အင်ဒိုနီးရှားသမ္မတဟောင်း ဟာဘီးဘီး ကွယ်လွန်

3.5K
အင်ဒိုနီးရှား သမ္မတဟောင်း ဘီဂျေ ဟာဘီးဘီးဟာ နှလုံးရောဂါကြောင့် စက်တင်ဘာ ၁၁ ရက်နေ့မှာ ကွယ်လွန်သွားပြီလို့ သားဖြစ်သူက ပြောပါတယ်။
ဘီဂျေ ဟာဘီးဘီးကို ၁၉၃၆ ခုနှစ် အင်ဒိုနီးရှား အရှေ့ဘက် ဆူမားတြားကျွန်းမှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်အရွယ် ရှိပါပြီ။
အင်ဂျင်နီယာလည်းဖြစ်ပြီး နိုင်ငံရေးသမားဖြစ်တဲ့ ဟာဘီးဘီးဟာ သူ့ရဲ့ ဆရာဖြစ်သူ သမ္မတဟောင်း ဆူဟာတို ရာထူးက နုတ်ထွက်ပြီး ၁၉၉၈ ခုနှစ်မှာ သမ္မတ ဖြစ်လာခဲ့တာပါ။
ဟာဘီးဘီးဟာ သမ္မတရာထူးကို ၁၇ လသာ ထမ်းဆောင်ခဲ့ရပေမယ့် သူ့လက်ထက်မှာ အင်ဒိုနီးရှားသမိုင်းတလျှောကေ အဆင့်အမြင့်ဆုံး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပေးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ဒီမိုကရေစီ အကူအပြောင်းကာလအတွင်းမှာ သမ္မတဖြစ်လာကြောင့် အသိအမှတ်ပြုသူ နည်းခဲ့ပါတယ်။
ဒါ့အပြင် ဟာဘီးဘီးဟာ အရှေ့တီမောကို အင်ဒိုနီးရှားကနေ ခွဲထွက်ခွင့် ပေးခဲ့တာကြောင့် ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အဲဒီဖိအားတွေကြောင့်ပဲ ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။
သမ္မတရာထူးက ဆင်းပေးခဲ့ရပြီးနောက် သူဟာ အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အရှုပ်တော်ပုံတခုမှာ အဓိက မျက်မြင်သက်သေ တယောက်အဖြစ် ပါခဲ့ပါသေးတယ်။
နှစ်တွေ ကြာပြီးတဲ့အခါ ဟာဘီးဘီးဟာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ကို ပြောင်းသွားပြီးနောက် အင်ဒိုနီးရှားကို ပြန်မလာတော့ပါဘူး။
နှစ်ပေါင်း သုံးဆယ်အတွင်း နိုင်ငံရေးနဲ့ စီးပွားရေး ကပ်ဘေးဆိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံကို ပြန်လည်ဦးမော့ရေး အဓိက ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းဖို့ ပျက်ကွက်တာတွေကြောင့် ဟာဘီးဘီးဟာ ဝေဖန်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
================================
အင္ဒိုနီးရွားသမၼတေဟာင္း ဟာဘီးဘီး ကြယ္လြန္
DVB
အင္ဒိုနီးရွား သမၼတေဟာင္း ဘီေဂ် ဟာဘီးဘီးဟာ ႏွလုံးေရာဂါေၾကာင့္ စက္တင္ဘာ ၁၁ ရက္ေန႔မွာ ကြယ္လြန္သြားၿပီလို႔ သားျဖစ္သူက ေျပာပါတယ္။
ဘီေဂ် ဟာဘီးဘီးကို ၁၉၃၆ ခုႏွစ္ အင္ဒိုနီးရွား အေရွ႕ဘက္ ဆူမားၾတားကြၽန္းမွာ ေမြးဖြားခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၈၃ ႏွစ္အ႐ြယ္ ရွိပါၿပီ။
အင္ဂ်င္နီယာလည္းျဖစ္ၿပီး ႏိုင္ငံေရးသမားျဖစ္တဲ့ ဟာဘီးဘီးဟာ သူ႔ရဲ႕ ဆရာျဖစ္သူ သမၼတေဟာင္း ဆူဟာတို ရာထူးက ႏုတ္ထြက္ၿပီး ၁၉၉၈ ခုႏွစ္မွာ သမၼတ ျဖစ္လာခဲ့တာပါ။
ဟာဘီးဘီးဟာ သမၼတရာထူးကို ၁၇ လသာ ထမ္းေဆာင္ခဲ့ရေပမယ့္ သူ႔လက္ထက္မွာ အင္ဒိုနီးရွားသမိုင္းတေလွ်ာေက အဆင့္အျမင့္ဆုံး လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ေပးခဲ့ပါတယ္။
ဒါေပမယ့္ သူဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ရႈပ္ေထြးတဲ့ ဒီမိုကေရစီ အကူအေျပာင္းကာလအတြင္းမွာ သမၼတျဖစ္လာေၾကာင့္ အသိအမွတ္ျပဳသူ နည္းခဲ့ပါတယ္။
ဒါ့အျပင္ ဟာဘီးဘီးဟာ အေရွ႕တီေမာကို အင္ဒိုနီးရွားကေန ခြဲထြက္ခြင့္ ေပးခဲ့တာေၾကာင့္ ျပည္တြင္းမွာ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး အဲဒီဖိအားေတြေၾကာင့္ပဲ ၁၉၉၉ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ပါတယ္။
သမၼတရာထူးက ဆင္းေပးခဲ့ရၿပီးေနာက္ သူဟာ အက်င့္ပ်က္ျခစားမႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ အရႈပ္ေတာ္ပုံတခုမွာ အဓိက မ်က္ျမင္သက္ေသ တေယာက္အျဖစ္ ပါခဲ့ပါေသးတယ္။
ႏွစ္ေတြ ၾကာၿပီးတဲ့အခါ ဟာဘီးဘီးဟာ ဂ်ာမနီႏိုင္ငံ ဟမ္းဘတ္ၿမိဳ႕ကို ေျပာင္းသြားၿပီးေနာက္ အင္ဒိုနီးရွားကို ျပန္မလာေတာ့ပါဘူး။
ႏွစ္ေပါင္း သုံးဆယ္အတြင္း ႏိုင္ငံေရးနဲ႔ စီးပြားေရး ကပ္ေဘးဆိုက္တဲ့ အင္ဒိုနီးရွားႏိုင္ငံကို ျပန္လည္ဦးေမာ့ေရး အဓိက ျပႆနာေတြကို ညႇိႏႈိင္းေျဖရွင္းဖို႔ ပ်က္ကြက္တာေတြေၾကာင့္ ဟာဘီးဘီးဟာ ေဝဖန္ခံခဲ့ရတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။