တူရကီတွင် ခဲယမ်းမီးကျောက်သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ လူတချို့ဒဏ်ရာရ

ဆိုက်ပရပ်စ်နိုင်ငံ မြောက်ပိုင်းက ခဲယမ်းမီးကျောက် သိုလှောင်ရုံမှာ စက်တင်ဘာ ၁၂ ရက်က မီးလောင်အပြီး ပေါက်ကွဲခဲ့လို့ လူတချို့ ဒဏ်ရာရတယ်လို့ တူရကီ ဆိုက်ပရပ်စ် အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ မကြာခဏ လာရောက်လည်ပတ်လေ့ရှိရာ ဒေသအတွင်း မြောက်ပိုင်း ကမ်းရိုးတန်းက သမိုင်းဝင်ဆိပ်ကမ်းမြို့ ကီရန်နီးယားမှာ ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေလို့ ပတ်ဝန်းကျင်ကို လူဝင်လို့မရအောင် အရံအတားတွေနဲ့ ပိတ်ထားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မနက် ၁ နာရီခွဲအချိန်မှာ မီးတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကနဦး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပေါက်ကွဲမှုတွေကြောင့် မြင်ရတဲ့ ညဘက် ကောင်းကင်မြင်ကွင်းကို မီးလောင်ပေါက်ကွဲရာ နေရာကနေ ၉ ကီလိုမီတာ ဝေးတဲ့နေရာက မျက်မြင်သက်သေက ရုပ်သံ ရိုက်ကူးပြီး လူမှုကွန်ရက် မီဒီယာပေါ် မျှဝေထားပါတယ်။
====================================
တူရကီတြင္ ခဲယမ္းမီးေက်ာက္သိုေလွာင္႐ုံ မီးေလာင္ေပါက္ကြဲ၊ လူတခ်ိဳ႕ဒဏ္ရာရ
DVB
ဆိုက္ပရပ္စ္ႏိုင္ငံ ေျမာက္ပိုင္းက ခဲယမ္းမီးေက်ာက္ သိုေလွာင္႐ုံမွာ စက္တင္ဘာ ၁၂ ရက္က မီးေလာင္အၿပီး ေပါက္ကြဲခဲ့လို႔ လူတခ်ိဳ႕ ဒဏ္ရာရတယ္လို႔ တူရကီ ဆိုက္ပရပ္စ္ အာဏာပိုင္ေတြက ေျပာပါတယ္။
ကမာၻလွည့္ခရီးသည္ေတြ မၾကာခဏ လာေရာက္လည္ပတ္ေလ့ရွိရာ ေဒသအတြင္း ေျမာက္ပိုင္း ကမ္း႐ိုးတန္းက သမိုင္းဝင္ဆိပ္ကမ္းၿမိဳ႕ ကီရန္နီးယားမွာ ေပါက္ကြဲမႈေတြ ဆက္ျဖစ္ေနလို႔ ပတ္ဝန္းက်င္ကို လူဝင္လို႔မရေအာင္ အရံအတားေတြနဲ႔ ပိတ္ထားထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
မနက္ ၁ နာရီခြဲအခ်ိန္မွာ မီးေတြကို ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ တူရကီကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။
ကနဦး ေပါက္ကြဲမႈျဖစ္ရတဲ့ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေပါက္ကြဲမႈေတြေၾကာင့္ ျမင္ရတဲ့ ညဘက္ ေကာင္းကင္ျမင္ကြင္းကို မီးေလာင္ေပါက္ကြဲရာ ေနရာကေန ၉ ကီလိုမီတာ ေဝးတဲ့ေနရာက မ်က္ျမင္သက္ေသက ႐ုပ္သံ ႐ိုက္ကူးၿပီး လူမႈကြန္ရက္ မီဒီယာေပၚ မွ်ေဝထားပါတယ္။