Home
ကျန်းမာရေး
ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ
DVB
·
September 14, 2019
ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။ ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘ ဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ် ။ ဒီတော့ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဘယ်လိုခွဲကြမလဲ။ ။ မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်းခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။ ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ။ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး ။ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။ နာကျင်မှုပုံစံ ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ့နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။ လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။ ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။ ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။ နာကျင့်မှု ပျံ့နှံ့ခြင်း။ ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။ အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။ သက်သာသွားတာ ပိုးဆိုးသွားတာ။ ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာ ပုံစံအမှန်လေးပြင်လိုက်ရုံနဲ့သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။ ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ ။မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။ ခါးနာတာနဲ့အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ ကျောက်ကပ်ကျောက်တည်တာ ။ပိုးဝင်တာမျိုးတွေမှာ – ချမ်းတုန်ပြီးဖျားတာ ၊ပျို့အန်တာ ၊ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ ၊ဆီးထဲ သွေးပါတာ၊ ဆီးမထိန် းနိုaင်တာမျိုးတွေ ရှိတတ်ပါတယ်။ ကျောက်တည်တဲ့ ပြဿနာ ၊ကျောက်ကပ် ပိုးဝင် တဲ့ပြဿနာတွေဟာ ဆေးစား ၊ဆေးသောက်၊ ခွဲစိတ်မှုတွေ လုပ်မှ ပျောက်တဲ့ ပြဿနာတွေဖြစ်တာကြောင့် ဆရာဝန် ဆီ သွားပြီး ကုသဖို့လိုပါတယ်။ ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ ၊ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနောတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။ Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ေရးသားသူ   ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။ ================================= ခါးေအာက္ပိုင္းနာေနတာၾကာၿပီ။ ဟာ ဒါဆို ေက်ာက္ကပ္ျဖစ္ႏိုင္တယ္ဆိုတဲ့ စကားေလးေတြ ၾကားဖူးၾကမွာပါ။ ဒါက မွားေနတာေတာ့မဟုတ္ပါဘူး။ ေက်ာက္ကပ္ျပႆနာရဲ႕ လကၡဏာေတြထဲမွာ ခါးနာတာပါတတ္ေပမယ့္ အျခား ေက်ာက္ကပ္မဟုတ္ဘ ဲခါးကိုယ္တိုင္ဒဏ္ရာရေနလို႔ ခါးနာတာေတြလည္း ရွိပါေသးတယ္ ။ ဒီေတာ့ ေက်ာက္ကပ္ေၾကာင့္ျဖစ္တဲ့ ခါးနာတာနဲ႔ ႐ိုး႐ိုးခါးနာတာကို ဘယ္လိုခြဲၾကမလဲ။ ။ မွားလည္း မွားခ်င္စရာပါပဲ။ ေက်ာက္ကပ္ ႏွစ္လုံးကလည္းခါးေအာက္ပိုင္းပတ္လည္မွာပဲ ရွိေနတာမလား။ ဒီေတာ့ ႏွစ္ခုလုံးက ေရာခ်င္စရာပဲေပါ့ ။ ဒါေပမယ့္ ခုေျပာျပမယ့္ နည္းေလးေတြနဲ႔ ခြဲလို႔ရပါတယ္။ ဘာ့ေၾကာင့္ျဖစ္ရတာလဲ ။ ေက်ာက္ကပ္မွာ ေက်ာက္တည္တာေတြ ။ေက်ာက္ကပ္ပိုးဝင္တာေတြေၾကာင့္ ေက်ာက္ကပ္ေအာင့္တဲ့ ျပႆနာေတြ ျဖစ္ႏိုင္ပါတယ္။ ခါးနာတာက်ေတာ့ ခါးပတ္လည္မွာရွိတဲ့ အ႐ိုး ။ႂကြက္သား နဲ႔ အေၾကာတစ္ခုခု ဒဏ္ရာရသြားတာေၾကာင့္ ခါးနာျခင္းျဖစ္ရတာပါ။ နာက်င္မႈပုံစံ ေက်ာက္ကပ္ထဲ ေက်ာက္တည္ရင္ စူးကနဲ႔နာတာမ်ိဳးခံစားရၿပီး ေက်ာက္ကပ္ ပိုးဝင္ေနတာဆိုရင္ေတာ့ ခါးေအာက္ပိုင္း ေအာင့္ေတာင့္ေတာင့္ ေဝဒနာကို ခံစားရမွာပါ။ လႈပ္ရွားမႈေၾကာင့္ ခါးပိုနာတာမ်ိဳး မရွိသလို သူ႔ဘာသာသူလည္း သက္သာမသြားတတ္ပါဘူး။ ဒါေပမယ့္ အထဲက ေက်ာက္ကေလး ေနရာရာေ႐ြ႕သြားတဲ့အခ်ိန္မ်ိဳးမွာေတာ့ နာက်င္မႈ ျပင္းထန္တတ္ပါတယ္။ ခါးနာတာမွာက်ေတာ့ ႂကြက္သားဒဏ္ျဖစ္ေနတာဆိုရင္ ေအာင့္ေတာင့္ေတာင့္ ေဝဒနာခံစားရတတ္ၿပီး အာ႐ုံေၾကာထိတဲ့ ခါးနာျခင္းမွာက်ေတာ့ တင္ပါးပတ္လည္ ေျခေထာက္ေအာက္ပိုင္းနဲ႔ ေျခဖဝါးတို႔မွာပါ စူးကနဲ က်င္ခနဲနာက်င္တဲ့ခံစားမႈမ်ိဳး ခံစားရတတ္ပါတယ္။ ႂကြက္သားထိလို႔ နာတာဆိုရင္ ခါး ၂ ဘက္လုံးနာတတ္ေပမယ့္ အေၾကာထိလို႔ နာတာဆိုရင္ေတာ့ ခါးတစ္ဘက္တည္းက နာေနတတ္ပါတယ္။ နာက်င့္မႈ ပ်ံ႕ႏွံ႔ျခင္း။ ေက်ာက္ကပ္ေၾကာင့္ျဖစ္တဲ ခါးနာျခင္းဟာ ေပါင္အတြင္းပိုင္းနဲ႔ ဗိုက္ေအာက္ပိုင္းေတြကိုပ်ံ႕သြားၿပီး အဲဒီေနရာေတြမွာပါ နာေနတတ္ပါတယ္။ အာ႐ုံေၾကာထိလို႔နာတဲ့ခါးနာျခင္းမွာေတာ့ နာက်င္မႈဟာ ေျခေထာက္ ေအာက္ပိုင္းအထိ ပ်ံ႕သြားတတ္ၿပီး ႂကြက္သားထိလို႔နာတဲ့ခါးနာျခင္းကေတာ့ ခါးပတ္လည္မွာပဲ နာက်င္မႈ ေဝဒနာ ရွိေနတတ္ပါတယ္။ သက္သာသြားတာ ပိုးဆိုးသြားတာ။ ေက်ာက္ကပ္ ေၾကာင့္ျဖစ္တဲ့ခါးနာျခင္းက ေဆးကုသမႈ မခံယူမခ်င္း သက္သာသြားမယ့္ နာက်င္မႈ မ်ိဳး မဟုတ္ပါဘူး။ ကိုယ့္ခႏၶာ ပုံစံအမွန္ေလးျပင္လိုက္႐ုံနဲ႔သက္သာသြားမွာမဟုတ္သလို လႈပ္လႈပ္ရွားရွား လုပ္လြန္းလို႔ ပိုဆိုးသြားတာမ်ိဳးလည္း မရွိပါဘူး။ ႐ိုး႐ိုးခါးနာတာက်ေတာ့ တစ္ခ်ိန္လုံး ခါးကိုအားျပဳထိုင္ေနတာ ။မတ္တပ္ရပ္တာ ၾကာတဲ့ အခါမ်ိဳးေတြမွာ ပိုဆိုးတတ္ၿပီး ကိုယ္အေနအထားကို ျပင္လိုက္တဲ့အခ်ိန္ ေလ့က်င့္ခန္းေလး လုပ္ေပးတဲ့အခ်ိန္မွာ သက္သာသြားတတ္ပါတယ္။ ခါးနာတာနဲ႔အတူရွိေနတတ္တဲ့အျခား လကၡဏာေတြ ေက်ာက္ကပ္ေက်ာက္တည္တာ ။ပိုးဝင္တာမ်ိဳးေတြမွာ – ခ်မ္းတုန္ၿပီးဖ်ားတာ ၊ပ်ိဳ႕အန္တာ ၊ဆီးသြားရင္နာတာ၊ ဆီးအနည္ထိုင္တာ ၊ဆီးထဲ ေသြးပါတာ၊ ဆီးမထိန္ းႏိုaင္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ေက်ာက္တည္တဲ့ ျပႆနာ ၊ေက်ာက္ကပ္ ပိုးဝင္ တဲ့ျပႆနာေတြဟာ ေဆးစား ၊ေဆးေသာက္၊ ခြဲစိတ္မႈေတြ လုပ္မွ ေပ်ာက္တဲ့ ျပႆနာေတြျဖစ္တာေၾကာင့္ ဆရာဝန္ ဆီ သြားၿပီး ကုသဖို႔လိုပါတယ္။ ႐ိုး႐ိုး ခါးနာတာမွာက် နာေနတဲ့ ခါးေနရာက ေရာင္ေနတာ ၊ထိလိုက္ရင္ ပိုနာတာ၊ ႂကြက္သားႀကီးေတြ တင္းေနာတာနဲ႔ ခါးေအာက္ပိုင္း အားမရွိတာ စတဲ့ ေဝဒနာေတြကိုပါ ခံစားရမွာ ျဖစ္ပါတယ္။ ခါးနာတာနဲ႔အတူ ဆီးေတြ၊ ဝမ္းေတြ မထိန္းႏိုင္တာေတြပါရွိေနတယ္ဆိုရင္ေတာ့ ခါးဆစ္႐ိုးထဲက အေၾကာေတြ ထိေနတဲ့ ျပႆနာျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္ဆီ ျမန္ျမန္သြားဖို႔လိုပါတယ္။ Hello Health Group သည္ ေဆးပညာဆိုင္ရာ အႀကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024