A d v e r t i s e m e n t With Us

ဘရာဇီးတွင် ဆေးရုံတရုံမီးလောင်၊ လူနာများကို ဘေးကင်းရာ ကယ်ထုတ်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့က ဆေးရုံတရုံ စက်တင်ဘာ ၁၂ ရက်က မီးလောင်လို့ မီးသတ်သမားတွေက လူနာတွေကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ရပါတယ်။  ဒီဖြစ်ရပ်ကြောင့် လူနာ တယောက် သေဆုံးပါတယ်။ မြို့မြောက်ပိုင်းက ဘာဒင်မ် ဆေးရုံမှာ မီးသတ်သမားတွေက လူနာကုတင်တွေပေါ်က လူနာတွေကို ပြတင်းပေါက်ကနေ ဘေးကင်းရာ သယ်ထုတ်ခဲ့ရတာပါ။  “ရာနဲ့ချီတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို ကယ်ထုတ်ခဲ့ရပါတယ်။ ဆရာဝန်တွေက ဆေးရုံအပြင်ဘက် လမ်းပေါ်မှာ ယာယီကုသရေး စင်တာတွေ အမြန်ဖွင့်ပြီး မီးဘေးသင့် လူနာတွေနဲ့ အရေးပေါ်လူနာတွေကို ကုသပေးခဲ့ပါတယ်။ မီးကို ဒေသစံတော်ချိန် ည ၈နာရီမှာ ထိန်းချုပ်နိုင်ခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီ” လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။  ဆေးရုံနားက အဆောက်အဦကနေ မီးစလောင်ခဲ့တာလို့ ကနဦး အစီရင်ခံစာတွေက ဖော်ပြ ထားပါတယ်။ ===================================== ဘရာဇီးတြင္ ေဆး႐ုံတ႐ုံမီးေလာင္၊ လူနာမ်ားကို ေဘးကင္းရာ ကယ္ထုတ္ DVB ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေန႐ိုၿမိဳ႕က ေဆး႐ုံတ႐ုံ စက္တင္ဘာ ၁၂ ရက္က မီးေလာင္လို႔ မီးသတ္သမားေတြက လူနာေတြကို ေဘးကင္းရာ ကယ္ထုတ္ခဲ့ရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ လူနာ တေယာက္ ေသဆုံးပါတယ္။ ၿမိဳ႕ေျမာက္ပိုင္းက ဘာဒင္မ္ ေဆး႐ုံမွာ မီးသတ္သမားေတြက လူနာကုတင္ေတြေပၚက လူနာေတြကို ျပတင္းေပါက္ကေန ေဘးကင္းရာ သယ္ထုတ္ခဲ့ရတာပါ။ “ရာနဲ႔ခ်ီတဲ့ လူနာေတြနဲ႔ ေဆး႐ုံဝန္ထမ္းေတြကို ကယ္ထုတ္ခဲ့ရပါတယ္။ ဆရာဝန္ေတြက ေဆး႐ုံအျပင္ဘက္ လမ္းေပၚမွာ ယာယီကုသေရး စင္တာေတြ အျမန္ဖြင့္ၿပီး မီးေဘးသင့္ လူနာေတြနဲ႔ အေရးေပၚလူနာေတြကို ကုသေပးခဲ့ပါတယ္။ မီးကို ေဒသစံေတာ္ခ်ိန္ ည ၈နာရီမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး မီးေလာင္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနၿပီ” လို႔ ေဒသခံ မီဒီယာက အစီရင္ခံပါတယ္။ ေဆး႐ုံနားက အေဆာက္အဦကေန မီးစေလာင္ခဲ့တာလို႔ ကနဦး အစီရင္ခံစာေတြက ေဖာ္ျပ ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up