လေ့ကျင့်မှုသာရှိပြီး ပြိုင်ပွဲမကစားရလျှင် အောင်မြင်မှုမရနိုင်ဟု ဘောလုံးအကယ်ဒမီနည်းပြ ပြော

3.7K
ဘောလုံးအကယ်ဒမီတွေမှာ ဘယ်လောက်ပဲ စနစ်တကျသင်ကြားပြသပေးနိုင်ပါစေ မျိုးဆက်သစ်ဘောလုံးသမားတွေအတွက် ပြိုင်ပွဲကစားရမှု နည်းနေသေးရင် အောင်မြင်မှုနဲ့ ဝေးနေဦးမယ်လို့ မန္တလေးဘောလုံးအကယ်ဒမီနည်းပြကပြောပါတယ်။
နိုင်ငံတကာမှာရှိတဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ သင်ကြားနေတဲ့ ဘောလုံးသမားတွေအတွက် တနှစ်ကို ပြိုင်ပွဲပေါင်း ၇၀ လောက် ကစားရလေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ ၇ ပွဲလောက်ပဲ ကစားရတယ်လို့ မန္တလေးအကယ်ဒမီမှ u-15 နည်းပြ ဦးကျော်သူရက ပြောပါတယ်။
မြန်မာ့ဘောလုံးလောကအတွက် အထောက်အကူဖြစ်စေမယ့် ဘောလုံးအကယ်ဒမီတွေကို မကြာသေးတဲ့ နှစ်အနည်းငယ်လောက်ကမှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပေမယ့် အောင်မြင်မှုနိုင်ပွဲ မရရှိသေးတဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။
လက်ရှိဘောလုံးအကယ်ဒမီတွေမှာ လူငယ် တက်သစ်စ ဘောလုံးသမားလေးတွေဟာ နေ့စဉ်နဲ့အမျှ အချိန်ပြည့်လေ့ကျင့်နေကြပေမယ့် ပြည်တွင်းပြိုင်ပွဲတွေတောင် ကစားရတာ သိပ်မရှိဘူးလို့ သိရပါတယ်။
နောက်ပြီးတော့ နိုင်ငံတကာမှာ သက်တမ်းအလိုက် Leagueပြိုင် ပွဲများရှိနေနေတာကြောင့် ပြန်ပွဲကစားရတဲ့ အတွေ့ကြုံပိုင်းမှာ မြန်မာကစားသမားလေးတွေအတွက် လုံးဝမယှဉ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ထက်လူ
================================
ေလ့က်င့္မႈသာရွိၿပီး ၿပိဳင္ပြဲမကစားရလွ်င္ ေအာင္ျမင္မႈမရႏိုင္ဟု ေဘာလုံးအကယ္ဒမီနည္းျပ ေျပာ
ထက္လူ
ေဘာလုံးအကယ္ဒမီေတြမွာ ဘယ္ေလာက္ပဲ စနစ္တက်သင္ၾကားျပသေပးႏိုင္ပါေစ မ်ိဳးဆက္သစ္ေဘာလုံးသမားေတြအတြက္ ၿပိဳင္ပြဲကစားရမႈ နည္းေနေသးရင္ ေအာင္ျမင္မႈနဲ႔ ေဝးေနဦးမယ္လို႔ မႏၲေလးေဘာလုံးအကယ္ဒမီနည္းျပကေျပာပါတယ္။
ႏိုင္ငံတကာမွာရွိတဲ့ ေဘာလုံးအကယ္ဒမီေက်ာင္းေတြမွာ သင္ၾကားေနတဲ့ ေဘာလုံးသမားေတြအတြက္ တႏွစ္ကို ၿပိဳင္ပြဲေပါင္း ၇၀ ေလာက္ ကစားရေလ့ရွိၿပီး ျမန္မာႏိုင္ငံမွာေတာ့ ၇ ပြဲေလာက္ပဲ ကစားရတယ္လို႔ မႏၲေလးအကယ္ဒမီမွ u-15 နည္းျပ ဦးေက်ာ္သူရက ေျပာပါတယ္။
ျမန္မာ့ေဘာလုံးေလာကအတြက္ အေထာက္အကူျဖစ္ေစမယ့္ ေဘာလုံးအကယ္ဒမီေတြကို မၾကာေသးတဲ့ ႏွစ္အနည္းငယ္ေလာက္ကမွ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့ေပမယ့္ ေအာင္ျမင္မႈႏိုင္ပြဲ မရရွိေသးတဲ့အေပၚ ပရိသတ္ေတြက ေဝဖန္ေနၾကတာျဖစ္ပါတယ္။
လက္ရွိေဘာလုံးအကယ္ဒမီေတြမွာ လူငယ္ တက္သစ္စ ေဘာလုံးသမားေလးေတြဟာ ေန႔စဥ္နဲ႔အမွ် အခ်ိန္ျပည့္ေလ့က်င့္ေနၾကေပမယ့္ ျပည္တြင္းၿပိဳင္ပြဲေတြေတာင္ ကစားရတာ သိပ္မရွိဘူးလို႔ သိရပါတယ္။
ေနာက္ၿပီးေတာ့ ႏိုင္ငံတကာမွာ သက္တမ္းအလိုက္ Leagueၿပိဳင္ ပြဲမ်ားရွိေနေနတာေၾကာင့္ ျပန္ပြဲကစားရတဲ့ အေတြ႕ႀကဳံပိုင္းမွာ ျမန္မာကစားသမားေလးေတြအတြက္ လုံးဝမယွဥ္ႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။
ထက္လူ