၃၀ ခန့်အကြာမှ မြေမြှုပ်သင်္ဂြိုဟ်မည်

3.5K
ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ်မူဂါဘီရဲ့ ရုပ်အလောင်းကို နောက်ထပ် ရက် ၃၀ လောက်အကြာမှ ဟာရေးရေးမြို့က အမျိုးသားသူရဲကောင်းများ ဗိမ္မာန်မှာ မြေမြှုပ်သင်္ဂြိုလ် သွားမယ်လို့ သူရဲ့ မိသားစုပြောခွင့်အရ အရာရှိက စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ သင်္ဂြိုဟ်မယ်လို့ အစောပိုင်းက ပြောခဲ့တာပါ။ ရောဘတ်မူဂါဘီဟာ ကျန်းမာရေး အခြေအနေ ဆိုးရွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က စင်ကာပူနိုင်ငံ ဆေးရုံတရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၉၅ နှစ်အရွယ် ရှိပါပြီ။ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ မူဂါဘီရဲ့ ရုပ်အလောင်းကို စင်ကာပူကနေ ဇင်ဘာဘွေကို ပို့ဆောင်ခဲ့ပါတယ်။
ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ မူဂါဘီဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စစ်တပ်အာဏာသိမ်းမှုအတွင်း သမ္မတရာထူးက ဖယ်ရှားခံခဲ့ရတာပါ။
ဇင်ဘာဘွေ လွတ်လပ်ရေးရတဲ့ ၁၉၈၀ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၀ နီးပါးမှာ အတော်များများက သူ့ကို အာဏာမက်မောသူ၊ အတိုက်အခံတွေကို နှိပ်ကွပ်သူ၊ ရွေးကောက်ပွဲတွေမှာ မရိုးမသားလုပ်သူနဲ့ နိုင်ငံစီးပွားရေးကို ဖျက်ဆီးသူအဖြစ် ရှုမြင်ခဲ့ပါတယ်။
===================================
ေရာဘတ္မူဂါဘီ၏ ႐ုပ္အေလာင္းကို ရက္ ၃၀ ခန႔္အၾကာမွ ေျမျမႇဳပ္သၿဂႋဳဟ္မည္
DVB
ဇင္ဘာေဘြ သမၼတေဟာင္း ေရာဘတ္မူဂါဘီရဲ႕ ႐ုပ္အေလာင္းကို ေနာက္ထပ္ ရက္ ၃၀ ေလာက္အၾကာမွ ဟာေရးေရးၿမိဳ႕က အမ်ိဳးသားသူရဲေကာင္းမ်ား ဗိမၼာန္မွာ ေျမျမႇဳပ္သၿဂႋဳလ္ သြားမယ္လို႔ သူရဲ႕ မိသားစုေျပာခြင့္အရ အရာရွိက စက္တင္ဘာ ၁၃ ရက္မွာ ေျပာပါတယ္။
စက္တင္ဘာ ၁၅ ရက္မွာ သၿဂႋဳဟ္မယ္လို႔ အေစာပိုင္းက ေျပာခဲ့တာပါ။ ေရာဘတ္မူဂါဘီဟာ က်န္းမာေရး အေျခအေန ဆိုး႐ြားၿပီးေနာက္ ၿပီးခဲ့တဲ့ သီတင္းပတ္က စင္ကာပူႏိုင္ငံ ေဆး႐ုံတ႐ုံမွာ ကြယ္လြန္သြားခဲ့ပါတယ္။
ကြယ္လြန္ခ်ိန္မွာေတာ့ သူဟာ အသက္ ၉၅ ႏွစ္အ႐ြယ္ ရွိပါၿပီ။ စက္တင္ဘာ ၁၁ ရက္ေန႔မွာေတာ့ မူဂါဘီရဲ႕ ႐ုပ္အေလာင္းကို စင္ကာပူကေန ဇင္ဘာေဘြကို ပို႔ေဆာင္ခဲ့ပါတယ္။
ဇင္ဘာေဘြႏိုင္ငံကို ၃၇ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တဲ့ မူဂါဘီဟာ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလက စစ္တပ္အာဏာသိမ္းမႈအတြင္း သမၼတရာထူးက ဖယ္ရွားခံခဲ့ရတာပါ။
ဇင္ဘာေဘြ လြတ္လပ္ေရးရတဲ့ ၁၉၈၀ ခုႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း ၄၀ နီးပါးမွာ အေတာ္မ်ားမ်ားက သူ႔ကို အာဏာမက္ေမာသူ၊ အတိုက္အခံေတြကို ႏွိပ္ကြပ္သူ၊ ေ႐ြးေကာက္ပြဲေတြမွာ မ႐ိုးမသားလုပ္သူနဲ႔ ႏိုင္ငံစီးပြားေရးကို ဖ်က္ဆီးသူအျဖစ္ ရႈျမင္ခဲ့ပါတယ္။