A d v e r t i s e m e n t With Us

မိုးညှင်းမြို့တွင် ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ စက်တင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ မိုးညှင်းမြို့ အောင်သပြေ ၂ ရပ်ကွက်နေ ဒေါ်မရမ်ဂျာထု (ခေါ်) ဂျာထုနေအိမ်ကနေ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၅၄ ခွက်၊ ၁၁၅၄၀ ဂရမ် (ကာလတန်ဖိုး ၈၀၇,၈၀၀,၀၀၀) ဖိုး ဖမ်းမိခဲ့တာပါ။ အင်းတော်ကြီးမြို့နယ် မိုင်းနောင်ကျေးရွာမှ စက်တင်ဘာ ၁၁ ရက်နေ့က ဝင်းဇော်ထံကနေ ဘိန်းဖြူအလေးချိန် ၁၄၃၀ ဂရမ် သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးကွင်းဆက်အရ မရမ်ဂျာထုနေအိမ်ကို  ရှာဖွေရာမှ နေအိမ်တွင်း ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၅၄ ခွက်ကို ဖမ်းဆီးရမိခဲ့တာပါ။  မရမ်ဂျာထု အပါအဝင် ၃ ဦးကို မိုးညှင်းမြို့ မရဲစခန်းက မယ(ပ )၁၆၃/၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က )/၂၁ နဲ့ အမှုဖွင့်အရေးယူဆောက်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း၊ ဓာတ်ပုံ - ခင်မောင်ဦး
မိုးညႇင္းၿမိဳ႕တြင္ က်ပ္သိန္း ၈၀၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ DVB ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕မွာ က်ပ္သိန္း ၈၀၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးေတြ စက္တင္ဘာ ၁၂ ရက္ေန႔က ဖမ္းဆီးရမိခဲ့တယ္လို႔ မိုးညႇင္းရဲစခန္းက သိရပါတယ္။ မိုးညႇင္းၿမိဳ႕ ေအာင္သေျပ ၂ ရပ္ကြက္ေန ေဒၚမရမ္ဂ်ာထု (ေခၚ) ဂ်ာထုေနအိမ္ကေန ဘိန္းျဖဴ ဆပ္ျပာခြက္ ၁၁၅၄ ခြက္၊ ၁၁၅၄၀ ဂရမ္ (ကာလတန္ဖိုး ၈၀၇,၈၀၀,၀၀၀) ဖိုး ဖမ္းမိခဲ့တာပါ။ အင္းေတာ္ႀကီးၿမိဳ႕နယ္ မိုင္းေနာင္ေက်း႐ြာမွ စက္တင္ဘာ ၁၁ ရက္ေန႔က ဝင္းေဇာ္ထံကေန ဘိန္းျဖဴအေလးခ်ိန္ ၁၄၃၀ ဂရမ္ သိမ္းဆည္းရမိတဲ့ မူးယစ္ေဆးကြင္းဆက္အရ မရမ္ဂ်ာထုေနအိမ္ကို ရွာေဖြရာမွ ေနအိမ္တြင္း ဘိန္းျဖဴ ဆပ္ျပာခြက္ ၁၁၅၄ ခြက္ကို ဖမ္းဆီးရမိခဲ့တာပါ။ မရမ္ဂ်ာထု အပါအဝင္ ၃ ဦးကို မိုးညႇင္းၿမိဳ႕ မရဲစခန္းက မယ(ပ )၁၆၃/၁၉ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ဥပေဒပုဒ္မ ၁၉(က )/၂၁ နဲ႔ အမႈဖြင့္အေရးယူေဆာက္႐ြက္ထားတယ္လို႔ သိရပါတယ္။ သတင္း - မုန္းမုန္းမင္း၊ ဓာတ္ပုံ - ခင္ေမာင္ဦး

A d v e r t i s e m e n t With Us

More News
Up