နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ပြိုင်ဘက် အိန္ဒိယကစားသမား ဆာမီရာအား ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ သက်ထားသူဇာဟာ အိန္ဒိယကစားသမားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပြီး ၂၁-၁၃၊ ၁၃-၂၁၊ ၂၁-၁၆ မှတ် ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ၁၆ ယောက်အဆင့်မှာ ထိုင်းကြက်တောင်မယ် ဆာရာပွန်းကို ၂၁:၁၀ ၊ ၂၁:၁၄ မှတ်နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာပါ။ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အင်ဒိုနီးရှားကစားသမား ဘာတာရီနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီနေ့ မွန်းလွဲ ၁ နာရီ စတင်ကစားမှာပါ။ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်ထိ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်ကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး နိုင်ငံ ၁၂ နိုင်ငံက ကြက်တောင်ကစားသမားပေါင်း ၁၃၉ ဦး၊ မြန်မာနိုင်ငံက ကစားသမားပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားနေပါတယ်။ ~~~~~~~~~~~~~~~~ Zawgyi_version ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ဆီမီးဖိုင္နယ္ တက္ေရာက္ မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္ပြဲစဥ္မွာ ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၿပိဳင္ဘက္ အိႏၵိယကစားသမား ဆာမီရာအား ၂ ပြဲ ၁ ပြဲနဲ႔ အႏိုင္ရရွိၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားပါတယ္။ သက္ထားသူဇာဟာ အိႏၵိယကစားသမားအား ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ကစားခဲ့ရတာ ျဖစ္ၿပီး ၂၁-၁၃၊ ၁၃-၂၁၊ ၂၁-၁၆ မွတ္ ၂ ပြဲ ၁ ပြဲနဲ႔ အႏိုင္ရရွိခဲ့တာပါ။ ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာက ၁၆ ေယာက္အဆင့္မွာ ထိုင္းၾကက္ေတာင္မယ္ ဆာရာပြန္းကို ၂၁:၁၀ ၊ ၂၁:၁၄ မွတ္နဲ႔ ၂ ပြဲျပတ္ အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။ သက္ထားသူဇာဟာ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ အင္ဒိုနီးရွားကစားသမား ဘာတာရီနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီေန႔ မြန္းလြဲ ၁ နာရီ စတင္ကစားမွာပါ။ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာလ ၁၅ ရက္ထိ လမ္းမေတာ္ၿမိဳ႕နယ္ရွိ အမ်ိဳးသားၾကက္ေတာင္ကြင္းမွာ ဆက္လက္က်င္းပမွာျဖစ္ၿပီး ႏိုင္ငံ ၁၂ ႏိုင္ငံက ၾကက္ေတာင္ကစားသမားေပါင္း ၁၃၉ ဦး၊ ျမန္မာႏိုင္ငံက ကစားသမားေပါင္း ၁၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္ကစားေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up