Home
မြန်မာသတင်း
အေအေ တပ်ကြပ်ကြီးအပါအဝင် ၅ ဦးကို စစ်ဆေးဆဲဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
DVB
·
September 13, 2019
ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းဆီးမိတဲ့ အေအေ တပ်ကြပ်ကြီးအပါအဝင် ၅ ဦးကို အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲထားပြီး စစ်ဆေးနေဆဲလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ အေအေက တပ်ကြပ်ကြီး နဲ့ တပ်သားအပါအဝင် ၅ ဦးကို  စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တခုမှာ ဖမ်းဆီးရမိခဲ့တာပါ။ အဲ့ဒီသူတွေ ဘယ်လမ်းကြောင်းကနေ ဝင်ရောက်လာတာလဲဆိုတာကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။  “ကျနော်တို့စစ်တဲ့ဟာ မပြီးသေးတဲ့အချိန်မှာ ဒီအသံထွက်လိုက်တော့ ဘယ်သူ့ဆီပို့လည်း ဘယ်လည်းကြောင်းကိုပို့လည်း၊ ဘယ်သူတွေပါလဲ ကျနော်တို့ ဘာမှမသိရတော့ဘူး။ လက်ပူးလက်ကြပ်မိတာနဲ့ပတ်သက်ပြီး ကျနော်တို့ အကြမ်းဖက်မှု ဥပဒေ တရားစွဲဆိုထားတာပေါ့။ ဒါပေမဲ့ နောက်ဆက်တွဲဆိုတာကို ကျနော်တို့ သိချင်တယ်။ ဘယ်လမ်းကြောင်းကဝင်လာလဲ ဆိုတာ အတိအကျသိချင်တယ်။ ဘာလို့လဲဆိုတော့ မန္တလေးဆိုတာ နယ်စပ်နဲ့နီးနေတဲ့အတွက် နောင်တချိန်လည်း ဖြစ်မှာစိုးလို့ အသေးစိတ်သိချင်တာ။ အခုကတော့ စုံစမ်းဆဲပါ။ မိတာကတော့ မိတယ် အချိန်မီမိတယ်။ ပစ္စည်းတွေကိုလည်း မိတယ်၊ ဒီဟာတွေကို ပို့တယ်ဆိုတာ ဒါကတော့ သေချာသွားပြီပေါ့။ အေအေ တပ်ကြပ်ကြီးတယောက်ပါတယ်။ တပ်သားတယောက် ပါတယ် ကျန်တာကတော့ ကူညီတဲ့သူတွေပေါ့၊ ဆက်စပ်တဲ့သူတွေပေါ့၊ အားလုံး ၅ ယောက်ကိုတော့  ကျနော်တို့ တရားစွဲဆိုထားတယ်၊ စစ်ဆေးဆဲပေါ့” လို့ ပြောပါတယ်။  AA လက်နက်ကိုင်တပ်ဖွဲ့မှ တပ်ကြပ်ကြီး၊ တပ်သားတို့အပါအဝင် လူ ၅ ဦးနဲ့အတူ သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေကတော့ Satellite Phone အလုံး ၄၀ ၊ ရုရှားနိုင်ငံလုပ် မှန်ပြောင်း အခု ၃၀၊ GARMIN ၂၅ လုံး၊ ယမ်းတုံးအထုပ် ၂၈ ထုပ်၊ ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ ၃ ထုပ်၊ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ယမ်းဖြူ ၅ အိတ် နဲ့ စက္ကူညို (၁) ထုပ်ဖြစ်တယ်လို့ သိရပါတယ်။    နိုင်လင်းဦး 
ေအေအ တပ္ၾကပ္ႀကီးအပါအဝင္ ၅ ဦးကို စစ္ေဆးဆဲဟု မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေျပာ DVB ေဖာက္ခြဲေရး ပစၥည္းေတြနဲ႔ ဖမ္းဆီးမိတဲ့ ေအေအ တပ္ၾကပ္ႀကီးအပါအဝင္ ၅ ဦးကို အၾကမ္းဖက္မႈ ဥပေဒနဲ႔ တရားစြဲထားၿပီး စစ္ေဆးေနဆဲလို႔ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ေဖာက္ခြဲေရးပစၥည္းေတြ၊ ဆက္သြယ္ေရးပစၥည္းေတြနဲ႔အတူ ေအေအက တပ္ၾကပ္ႀကီး နဲ႔ တပ္သားအပါအဝင္ ၅ ဦးကို စက္တင္ဘာလ ၁၀ ရက္ေန႔က မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္(၅)ရပ္ကြက္ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တခုမွာ ဖမ္းဆီးရမိခဲ့တာပါ။ အဲ့ဒီသူေတြ ဘယ္လမ္းေၾကာင္းကေန ဝင္ေရာက္လာတာလဲဆိုတာကို စစ္ေဆးေနဆဲ ျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ “က်ေနာ္တို႔စစ္တဲ့ဟာ မၿပီးေသးတဲ့အခ်ိန္မွာ ဒီအသံထြက္လိုက္ေတာ့ ဘယ္သူ႔ဆီပို႔လည္း ဘယ္လည္းေၾကာင္းကိုပို႔လည္း၊ ဘယ္သူေတြပါလဲ က်ေနာ္တို႔ ဘာမွမသိရေတာ့ဘူး။ လက္ပူးလက္ၾကပ္မိတာနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ အၾကမ္းဖက္မႈ ဥပေဒ တရားစြဲဆိုထားတာေပါ့။ ဒါေပမဲ့ ေနာက္ဆက္တြဲဆိုတာကို က်ေနာ္တို႔ သိခ်င္တယ္။ ဘယ္လမ္းေၾကာင္းကဝင္လာလဲ ဆိုတာ အတိအက်သိခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ မႏၲေလးဆိုတာ နယ္စပ္နဲ႔နီးေနတဲ့အတြက္ ေနာင္တခ်ိန္လည္း ျဖစ္မွာစိုးလို႔ အေသးစိတ္သိခ်င္တာ။ အခုကေတာ့ စုံစမ္းဆဲပါ။ မိတာကေတာ့ မိတယ္ အခ်ိန္မီမိတယ္။ ပစၥည္းေတြကိုလည္း မိတယ္၊ ဒီဟာေတြကို ပို႔တယ္ဆိုတာ ဒါကေတာ့ ေသခ်ာသြားၿပီေပါ့။ ေအေအ တပ္ၾကပ္ႀကီးတေယာက္ပါတယ္။ တပ္သားတေယာက္ ပါတယ္ က်န္တာကေတာ့ ကူညီတဲ့သူေတြေပါ့၊ ဆက္စပ္တဲ့သူေတြေပါ့၊ အားလုံး ၅ ေယာက္ကိုေတာ့ က်ေနာ္တို႔ တရားစြဲဆိုထားတယ္၊ စစ္ေဆးဆဲေပါ့” လို႔ ေျပာပါတယ္။ AA လက္နက္ကိုင္တပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး၊ တပ္သားတို႔အပါအဝင္ လူ ၅ ဦးနဲ႔အတူ သိမ္းဆည္းရမိခဲ့တဲ့ ပစၥည္းေတြကေတာ့ Satellite Phone အလုံး ၄၀ ၊ ႐ုရွားႏိုင္ငံလုပ္ မွန္ေျပာင္း အခု ၃၀၊ GARMIN ၂၅ လုံး၊ ယမ္းတုံးအထုပ္ ၂၈ ထုပ္၊ ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ ဒီတိုနီတာ ၁၀၀ ထုပ္ပါ ၁၀ ခု၊ ဖေယာင္းေခ်ာင္း ၃၅ ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္ပါ ၃ ထုပ္၊ ဆာလာအိတ္နဲ႔ ထည့္ထားတဲ့ ယမ္းျဖဴ ၅ အိတ္ နဲ႔ စကၠဴညိဳ (၁) ထုပ္ျဖစ္တယ္လို႔ သိရပါတယ္။ ႏိုင္လင္းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024