Home
မြန်မာသတင်း
ကျန်းမာရေးဌာနပိုင်မြေပေါ်မှ ပင်လုံကျော်လေးဆီချက်ဆိုင်အား ဖယ်ရှားရှင်းလင်း
DVB
·
September 13, 2019
တောင်ကြီးမြို့ မြို့နယ်ကျန်းမာရေးဌာနပိုင်မြေပေါ် ငှားရမ်းပြီး ဖွင့်ထားတဲ့ ပင်လုံကျော်လေး ဆီချက်ဆိုင်ဟာ ဌာနက နို့တစ်စာထုတ်ဖယ်ရှားခိုင်းပေမယ့် မဖယ်ရှားတဲ့အတွက် စက်တင်ဘာ ၁၃ ရက်က ဥပဒေအရ အင်အားသုံးဖယ်ရှားလိုက်ပါတယ်။ အဲဒီမြေနေရာဟာ ကျန်းမာရေးဌာန ဝန်ထမ်းအိမ်ရာဆောက်ဖို့နေရာ ဖြစ်တဲ့အတွက် မြေနေရာပေါ်ငှားထားသူတွေကို ၂၀၁၈ ခုနှစ်ကတည်းက ဖယ်ရှားပေးဖို့ နို့တစ်စာထုတ်ထားတာလို့ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ မိုးထွန်းက ပြောပါတယ်။ ဖယ်ရှားဖို့ နို့တစ်စာ လေးကြိမ်ထုတ်သတိပေးခဲ့ပေမဲ့ ပင်လုံကျော်လေးဆိုင်ရှင်က နိုင်ငံသားအခွင့်အရေးအရ ဆက်လက်နေထိုင်ရောင်းချခွင့်ရရှိရေး အသနားခံစာနဲ့ စာချွန်လွှာကို ပေးပို့တိုင်ကြားခဲ့တာကြောင့် အချိန်ကြန့်ကြာမှုပိုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဌာနက အခွင့်အာဏာအရ လျှောက်တင်ပြီး ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ-၃ နဲ့ ၁၉၅၆ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့တာပါ။ ဖယ်ရှားရှင်းလင်းမှုမလုပ်ခင် မနေ့ညအထိ အိမ်ရှင်က ဖယ်ရှားပေးခြင်းမရှိခဲ့ဘဲ ညဉ့်နက်မှ ဖယ်ရှားသွားတယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ နေရာကောင်းဖြစ်ပြီး တောင်ကြီးမြို့ မြို့မစျေးနဲ့လည်း သိပ်မဝေးတဲ့ နေရာဖြစ်ပါတယ်။ ခွန်ရာဇာ
က်န္းမာေရးဌာနပိုင္ေျမေပၚမွ ပင္လုံေက်ာ္ေလးဆီခ်က္ဆိုင္အား ဖယ္ရွားရွင္းလင္း DVB ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕နယ္က်န္းမာေရးဌာနပိုင္ေျမေပၚ ငွားရမ္းၿပီး ဖြင့္ထားတဲ့ ပင္လုံေက်ာ္ေလး ဆီခ်က္ဆိုင္ဟာ ဌာနက ႏို႔တစ္စာထုတ္ဖယ္ရွားခိုင္းေပမယ့္ မဖယ္ရွားတဲ့အတြက္ စက္တင္ဘာ ၁၃ ရက္က ဥပေဒအရ အင္အားသုံးဖယ္ရွားလိုက္ပါတယ္။အဲဒီေျမေနရာဟာ က်န္းမာေရးဌာန ဝန္ထမ္းအိမ္ရာေဆာက္ဖို႔ေနရာ ျဖစ္တဲ့အတြက္ ေျမေနရာေပၚငွားထားသူေတြကို ၂၀၁၈ ခုႏွစ္ကတည္းက ဖယ္ရွားေပးဖို႔ ႏို႔တစ္စာထုတ္ထားတာလို႔ ေတာင္ႀကီးၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးမႉး ေဒါက္တာ မိုးထြန္းက ေျပာပါတယ္။ ဖယ္ရွားဖို႔ ႏို႔တစ္စာ ေလးႀကိမ္ထုတ္သတိေပးခဲ့ေပမဲ့ ပင္လုံေက်ာ္ေလးဆိုင္ရွင္က ႏိုင္ငံသားအခြင့္အေရးအရ ဆက္လက္ေနထိုင္ေရာင္းခ်ခြင့္ရရွိေရး အသနားခံစာနဲ႔ စာခြၽန္လႊာကို ေပးပို႔တိုင္ၾကားခဲ့တာေၾကာင့္ အခ်ိန္ၾကန႔္ၾကာမႈပိုျဖစ္ေစခဲ့တယ္လို႔ ဆိုပါတယ္။ က်န္းမာေရးဌာနက အခြင့္အာဏာအရ ေလွ်ာက္တင္ၿပီး ၁၉၅၅ ခုႏွစ္၊ အစိုးရ အိမ္ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒပုဒ္မ-၃ နဲ႔ ၁၉၅၆ ခုႏွစ္၊ အစိုးရအိမ္ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒအရ ဖယ္ရွားရွင္းလင္းမႈ ျပဳလုပ္ခဲ့တာပါ။ ဖယ္ရွားရွင္းလင္းမႈမလုပ္ခင္ မေန႔ညအထိ အိမ္ရွင္က ဖယ္ရွားေပးျခင္းမရွိခဲ့ဘဲ ညဥ့္နက္မွ ဖယ္ရွားသြားတယ္လို႔ ဆိုပါတယ္။ အဲဒီေနရာဟာ ေနရာေကာင္းျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေစ်းနဲ႔လည္း သိပ္မေဝးတဲ့ ေနရာျဖစ္ပါတယ္။ ခြန္ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024