Home
မြန်မာသတင်း
အာဖဂန် အထူးတပ်ဖွဲ့စခန်း အသေခံဗုံးခွဲတိုက်ခိုက်ခံရ၊ ကွန်မန်ဒို ၄ ဦး သေဆုံး
DVB
·
September 13, 2019
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က အထူးတပ်ဖွဲ့ အခြေစိုက်စခန်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲသမားတယောက်က စက်တင်ဘာ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့လို့ ကွန်မန်ဒိုစစ်သည် ၄ ယောက်သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ အမေရိကန်နဲ့ တာလီဘန်သူပုန်တွေကြား ငြိမ်းချမ်းရေးစကားဝိုင်း ပျက်သွားအပြီးမှာ အကြမ်းဖက်မှုတွေ ဆက်ပြီးတိုးပွားနေပါတယ်။  စခန်းဝင်ပေါက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ မီနီဘတ်စ်တစီးကို ဗုံးသမားက ဖောက်ခွဲခဲ့တာပါ။  အထူးတပ်ဖွဲ့ဝင် ကွန်မန်ဒို ၄ ယောက် သေဆုံးပြီး တခြားလူ ၃ ယောက် ဒဏ်ရာရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။  ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ ဖြစ်တယ်၊ ဗုံးသမားဟာ ကွန်မန်ဒို အယောက် ၂၀၀ ကျော် သေဆုံးအောင် မတိုက်ခိုက်ခင်မှာ အခြေစိုက်စခန်းကို ကောင်းကောင်း ထိုးဖောက်ခဲ့တယ်လို့ တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ တာလီဘန်တွေဟာ အသေအပျောက် စာရင်းကို ချဲ့ကားပြောဆိုလေ့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အာဖဂန်နိုင်ငံအတွင်း ၁၈ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာဖို့ ရည်မှန်းထားတဲ့ တာလီဘန် အမေရိကန်ဆွေးနွေးပွဲ ပျက်အပြီးမှာ အကြမ်းဖက်မှုတွေ တိုးလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ==================================== အာဖဂန္ အထူးတပ္ဖြဲ႕စခန္း အေသခံဗုံးခြဲတိုက္ခိုက္ခံရ၊ ကြန္မန္ဒို ၄ ဦး ေသဆုံး DVB အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကဘူးလ္က အထူးတပ္ဖြဲ႕ အေျခစိုက္စခန္းကို ပစ္မွတ္ထားၿပီး အေသခံဗုံးခြဲသမားတေယာက္က စက္တင္ဘာ ၁၂ ရက္မွာ တိုက္ခိုက္ခဲ့လို႔ ကြန္မန္ဒိုစစ္သည္ ၄ ေယာက္ေသဆုံးတယ္လို႔ အရာရွိေတြက ေျပာပါတယ္။ အေမရိကန္နဲ႔ တာလီဘန္သူပုန္ေတြၾကား ၿငိမ္းခ်မ္းေရးစကားဝိုင္း ပ်က္သြားအၿပီးမွာ အၾကမ္းဖက္မႈေတြ ဆက္ၿပီးတိုးပြားေနပါတယ္။ စခန္းဝင္ေပါက္မွာ ေဖာက္ခြဲေရးပစၥည္းေတြ တပ္ဆင္ထားတဲ့ မီနီဘတ္စ္တစီးကို ဗုံးသမားက ေဖာက္ခြဲခဲ့တာပါ။ အထူးတပ္ဖြဲ႕ဝင္ ကြန္မန္ဒို ၄ ေယာက္ ေသဆုံးၿပီး တျခားလူ ၃ ေယာက္ ဒဏ္ရာရတယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီတိုက္ခိုက္မႈကို သူတို႔လုပ္တာ ျဖစ္တယ္၊ ဗုံးသမားဟာ ကြန္မန္ဒို အေယာက္ ၂၀၀ ေက်ာ္ ေသဆုံးေအာင္ မတိုက္ခိုက္ခင္မွာ အေျခစိုက္စခန္းကို ေကာင္းေကာင္း ထိုးေဖာက္ခဲ့တယ္လို႔ တာလီဘန္ေျပာခြင့္ရ ဇာဘီဟူလာ မူဂ်ာဟစ္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ တာလီဘန္ေတြဟာ အေသအေပ်ာက္ စာရင္းကို ခ်ဲ႕ကားေျပာဆိုေလ့ ရွိတယ္လို႔ ႐ိုက္တာ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။ အာဖဂန္ႏိုင္ငံအတြင္း ၁၈ ႏွစ္ၾကာ စစ္ပြဲကို အဆုံးသတ္ဖို႔နဲ႔ အေမရိကန္တပ္ေတြ ျပန္ဆုတ္ခြာဖို႔ ရည္မွန္းထားတဲ့ တာလီဘန္ အေမရိကန္ေဆြးေႏြးပြဲ ပ်က္အၿပီးမွာ အၾကမ္းဖက္မႈေတြ တိုးလာမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024