စပိန်တွင် မြစ်ကမ်းပါးကျိုးပေါက်မှုကြောင့် နေအိမ်များရေလွှမ်း (ရုပ်သံ)

စပိန်နိုင်ငံ အွန်တီညန်မြို့ ဗလန်စီယန် မြို့နယ်ရဲ့ အစိတ်အပိုင်းတွေမှာ ကလာရီယာနို မြစ်ရေ လွှမ်းမိုးနေတာကို စက်တင်ဘာ ၁၂ ရက်က တွေ့ရတာပါ။
မြစ်ကမ်းပါးတွေ ကျိုးပေါက်ပြီး အိမ်တွေလမ်းတွေမှာ ရပ်ထားတဲ့ ကားတွေကို ရေလွှမ်းကုန်တဲ့ ဖြစ်ရပ်ကို မျက်မြင်သက်သေ အန်ဒရေဘတ်တော်လာက ရုပ်သံရိုက်ကူး ထားခဲ့ပါတယ်။
မိုးကြီးလို့ ရေလွှမ်းတဲ့အတွက် ကားတွေ ရေထဲမျောပါကုန်ပါတယ်။ ဗလန်စီယာနဲ့ မာစီယာ ဒေသတွေမှာ ကျောင်းတွေ ပိတ်ထားရပြီး မိုးဆက်ကြီးမယ်လို့ မျှော်လင့်ထားပါတယ်။
ရေဘေး အဆိုးဆုံးသင့်ခဲ့တဲ့ နေရာတွေမှာ လူတွေအိမ်ထဲမှာပဲနေကြဖို့ ဒေသန္တရ အာဏာပိုင် တွေက ထောက်ခံချက် ပေးထားပါတယ်။
မိုးလေဝသကြောင့် လမ်းတွေ ရထားလမ်းတွေနဲ့ လေဆိပ်တွေမှာ ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
============================
စပိန္တြင္ ျမစ္ကမ္းပါးက်ိဳးေပါက္မႈေၾကာင့္ ေနအိမ္မ်ားေရလႊမ္း (႐ုပ္သံ)
DVB
စပိန္ႏိုင္ငံ အြန္တီညန္ၿမိဳ႕ ဗလန္စီယန္ ၿမိဳ႕နယ္ရဲ႕ အစိတ္အပိုင္းေတြမွာ ကလာရီယာႏို ျမစ္ေရ လႊမ္းမိုးေနတာကို စက္တင္ဘာ ၁၂ ရက္က ေတြ႕ရတာပါ။
ျမစ္ကမ္းပါးေတြ က်ိဳးေပါက္ၿပီး အိမ္ေတြလမ္းေတြမွာ ရပ္ထားတဲ့ ကားေတြကို ေရလႊမ္းကုန္တဲ့ ျဖစ္ရပ္ကို မ်က္ျမင္သက္ေသ အန္ဒေရဘတ္ေတာ္လာက ႐ုပ္သံ႐ိုက္ကူး ထားခဲ့ပါတယ္။
မိုးႀကီးလို႔ ေရလႊမ္းတဲ့အတြက္ ကားေတြ ေရထဲေမ်ာပါကုန္ပါတယ္။ ဗလန္စီယာနဲ႔ မာစီယာ ေဒသေတြမွာ ေက်ာင္းေတြ ပိတ္ထားရၿပီး မိုးဆက္ႀကီးမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။
ေရေဘး အဆိုးဆုံးသင့္ခဲ့တဲ့ ေနရာေတြမွာ လူေတြအိမ္ထဲမွာပဲေနၾကဖို႔ ေဒသႏၲရ အာဏာပိုင္ ေတြက ေထာက္ခံခ်က္ ေပးထားပါတယ္။
မိုးေလဝသေၾကာင့္ လမ္းေတြ ရထားလမ္းေတြနဲ႔ ေလဆိပ္ေတြမွာ ယာဥ္ေၾကာ အေႏွာင့္အယွက္ ျဖစ္ခဲ့ပါတယ္။