မွေးကင်းစ အမြွှာကလေးနှစ်ဦးကိုရောင်း၍ ဖုန်းအသစ်ဝယ်ကိုင်သည့် တရုတ်မိခင် ဖမ်းဆီးခံရ

မွေးကင်းစ အမြွှာကလေးငယ်နှစ်ဦးကိုရောင်းပြီး အကြွေးဆပ်ကာ ဖုန်းအသစ်ဝယ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံက မိခင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။  မာလို့ပဲသိရတဲ့ ဒီအမျိုးသမီးဟာ လသားအရွယ်သူ့ရဲ့ အမြွှာလေးနှစ်ဦးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မတူညီတဲ့မိသားစုနှစ်ခုထံ ရောင်းချခဲ့တာဖြစ်ပြီး ကလေးရောင်းချမှုတခုကို စုံစမ်းရင်း ဒီကိစ္စကိုရဲတပ်ဖွဲက ဖော်ထုတ်နိုင်ခဲ့တာလို့ ဒေသတွင်း သတင်းတခုမှာ ဖော်ပြပါတယ်။  အသက် ၂၀ ကျော်အရွယ်သာရှိသေးတဲ့ မိခင်မပီတဲ့ မာဟာ အကြွေးနွံနစ်နေသူဖြစ်ပြီး သူ့ကိုယ်ဝန်ကို သဘောမကျတာကြောင့် မိဘတွေဆီကနေလည်း ဘာအကူအညီမှ မရခဲ့ဖူးလို့ သိရပါတယ်။  ကလေးတွေရဲ့ ဖခင်ဖြစ်သူဟာ ဝူလို့ခေါ်ပြီး သူဟာလည်း ကလေးတွေကို မလိုချင်ဘူးလို့ အတိအလင်း ကြေညာထားသူဖြစ်ပါတယ်။  မာဟာ ကလေးတွေကို ဘယ်လိုရောင်းချခဲ့လဲ မသိရပေမယ့် ဒီရောင်းချမှုကနေ ဝမ် ၆၅၀၀၀ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ကလေးတွေကို မလိုချင်ပေမယ့် ကလေးရောင်းချပြီးချိန်မှာတော့ ဝူဟာ သူ့ဆီရောက်လာခဲ့ပြီး ငွေတွေရဲ့တစ်ဝက်ကို ယူသွားတယ်လို့ မာက ပြောပါတယ်။  ဝူဟာလည်း ဒီငွေတွေကို လောင်းကစားကြွေးတွေအတွက် အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  အဲ့ဒီနောက်မှာတော့ မာဟ ာကျန်တဲ့ငွေတဝက်နဲ့ အကြွေးတွေကိုဆပ်ပြီး ဖုန်းအသစ်တစ်လုံး ဝယ်ယူခဲ့ပါတယ်။  အလားတူအမှုတခုကို လိုက်ရာကနေ ရဲတပ်ဖွဲ့က မာရဲ့ တုန်လှုပ်စရာဖြစ်ရပ်ကို သိရှိရခဲ့တာဖြစ်ပြီး မာနဲ့ ဝူနှစ်ဦးစလုံးကို ဖမ်းဆီးပြီး ကလေးတွေကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကလေးတွေကို မာရဲ့မိဘတွေဆီ ပို့ဆောင်ပေးခဲ့ပြီး မာတို့နှစ်ဦးကိုတော့ ကြီးလေးတဲ့ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ======================== ေမြးကင္းစ အႁမႊာကေလးႏွစ္ဦးကိုေရာင္း၍ ဖုန္းအသစ္ဝယ္ကိုင္သည့္ တ႐ုတ္မိခင္ ဖမ္းဆီးခံရ DVB ေမြးကင္းစ အႁမႊာကေလးငယ္ႏွစ္ဦးကိုေရာင္းၿပီး အေႂကြးဆပ္ကာ ဖုန္းအသစ္ဝယ္ကိုင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံက မိခင္တဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ စက္တင္ဘာ ၁၁ ရက္ေန႔ OC သတင္းမွာေဖာ္ျပပါတယ္။ မာလို႔ပဲသိရတဲ့ ဒီအမ်ိဳးသမီးဟာ လသားအ႐ြယ္သူ႔ရဲ႕ အႁမႊာေလးႏွစ္ဦးကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက မတူညီတဲ့မိသားစုႏွစ္ခုထံ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ကေလးေရာင္းခ်မႈတခုကို စုံစမ္းရင္း ဒီကိစၥကိုရဲတပ္ဖြဲက ေဖာ္ထုတ္ႏိုင္ခဲ့တာလို႔ ေဒသတြင္း သတင္းတခုမွာ ေဖာ္ျပပါတယ္။ အသက္ ၂၀ ေက်ာ္အ႐ြယ္သာရွိေသးတဲ့ မိခင္မပီတဲ့ မာဟာ အေႂကြးႏြံနစ္ေနသူျဖစ္ၿပီး သူ႔ကိုယ္ဝန္ကို သေဘာမက်တာေၾကာင့္ မိဘေတြဆီကေနလည္း ဘာအကူအညီမွ မရခဲ့ဖူးလို႔ သိရပါတယ္။ ကေလးေတြရဲ႕ ဖခင္ျဖစ္သူဟာ ဝူလို႔ေခၚၿပီး သူဟာလည္း ကေလးေတြကို မလိုခ်င္ဘူးလို႔ အတိအလင္း ေၾကညာထားသူျဖစ္ပါတယ္။ မာဟာ ကေလးေတြကို ဘယ္လိုေရာင္းခ်ခဲ့လဲ မသိရေပမယ့္ ဒီေရာင္းခ်မႈကေန ဝမ္ ၆၅၀၀၀ ရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ကေလးေတြကို မလိုခ်င္ေပမယ့္ ကေလးေရာင္းခ်ၿပီးခ်ိန္မွာေတာ့ ဝူဟာ သူ႔ဆီေရာက္လာခဲ့ၿပီး ေငြေတြရဲ႕တစ္ဝက္ကို ယူသြားတယ္လို႔ မာက ေျပာပါတယ္။ ဝူဟာလည္း ဒီေငြေတြကို ေလာင္းကစားေႂကြးေတြအတြက္ အသုံးျပဳခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မာဟ ာက်န္တဲ့ေငြတဝက္နဲ႔ အေႂကြးေတြကိုဆပ္ၿပီး ဖုန္းအသစ္တစ္လုံး ဝယ္ယူခဲ့ပါတယ္။ အလားတူအမႈတခုကို လိုက္ရာကေန ရဲတပ္ဖြဲ႕က မာရဲ႕ တုန္လႈပ္စရာျဖစ္ရပ္ကို သိရွိရခဲ့တာျဖစ္ၿပီး မာနဲ႔ ဝူႏွစ္ဦးစလုံးကို ဖမ္းဆီးၿပီး ကေလးေတြကို ျပန္လည္ေခၚေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ကေလးေတြကို မာရဲ႕မိဘေတြဆီ ပို႔ေဆာင္ေပးခဲ့ၿပီး မာတို႔ႏွစ္ဦးကိုေတာ့ ႀကီးေလးတဲ့ျပစ္မႈေတြနဲ႔ စြဲခ်က္တင္ထားတယ္လို႔ သိရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up