ဘူးသီးတောင်တွင် မိုင်းထိမှန်သည့် ကျောင်းသားတဦး လက်ချောင်းများ ဖြတ်ရ

3.9K
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု ကျွဲရိုင်း(နတလ) စံပြကျေးရွာ စာသင်ကျောင်းအနီး မိုင်းပေါက်ကွဲခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့လို့ မောင်တောဆေးရုံမှာ ကုသမှု ခံ.ယူနေရပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ နက်ပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ကျောင်းသား ၂ ဦးထဲက ၁ ဦးကတော့ ညာဘက်လက်ချောင်းအားလုံးဖြတ်လိုက်ရပြီး အကူအညီလိုအပ်နေတယ်လို့ ဖခင်ဖြစ်သူ ဦးကျော်ဖြူက ပြောပါတယ်။
"ထမင်စားပြီး ကလေးက ကျောင်းကိုထွက်သွားပါတယ်၊ အိမ်ကိုဒဏ်ရာရရှိပြီး ရောက်လာပြီးမှ သိရတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပါဘူး။ အခုကတော့ လက်ချောင်းတွေ အားလုံးဖြတ်လိုက်ရပါပြီ။” လို့ပြောပါတယ်။
မိုင်းထိမှန်ပြီး လက်ချောင်းအားလုံး ဖြတ်လိုက်ရတဲ့ကျောင်းသားကတော့ မောင်ခိုင်မောင်သိန်း ၁၂ နှစ် ဖြစ်ပြီး မောင်ငြိမ်းချမ်းအောင် ၁၂ နှစ် ကတော့ နားရွက်နဲ့ ရင်ဘတ်မှာ ထိခိုက်ခဲ့ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။
တင်းမေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သာဦးက "စာသင်ကျောင်းနောက်ဘက်မှာပါ၊ ဘယ်အဖွဲက မိုင်းလည်းဆိုတာ မပြောတတ်ပါဘူး။ ဒဏ်ရာရတဲ့ ကလေးတွေကို အချိန်မီ ဘူးတောင်ဆေးရုံကို ပို့နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုလို မိုင်းပေါက်ကွဲတာကြောင့် ရွာသူ/သားတွေ စိုးရိမ်နေကြပြီး အပြင်မထွက် ရဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ် တင်မေကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၃ ရွာ ရှိပြီး အိမ်ခြေ ၂၀၀ လောက်ရှိပြီး လူဦးရေ ၇၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ အရပ်သား သေဆုံးသူ လူ ၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
===========================
ဘူးသီးေတာင္တြင္ မိုင္းထိမွန္သည့္ ေက်ာင္းသားတဦး လက္ေခ်ာင္းမ်ား ျဖတ္ရ
DVB
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ တင္းေမေက်း႐ြာအုပ္စု ကြၽဲ႐ိုင္း(နတလ) စံျပေက်း႐ြာ စာသင္ေက်ာင္းအနီး မိုင္းေပါက္ကြဲခဲ့တာေၾကာင့္ အသက္ ၁၂ ႏွစ္အ႐ြယ္ ၆ တန္းေက်ာင္းသား ႏွစ္ဦး ဒဏ္ရာရရွိခဲ့လို႔ ေမာင္ေတာေဆး႐ုံမွာ ကုသမႈ ခံ.ယူေနရပါတယ္။
စက္တင္ဘာ ၁၂ ရက္ေန႔ နက္ပိုင္းက ေပါက္ကြဲခဲ့တာျဖစ္ၿပီး ဒဏ္ရာရရွိတဲ့ ေက်ာင္းသား ၂ ဦးထဲက ၁ ဦးကေတာ့ ညာဘက္လက္ေခ်ာင္းအားလုံးျဖတ္လိုက္ရၿပီး အကူအညီလိုအပ္ေနတယ္လို႔ ဖခင္ျဖစ္သူ ဦးေက်ာ္ျဖဴက ေျပာပါတယ္။
"ထမင္စားၿပီး ကေလးက ေက်ာင္းကိုထြက္သြားပါတယ္၊ အိမ္ကိုဒဏ္ရာရရွိၿပီး ေရာက္လာၿပီးမွ သိရတာပါ။ ဘယ္လိုျဖစ္တယ္ဆိုတာ မသိရပါဘူး။ အခုကေတာ့ လက္ေခ်ာင္းေတြ အားလုံးျဖတ္လိုက္ရပါၿပီ။” လို႔ေျပာပါတယ္။
မိုင္းထိမွန္ၿပီး လက္ေခ်ာင္းအားလုံး ျဖတ္လိုက္ရတဲ့ေက်ာင္းသားကေတာ့ ေမာင္ခိုင္ေမာင္သိန္း ၁၂ ႏွစ္ ျဖစ္ၿပီး ေမာင္ၿငိမ္းခ်မ္းေအာင္ ၁၂ ႏွစ္ ကေတာ့ နား႐ြက္နဲ႔ ရင္ဘတ္မွာ ထိခိုက္ခဲ့ၿပီး ဘူးသီးေတာင္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကပါတယ္။
တင္းေမေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သာဦးက "စာသင္ေက်ာင္းေနာက္ဘက္မွာပါ၊ ဘယ္အဖြဲက မိုင္းလည္းဆိုတာ မေျပာတတ္ပါဘူး။ ဒဏ္ရာရတဲ့ ကေလးေတြကို အခ်ိန္မီ ဘူးေတာင္ေဆး႐ုံကို ပို႔ႏိုင္ခဲ့ပါတယ္” လို႔ ေျပာပါတယ္။
အခုလို မိုင္းေပါက္ကြဲတာေၾကာင့္ ႐ြာသူ/သားေတြ စိုးရိမ္ေနၾကၿပီး အျပင္မထြက္ ရဲျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။
ဘူးသီးေတာင္ၿမိဳ႕နယ္ တင္ေမေက်း႐ြာအုပ္စုမွာ ေက်း႐ြာေပါင္း ၃ ႐ြာ ရွိၿပီး အိမ္ေျခ ၂၀၀ ေလာက္ရွိၿပီး လူဦးေရ ၇၀၀ ေက်ာ္ေနထိုင္ၾကတယ္လို႔ သိရပါတယ္။
ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြနဲ႔ မိုင္းေပါက္ကြဲမႈျဖစ္စဥ္ေတြေၾကာင့္ ၂၀၁၈ ဒီဇင္ဘာလကေန အခု ၂၀၁၉ စက္တင္ဘာလအထိ အရပ္သား ေသဆုံးသူ လူ ၈၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၁၂၀ ေက်ာ္ေလာက္ ရွိတယ္လို႔ ရခိုင္အရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ စာရင္းေတြအရ သိရပါတယ္။