A d v e r t i s e m e n t With Us

ဝေဖန်ရေးဆရာ အလက်ဇီနာဗယ်လ်နီအား ထောက်ခံသည့် နေအိမ်များကို ရုရှားရဲ စီးနင်း

ရုရှားအစိုးရကို ဝေဖန်တဲ့ ဝေဖန်ရေးဆရာ အလက်ဇီ နာဗယ်လ်နီအား ထောက်ခံသူတွေရဲ့ အိမ်တွေရုံးတွေကို ရုရှားရဲအာဏာပိုင်တွေက စက်တင်ဘာ ၁၂ ရက်မှာ အကြီးအကျယ် စီးနင်းခဲ့ပါတယ်။ ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ရုရှားအစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုယ်စားလှယ်တွေ မဲနိုင်ချေကို လျှော့ဖို့ ကြိုးစားတဲ့အနေနဲ့ ဗျူဟာကျကျ မဲပေးကြဖို့ နာဗယ်နီက သူ့အား ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။  မြို့တော် မော်စကိုမှာ နာဗယ်လ်နီရဲ့ ဗျူဟာက အောင်မြင်ခဲ့ပါတယ်။ နာဗယ်လ်နီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖောင်ဒေးရှင်းက ငွေမည်းခဝါချမှုရှိမရှိ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သက်သေတွေ ရှာနေတာလို့ ရုရှားအာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ပြောပါတယ်။  ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၁၅ သန်းကို ငွေမည်းခဝါချမှု စွဲချက်အတွက် ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးဖို့ အစိုးရစုံစမ်းစစ်ဆေးသူတွေက အရင်လက အမှုဖွင့်ခဲ့ပါတယ်။  ဒါ့အပြင် ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ဘဏ်အကောင့်တွေကိုလည်း တန်းစီ ပိတ်ဆို့ခဲ့ပါတယ်။ ဒါဟာ နာဗယ်လ်နီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဟန့်တားဖို့ ကြိုးစားမှုလို့ သူ့ရဲ့ မဟာမိတ်တွေက ပြောပါတယ်။  တက်ကြွလှုပ်ရှားသူတွေရဲ့ အိမ်တွေကိုလည်း အာဏာပိုင်တွေက ဝင်စီးနင်းခဲ့တယ်လို့ ရုရှား ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ဂိုလော့စ်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။ ================================ ေဝဖန္ေရးဆရာ အလက္ဇီနာဗယ္လ္နီအား ေထာက္ခံသည့္ ေနအိမ္မ်ားကို ႐ုရွားရဲ စီးနင္း DVB ႐ုရွားအစိုးရကို ေဝဖန္တဲ့ ေဝဖန္ေရးဆရာ အလက္ဇီ နာဗယ္လ္နီအား ေထာက္ခံသူေတြရဲ႕ အိမ္ေတြ႐ုံးေတြကို ႐ုရွားရဲအာဏာပိုင္ေတြက စက္တင္ဘာ ၁၂ ရက္မွာ အႀကီးအက်ယ္ စီးနင္းခဲ့ပါတယ္။ ေငြေၾကးခဝါခ်မႈကို စုံစမ္းစစ္ေဆးတဲ့ အစိတ္အပိုင္းလည္း ျဖစ္ပါတယ္။ က်န္ခဲ့တဲ့ သီတင္းပတ္ကုန္ရက္က က်င္းပခဲ့တဲ့ ေဒသႏၲရေ႐ြးေကာက္ပြဲေတြမွာ ႐ုရွားအစိုးရက ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ကိုယ္စားလွယ္ေတြ မဲႏိုင္ေခ်ကို ေလွ်ာ့ဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ဗ်ဴဟာက်က် မဲေပးၾကဖို႔ နာဗယ္နီက သူ႔အား ေထာက္ခံသူေတြကို တိုက္တြန္းခဲ့တာပါ။ ၿမိဳ႕ေတာ္ ေမာ္စကိုမွာ နာဗယ္လ္နီရဲ႕ ဗ်ဴဟာက ေအာင္ျမင္ခဲ့ပါတယ္။ နာဗယ္လ္နီရဲ႕ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေဖာင္ေဒးရွင္းက ေငြမည္းခဝါခ်မႈရွိမရွိ စုံစမ္းစစ္ေဆးမႈနဲ႔ ပတ္သက္ၿပီး သက္ေသေတြ ရွာေနတာလို႔ ႐ုရွားအာဏာပိုင္ေတြက တက္ႂကြလႈပ္ရွားသူေတြကို ေျပာပါတယ္။ ေဖာင္ေဒးရွင္းက အေမရိကန္ေဒၚလာ ၁၅ သန္းကို ေငြမည္းခဝါခ်မႈ စြဲခ်က္အတြက္ ရာဇဝတ္ေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးဖို႔ အစိုးရစုံစမ္းစစ္ေဆးသူေတြက အရင္လက အမႈဖြင့္ခဲ့ပါတယ္။ ဒါ့အျပင္ ေဖာင္ေဒးရွင္းနဲ႔ ပတ္သက္တဲ့ ဘဏ္အေကာင့္ေတြကိုလည္း တန္းစီ ပိတ္ဆို႔ခဲ့ပါတယ္။ ဒါဟာ နာဗယ္လ္နီရဲ႕ ႏိုင္ငံေရးလႈပ္ရွားမႈေတြကို ဟန႔္တားဖို႔ ႀကိဳးစားမႈလို႔ သူ႔ရဲ႕ မဟာမိတ္ေတြက ေျပာပါတယ္။ တက္ႂကြလႈပ္ရွားသူေတြရဲ႕ အိမ္ေတြကိုလည္း အာဏာပိုင္ေတြက ဝင္စီးနင္းခဲ့တယ္လို႔ ႐ုရွား ေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေနတဲ့ အစိုးရမဟုတ္တဲ့အဖြဲ႕အစည္း ဂိုေလာ့စ္က ၾကာသပေတးေန႔မွာ ေျပာခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up