A d v e r t i s e m e n t With Us

စပိန်တွင် ရေကြီးရေလျှံ၍ ၅ ဦးသေဆုံး၊ ပိတ်မိနေသူများကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်

စပိန်နိုင်ငံ အရှေ့တောင်ပိုင်းတလျှောက်မှာ နှစ်ရက်ဆက်တိုက် မိုးသည်းသည်းမည်းမည်း ရွာပြီးနောက် စက်တင်ဘာ ၁၃ ရက်မှာတော့  လော့အယ်လ်ကာဇာရဲက်မြို့နဲ့ ဆန်ပီဒရို ဒဲလ်မီနာတာမြို့တွေမှာ ရေကြီးရေလျှံနေပါတယ်။  ရေဘေးသင့်ဒေသခံတွေကို ကယ်ဆယ်ရေးလုပ်ငန်းမှာ စပိန်စစ်တပ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေကြပြီး ရေကြီးတဲ့နေရာတွေမှာ ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေ သုံးပြီး ကယ်ဆယ်ခဲ့ကြပါတယ်။  လက်ရှိအချိန်ထိ နိုင်ငံအရှေ့တောင်ပိုင်းတစ်လျောက် ဆိုးဆိုးရွားရွားရေကြီးလို့ သေဆုံးသူ ၅ဦးအထိ ရှိလာပြီလို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။  ဗယ်လင်စီယာမြို့နဲ့ မာစီယာမြို့တွေမှာလည်း မိုးများတာကြောင့် ကျောင်းတွေပိတ်ထားရပြီး လမ်းတွေ ရေဖုံးနေတဲ့အပြင်  မော်တော်ကားတွေလည်း ရေထဲ မျောပါကုန်ပါတယ်။   ဒါ့အပြင် ဆန်တိုမီယာမြို့မှာ စက်တင်ဘာ ၁၃ ရက်က ရေလှောင်ကန်တခုရဲ့ နံရံကနေ ရေတွေပန်းထွက်လာတာကြောင့် အနားက ထောင်ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ ပြောင်းခဲ့ရပါတယ်။ ============== စပိန္တြင္ ေရႀကီးေရလွ်ံ၍ ၅ ဦးေသဆုံး၊ ပိတ္မိေနသူမ်ားကို ရဟတ္ယာဥ္ျဖင့္ ကယ္ဆယ္ DVB စပိန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းတေလွ်ာက္မွာ ႏွစ္ရက္ဆက္တိုက္ မိုးသည္းသည္းမည္းမည္း ႐ြာၿပီးေနာက္ စက္တင္ဘာ ၁၃ ရက္မွာေတာ့  ေလာ့အယ္လ္ကာဇာရဲက္ၿမိဳ႕နဲ႔ ဆန္ပီဒ႐ို ဒဲလ္မီနာတာၿမိဳ႕ေတြမွာ ေရႀကီးေရလွ်ံေနပါတယ္။ ေရေဘးသင့္ေဒသခံေတြကို ကယ္ဆယ္ေရးလုပ္ငန္းမွာ စပိန္စစ္တပ္အဖြဲ႕ေတြက ပူးေပါင္းလုပ္ေဆာင္ေနၾကၿပီး ေရႀကီးတဲ့ေနရာေတြမွာ ပိတ္မိေနသူေတြကို ရဟတ္ယာဥ္ေတြ သုံးၿပီး ကယ္ဆယ္ခဲ့ၾကပါတယ္။ လက္ရွိအခ်ိန္ထိ ႏိုင္ငံအေရွ႕ေတာင္ပိုင္းတစ္ေလ်ာက္ ဆိုးဆိုး႐ြား႐ြားေရႀကီးလို႔ ေသဆုံးသူ ၅ဦးအထိ ရွိလာၿပီလို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ ဗယ္လင္စီယာၿမိဳ႕နဲ႔ မာစီယာၿမိဳ႕ေတြမွာလည္း မိုးမ်ားတာေၾကာင့္ ေက်ာင္းေတြပိတ္ထားရၿပီး လမ္းေတြ ေရဖုံးေနတဲ့အျပင္  ေမာ္ေတာ္ကားေတြလည္း ေရထဲ ေမ်ာပါကုန္ပါတယ္။ ဒါ့အျပင္ ဆန္တိုမီယာၿမိဳ႕မွာ စက္တင္ဘာ ၁၃ ရက္က ေရေလွာင္ကန္တခုရဲ႕ နံရံကေန ေရေတြပန္းထြက္လာတာေၾကာင့္ အနားက ေထာင္ခ်ီတဲ့ ေဒသခံေတြကို ေဘးလြတ္ရာေ႐ႊ႕ ေျပာင္းခဲ့ရပါတယ္။

A d v e r t i s e m e n t With Us

More News
Up