တောနက်ထဲ တရားမဝင် စိုက်ပျိုးထားသည့် ကိုကာပင်များကို ပီရူးအစိုးရ ဖျက်ဆီးမည်

ပီရူးနိုင်ငံအတွင်း တရားဥပဒေ မစိုးမိုးတဲ့ တောနက်ထဲမှာ တရားမဝင် စိုက်ထားတဲ့ ကိုကာပင်တွေကို လုံခြုံရေးတပ်တွေက စပြီး ရှင်းထုတ်တော့မယ်လို့ အစိုးရက စက်တင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။
ကိုကင်းအထွက်နှုန်း တိုးနေတာကို အာဏာပိုင်တွေက တွန်းလှန်ချင်နေပါတယ်။ မူးယစ်ကုန်ကူးသူတွေကို ပံ့ပိုးနေတဲ့ လက်ဝဲယိမ်း သူပုန်တွေ အားအင်ချည့်နဲ့အောင် လုပ်မယ်လို့ ပြည်ထဲရေးဝန်ကြီး ကာလိုမိုရန်က ပြောပါတယ်။
၄၅ ရက်ကြာ စစ်ဆင်ရေးကို နိုဝင်ဘာ ၁ ရက်နေ့မှာ စပြီး ကိုကာပင် ဟက်တာ ၇၅၀ ကို ဖျက်ဆီးမှာပါ။
နောက်နှစ်မှာတော့ ပိုပြီး ဒေသတွင်းမှာ ပိုက်စိပ်တိုက် ရှင်းလင်းမယ်လို့ မိုရန်က ပြောပါတယ်။ အသေးစိတ် အစီအစဉ်တွေကိုတော့ မပြောခဲ့ပါဘူး။
ပီရူးနိုင်ငံတွင်း ၂၀၁၆ မှာ ထုတ်လုပ်တဲ့ ကိုကင်း ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းကို တောတောင် ထူထပ်တဲ့ ဗရန်ဒေသကနေ ထုတ်လုပ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု လေ့လာရေးရုံး (UNODC) အစီရင်ခံစာက ဆိုပါတယ်။
အဲဒီဒေသမှာ ၂၀၁၇ ကိုကာပင် စိုက်ပျိုးမှုဟာ ၂၀၁၆ ကထက် ၂၀ ရာခိုင်နှုန်း တိုးလာတယ်လို့ (UNODC) က ပြောပါတယ်။
ပီရူးဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကိုကာ စိုက်ပျိုးတဲ့နိုင်ငံလို့ အမေရိကန်အစိုးရက ပြောပါတယ်။
==============================
ေတာနက္ထဲ တရားမဝင္ စိုက္ပ်ိဳးထားသည့္ ကိုကာပင္မ်ားကို ပီ႐ူးအစိုးရ ဖ်က္ဆီးမည္
DVB
ပီ႐ူးႏိုင္ငံအတြင္း တရားဥပေဒ မစိုးမိုးတဲ့ ေတာနက္ထဲမွာ တရားမဝင္ စိုက္ထားတဲ့ ကိုကာပင္ေတြကို လုံၿခဳံေရးတပ္ေတြက စၿပီး ရွင္းထုတ္ေတာ့မယ္လို႔ အစိုးရက စက္တင္ဘာ ၁၂ ရက္မွာ ေၾကညာပါတယ္။
ကိုကင္းအထြက္ႏႈန္း တိုးေနတာကို အာဏာပိုင္ေတြက တြန္းလွန္ခ်င္ေနပါတယ္။ မူးယစ္ကုန္ကူးသူေတြကို ပံ့ပိုးေနတဲ့ လက္ဝဲယိမ္း သူပုန္ေတြ အားအင္ခ်ည့္နဲ႔ေအာင္ လုပ္မယ္လို႔ ျပည္ထဲေရးဝန္ႀကီး ကာလိုမိုရန္က ေျပာပါတယ္။
၄၅ ရက္ၾကာ စစ္ဆင္ေရးကို ႏိုဝင္ဘာ ၁ ရက္ေန႔မွာ စၿပီး ကိုကာပင္ ဟက္တာ ၇၅၀ ကို ဖ်က္ဆီးမွာပါ။
ေနာက္ႏွစ္မွာေတာ့ ပိုၿပီး ေဒသတြင္းမွာ ပိုက္စိပ္တိုက္ ရွင္းလင္းမယ္လို႔ မိုရန္က ေျပာပါတယ္။ အေသးစိတ္ အစီအစဥ္ေတြကိုေတာ့ မေျပာခဲ့ပါဘူး။
ပီ႐ူးႏိုင္ငံတြင္း ၂၀၁၆ မွာ ထုတ္လုပ္တဲ့ ကိုကင္း ခန႔္မွန္းေျခ ၇၀ ရာခိုင္ႏႈန္းကို ေတာေတာင္ ထူထပ္တဲ့ ဗရန္ေဒသကေန ထုတ္လုပ္တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးနဲ႔ ရာဇဝတ္မႈ ေလ့လာေရး႐ုံး (UNODC) အစီရင္ခံစာက ဆိုပါတယ္။
အဲဒီေဒသမွာ ၂၀၁၇ ကိုကာပင္ စိုက္ပ်ိဳးမႈဟာ ၂၀၁၆ ကထက္ ၂၀ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ (UNODC) က ေျပာပါတယ္။
ပီ႐ူးဟာ ကမာၻ႔ဒုတိယအႀကီးဆုံး ကိုကာ စိုက္ပ်ိဳးတဲ့ႏိုင္ငံလို႔ အေမရိကန္အစိုးရက ေျပာပါတယ္။