Home
မြန်မာသတင်း
၁ နှစ်အတွင်း လူကုန်ကူးတရားခံ ၅၀၀ ခန့် ဖမ်းဆီးမိဟု ဒုသမ္မတပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 14, 2019
၁ နှစ်အတွင်း လူကုန်ကူးတရားခံ ၅၀၀ နီးပါး ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံ လူကူန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကစပြီး ဒီနေ့အထိ လူကုန်ကူးတရားခံ ၄၈၆ ဦး ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတ္တမကြိမ်မြောက် မြန်မာနိုင်ငံ လူကူန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒုသမ္မတက ပြောဆိုခဲ့တာပါ။ "မြန်မာနိုင်ငံရဲ့ ဆဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးပြီးအချိန်ကစပြီး လက်ရှိထိ လူကုန်ကူးမှုပေါင်း ၂၁၀ မှု ရှိပြီး လူကုန်ကူးခံရသူ ကျား ၃၂ ဦး၊ မ ၂၅၈ ဦး၊ စုစုပေါင်း ၂၉၀ ဦးရှိပြီး လူကုန်ကူးသူ ကျား ၁၅၂ ဦး၊ မ ၃၃၄ ဦး၊ စုစုပေါင်း ၄၈၆ ဦးကို ထိရောက်ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခဲ့တယ်" လို့ ဦးဟင်နရီ ဗန်ထီးယူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု အမျိုးအစားတွေကတော့ အဓမ္မထိမ်းမြား လက်ထပ်တာ၊ အဓမ္မပြည့်တန်ဆာပြုတာ၊ အဓမ္မခိုင်းစေတာ၊ ကလေးသူငယ်လူကုန်ကူးတာ၊ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေတာစတဲ့ ပုံစံ ၅ မျိုး ရှိတယ်လို့လည်း သိရပါတယ်။ လူကုန်ကူးမှုတွေကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေမှာ လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေပြီး ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု ကိန်းဂဏန်းများအရ အဓမ္မထိမ်းမြားလက်ထက်မှု ၇၅.၂၄ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၃.၅၉ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၈.၇၄ ရာခိုင်နှုန်း၊ အငှား ကိုယ်ဝန်ဆောင်မှု ၁.၉၄ ရာခိုင်နှုန်း၊ အဓမ္မမွေးစားမှု ၀.၄၉ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ လူကုန်ကူးမှုတွေမှာဆိုရင် အရင်က အမျိုးသမီးတွေကို နယ်စပ်အထိ စည်းရုံး ခေါ်ဆောင်ပြီး ရောင်းစားခဲ့ပြီး လူကုန်ကူးကြပေမယ့်လည်း လက်ရှိမှာတော့ အမျိုးသမီးတွေကို နိုင်ငံအတွင်း ဝင်ရောက်ပြီး တိုက်ရိုက်စည်းရုံး ခေါ်ဆောင်တာတွေကို သဘောတူလိုက်ပါသည်အထိ လူကုန်ကူးမှုလမ်းကြောင်းတွေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ “နိုင်ငံသားအချို့ဟာ ပွဲစားတွေရဲ့ မက်လုံးပေး စည်းရုံးမှုကြောင့် ပြည်ပနိုင်ငံ အသီးသီးကို တရားဝင်နည်းနဲ့ဖြစ်စေ၊ တရားမဝင်နည်းနဲ့ဖြစ်စေ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာက လူကုန်ကူးခံနေရတယ်” လို့ ဒု-သမ္မတက ပြောပါတယ်။ လူကုန်ကူးမှုလမ်းကြောင်းတွေ ပြောင်းလဲလာခြင်းဟာ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာကြောင့် လူကုန်ကူးမှုတွေဟာ နှစ်စဉ်သိသိသာသာ လျော့ပါးမသွားဘဲ ဆက်လက်ဖြစ်ပွားနေတာ လို့ ဒု-သမ္မတက ပြောပါတယ်။ “ပြည်ပကို သွားရောက်ပြီး အလုပ်လုပ်ကိုင်မှုတွေ လျော့နည်းဖို့အတွက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ စီးပွားရေးလုပ်ငန်းအသီးသီးက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်များ ရရှိရေးနဲ့ ထိုက်တန်တဲ့ လုပ်ခလစာများ ရရှိရေး စီမံဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်” လို့ ဒုသမ္မတက ပြောပါတယ်။ လူကုန်ကူးမှုကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းတွေဟာဆိုရင် စီးပွားရေးနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်အပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အခြေအနေတွေကြောင့်လည်း လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေရတာလို့ ဒုသမ္မတက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၁ ႏွစ္အတြင္း လူကုန္ကူးတရားခံ ၅၀၀ ခန႔္ ဖမ္းဆီးမိဟု ဒုသမၼတေျပာ ၁ ႏွစ္အတြင္း လူကုန္ကူးတရားခံ ၅၀၀ နီးပါး ဖမ္းဆီးမိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ လူကူန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားမွာ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာဆိုပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း က်င္းပျပဳလုပ္ခဲ့တဲ့ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ကစၿပီး ဒီေန႔အထိ လူကုန္ကူးတရားခံ ၄၈၆ ဦး ဖမ္းဆီးရမိတယ္လို႔ စက္တင္ဘာလ ၁၃ ရက္ေန႔က ေနျပည္ေတာ္ သဂၤဟဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ သတၱမႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကူန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အခမ္းအနားမွာ ဒုသမၼတက ေျပာဆိုခဲ့တာပါ။ "ျမန္မာႏိုင္ငံရဲ႕ ဆ႒မအႀကိမ္ေျမာက္ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ ၿပီးဆုံးၿပီးအခ်ိန္ကစၿပီး လက္ရွိထိ လူကုန္ကူးမႈေပါင္း ၂၁၀ မႈ ရွိၿပီး လူကုန္ကူးခံရသူ က်ား ၃၂ ဦး၊ မ ၂၅၈ ဦး၊ စုစုေပါင္း ၂၉၀ ဦးရွိၿပီး လူကုန္ကူးသူ က်ား ၁၅၂ ဦး၊ မ ၃၃၄ ဦး၊ စုစုေပါင္း ၄၈၆ ဦးကို ထိေရာက္ဟန႔္တားေလာက္တဲ့ ျပစ္ဒဏ္ရရွိေရး ေဆာင္႐ြက္ခဲ့တယ္" လို႔ ဦးဟင္နရီ ဗန္ထီးယူက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈ အမ်ိဳးအစားေတြကေတာ့ အဓမၼထိမ္းျမား လက္ထပ္တာ၊ အဓမၼျပည့္တန္ဆာျပဳတာ၊ အဓမၼခိုင္းေစတာ၊ ကေလးသူငယ္လူကုန္ကူးတာ၊ ေႂကြးၿမီနဲ႔ ေႏွာင္ဖြဲ႕ခိုင္းေစတာစတဲ့ ပုံစံ ၅ မ်ိဳး ရွိတယ္လို႔လည္း သိရပါတယ္။ လူကုန္ကူးမႈေတြကို ၾကည့္မယ္ဆိုရင္ အမ်ိဳးသမီးေတြမွာ လူကုန္ကူးခံရမႈ အမ်ားဆုံး ျဖစ္ေနၿပီး ၂၀၁၈ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈ ကိန္းဂဏန္းမ်ားအရ အဓမၼထိမ္းျမားလက္ထက္မႈ ၇၅.၂၄ ရာခိုင္ႏႈန္း၊ အဓမၼျပည့္တန္ဆာျပဳမႈ ၁၃.၅၉ ရာခိုင္ႏႈန္း၊ အဓမၼအလုပ္ခိုင္းေစမႈ ၈.၇၄ ရာခိုင္ႏႈန္း၊ အငွား ကိုယ္ဝန္ေဆာင္မႈ ၁.၉၄ ရာခိုင္ႏႈန္း၊ အဓမၼေမြးစားမႈ ၀.၄၉ ရာခိုင္ႏႈန္း ရွိတယ္လို႔ ဆိုပါတယ္။ လူကုန္ကူးမႈေတြမွာဆိုရင္ အရင္က အမ်ိဳးသမီးေတြကို နယ္စပ္အထိ စည္း႐ုံး ေခၚေဆာင္ၿပီး ေရာင္းစားခဲ့ၿပီး လူကုန္ကူးၾကေပမယ့္လည္း လက္ရွိမွာေတာ့ အမ်ိဳးသမီးေတြကို ႏိုင္ငံအတြင္း ဝင္ေရာက္ၿပီး တိုက္႐ိုက္စည္း႐ုံး ေခၚေဆာင္တာေတြကို သေဘာတူလိုက္ပါသည္အထိ လူကုန္ကူးမႈလမ္းေၾကာင္းေတြ ေျပာင္းလဲလာတာ ျဖစ္ပါတယ္။ “ႏိုင္ငံသားအခ်ိဳ႕ဟာ ပြဲစားေတြရဲ႕ မက္လုံးေပး စည္း႐ုံးမႈေၾကာင့္ ျပည္ပႏိုင္ငံ အသီးသီးကို တရားဝင္နည္းနဲ႔ျဖစ္ေစ၊ တရားမဝင္နည္းနဲ႔ျဖစ္ေစ ေ႐ႊ႕ေျပာင္းသြားလာ အလုပ္လုပ္ကိုင္ရာက လူကုန္ကူးခံေနရတယ္” လို႔ ဒု-သမၼတက ေျပာပါတယ္။ လူကုန္ကူးမႈလမ္းေၾကာင္းေတြ ေျပာင္းလဲလာျခင္းဟာ အလုပ္အကိုင္ရွားပါးမႈ၊ စီးပြားေရးနဲ႔ စားဝတ္ေနေရး က်ပ္တည္းမႈေတြနဲ႔ တိုက္႐ိုက္ဆက္ႏႊယ္ေနတာေၾကာင့္ လူကုန္ကူးမႈေတြဟာ ႏွစ္စဥ္သိသိသာသာ ေလ်ာ့ပါးမသြားဘဲ ဆက္လက္ျဖစ္ပြားေနတာ လို႔ ဒု-သမၼတက ေျပာပါတယ္။ “ျပည္ပကို သြားေရာက္ၿပီး အလုပ္လုပ္ကိုင္မႈေတြ ေလ်ာ့နည္းဖို႔အတြက္ ျပည္တြင္းမွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔နဲ႔ စီးပြားေရးလုပ္ငန္းအသီးသီးက လုပ္ငန္းရွင္မ်ား၊ အသင္းအဖြဲ႕မ်ားနဲ႔ ခ်ိတ္ဆက္ၿပီး အလုပ္အကိုင္မ်ား ရရွိေရးနဲ႔ ထိုက္တန္တဲ့ လုပ္ခလစာမ်ား ရရွိေရး စီမံေဆာင္႐ြက္ေပးၾကဖို႔ လိုအပ္တယ္” လို႔ ဒုသမၼတက ေျပာပါတယ္။ လူကုန္ကူးမႈကို ျဖစ္ေပၚေစတဲ့ အဓိက အေၾကာင္းအရင္းေတြဟာဆိုရင္ စီးပြားေရးနဲ႔ သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္အျပင္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡ အေျခအေနေတြေၾကာင့္လည္း လူကုန္ကူးမႈေတြ ျဖစ္ေပၚေနရတာလို႔ ဒုသမၼတက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024