A d v e r t i s e m e n t With Us

အင်းစိန် ဘီပီအိုင်ဆေးဝါးစက်ရုံ ဦးဆောင်ညွှန်ကြားရေးမှူးကို ထုတ်ပယ်

အင်းစိန် ဘီပီအိုင်ဆေးဝါးစက်ရုံ အဂတိမှုနဲ့ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့တဲ့ ဦးဆောင်ညွှန်ကြားရေးမှူးကို သမ္မတက အရေးယူ ထုတ်ပယ်လိုက်ပါတယ်။ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ဟာ အဂတိမှုမှာ ပါဝင်ပတ်သက်တာ မရှိပေမယ့် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က နိုင်ငံတော် သမ္မတဆီကို ဒီကိစ္စအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့အတွက် သမ္မတရဲ့ စီမံခန့်ခွဲမှုနည်းလမ်းအရ ထိရောက်တဲ့ အပြစ်ဒဏ်ပေးဖို့ စက်တင်ဘာ ၆ ရက်မှာ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။  “စစ်ဆေးချက်မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရတော့ ငြိစွန်းမှု မရှိဘူး။ သို့သော် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွယ်တယ်ပေါ့။ ဒါကြောင့် နိုင်ငံတော်သမ္မတရဲ့ အုပ်ချုပ်မှု နည်းလမ်းနဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ကို စက်တင်ဘာလ ၁၂ ရက်နေ့ကပဲ ရာထူးက ထုတ်ပယ်လိုက်ပါတယ်” တရားစွဲဆိုခံထားရတဲ့ အင်းစိန် ဘီပီအိုင်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်နဲ့ ပတ်သက်ပြီးတော့ တရားရေးလမ်းကြောင်းမှာ ရောက်နေတာဖြစ်လို့ အစိုးရဘက်က မှတ်ချက်ပေးဖို့ မရှိဘူးလို့လည်း သူက ပြောပါတယ်။ ပြီးတော့ ဒီလိုဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကာအကွယ်ပေးတာမျိုး၊ ဖုံးဖိထားတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ အင်းစိန် ဘီပီအိုင်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ဆေးဝါးထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကော်စေ့ ၂၆ တန်ကို လုပ်နည်းလုပ်နည်းနဲ့ မညီဘဲ ဝယ်ခဲ့တာကြောင့် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အင္းစိန္ ဘီပီအိုင္ေဆးဝါးစက္႐ုံ ဦးေဆာင္ၫႊန္ၾကားေရးမႉးကို ထုတ္ပယ္ အင္းစိန္ ဘီပီအိုင္ေဆးဝါးစက္႐ုံ ‌အဂတိမႈနဲ႔ပတ္သက္ၿပီး ႀကီးၾကပ္ကြပ္ကဲဖို႔ ပ်က္ကြက္ခဲ့တဲ့ ဦးေဆာင္ၫႊန္ၾကားေရးမႉးကို သမၼတက အေရးယူ ထုတ္ပယ္လိုက္ပါတယ္။ စက္မႈဝန္ႀကီးဌာန ျမန္မာ့ေဆးဝါးလုပ္ငန္းရဲ႕ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးကိုကိုေအာင္ဟာ အဂတိမႈမွာ ပါဝင္ပတ္သက္တာ မရွိေပမယ့္ ႀကီးၾကပ္ကြပ္ကဲဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္လို႔ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ႏိုင္ငံေတာ္ သမၼတဆီကို ဒီကိစၥအေပၚမွာ တာဝန္ယူမႈ တာဝန္ခံမႈရွိဖို႔အတြက္ သမၼတရဲ႕ စီမံခန႔္ခြဲမႈနည္းလမ္းအရ ထိေရာက္တဲ့ အျပစ္ဒဏ္ေပးဖို႔ စက္တင္ဘာ ၆ ရက္မွာ တင္ျပခဲ့တယ္လို႔ ဆိုပါတယ္။ “စစ္ေဆးခ်က္မွာေတာ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရေတာ့ ၿငိစြန္းမႈ မရွိဘူး။ သို႔ေသာ္ ႀကီးၾကပ္ကြပ္ကဲဖို႔ ပ်က္ကြယ္တယ္ေပါ့။ ဒါေၾကာင့္ ႏိုင္ငံေတာ္သမၼတရဲ႕ အုပ္ခ်ဳပ္မႈ နည္းလမ္းနဲ႔ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးကိုကိုေအာင္ကို စက္တင္ဘာလ ၁၂ ရက္ေန႔ကပဲ ရာထူးက ထုတ္ပယ္လိုက္ပါတယ္” တရားစြဲဆိုခံထားရတဲ့ အင္းစိန္ ဘီပီအိုင္ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္နဲ႔ ပတ္သက္ၿပီးေတာ့ တရားေရးလမ္းေၾကာင္းမွာ ေရာက္ေနတာျဖစ္လို႔ အစိုးရဘက္က မွတ္ခ်က္ေပးဖို႔ မရွိဘူးလို႔လည္း သူက ေျပာပါတယ္။ ၿပီးေတာ့ ဒီလိုဝန္ထမ္းေတြနဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔ အကာအကြယ္ေပးတာမ်ိဳး၊ ဖုံးဖိထားတာမ်ိဳး မရွိဘူးလို႔လည္း ဆိုပါတယ္။ အင္းစိန္ ဘီပီအိုင္ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ကို ေဆးဝါးထုပ္ပိုးပစၥည္းေတြ ထုတ္လုပ္ဖို႔ ေကာ္ေစ့ ၂၆ တန္ကို လုပ္နည္းလုပ္နည္းနဲ႔ မညီဘဲ ဝယ္ခဲ့တာေၾကာင့္ ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အေရးယူ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up