A d v e r t i s e m e n t With Us

ပြင်သစ်တွင် အရေးပေါ်ဌာန ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီက လမ်းမတွေပေါ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က  အရေးပေါ်ဌာန ကျန်းမာရေးဝန်ထမ်းတွေ စုဝေးပြီး အစိုးရရဲ့ ကျန်းမာရေး ဘတ်ဂျတ် ပြင်ဆင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။  အင်အား လျော့နည်းနေတဲ့ ပြင်သစ်ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ရန်ပုံငွေနဲ့ လုပ်အားအရင်းအမြစ်တွေ ထပ်တိုးပေးဖို့ ကျန်းမာရေး ဝန်ထမ်းတွေက သပိတ်မှောက်တောင်းဆိုနေတာ ၆ လ ကြာပါပြီ။  ချီတက်ပွဲမှာ ဆန္ဒပြသူတွေဟာ ပိုစတာတွေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်လာပြီး ဆေးရုံတွေဟာ ငရဲဘုံလို ဖြစ်နေတယ်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကိုလည်း တွေ့ရပါတယ်။   အရေးပေါ်ဌာနအတွက် သုံးနှစ် ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၈၂၅ သန်း ပေးသွားဖို့နဲ့ စနစ်သစ်တွေကို ကျန်းမာရေးဝန်ကြီး အန်ညက်ဘီဇွန်က စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစနစ်သစ်တွေဟာ ထိရောက်မှု မရှိဘူးလို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောခဲ့ကြပါတယ်။  စက်တင်ဘာ ၉ ရက်နေ့က ပြင်သစ်နိုင်ငံ တလွှားမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲ စုစုပေါင်း ၂၄၉ ပွဲ လှုပ်ရှားခဲ့ပြီး ဆန္ဒပြ လူဦးရေဟာ တနိုင်ငံ လုံးမှာရှိတဲ့ အရေးပေါ်ဌာနဝန်ထမ်းအရေအတွက် ထက်ဝက်နည်းပါး ရှိတယ်လို့ အရေးပါ်ဌာန ကျန်းမာရေး ဝန်ထမ်းအဖွဲ့ Inter-Urgences က ပြောပါတယ်။  ဒါပေမယ့် ကျန်းမာရေး ဝန်ကြီးဌာန ကတော့ ဆန္ဒပြပွဲ အရေအတွက်ကို ၁၉၅ ပွဲလို့ ဖော်ပြခဲ့ပါတယ်။ ================= ျပင္သစ္တြင္ အေရးေပၚဌာန က်န္းမာေရးဝန္ထမ္းမ်ား ဆႏၵျပ DVB ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ပါရီက လမ္းမေတြေပၚမွာ စက္တင္ဘာ ၁၁ ရက္ေန႔က  အေရးေပၚဌာန က်န္းမာေရးဝန္ထမ္းေတြ စုေဝးၿပီး အစိုးရရဲ႕ က်န္းမာေရး ဘတ္ဂ်တ္ ျပင္ဆင္မႈကို ဆန႔္က်င္ဆႏၵျပခဲ့ပါတယ္။ အင္အား ေလ်ာ့နည္းေနတဲ့ ျပင္သစ္က်န္းမာေရး ေစာင့္ေရွာက္မႈ က႑မွာ ရန္ပုံေငြနဲ႔ လုပ္အားအရင္းအျမစ္ေတြ ထပ္တိုးေပးဖို႔ က်န္းမာေရး ဝန္ထမ္းေတြက သပိတ္ေမွာက္ေတာင္းဆိုေနတာ ၆ လ ၾကာပါၿပီ။ ခ်ီတက္ပြဲမွာ ဆႏၵျပသူေတြဟာ ပိုစတာေတြ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္လာၿပီး ေဆး႐ုံေတြဟာ ငရဲဘုံလို ျဖစ္ေနတယ္လို႔ ေရးသားထားတဲ့ ဆိုင္းဘုတ္ကိုလည္း ေတြ႕ရပါတယ္။ အေရးေပၚဌာနအတြက္ သုံးႏွစ္ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၈၂၅ သန္း ေပးသြားဖို႔နဲ႔ စနစ္သစ္ေတြကို က်န္းမာေရးဝန္ႀကီး အန္ညက္ဘီဇြန္က စက္တင္ဘာ ၉ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီစနစ္သစ္ေတြဟာ ထိေရာက္မႈ မရွိဘူးလို႔ က်န္းမာေရး ဝန္ထမ္းေတြက ေျပာခဲ့ၾကပါတယ္။ စက္တင္ဘာ ၉ ရက္ေန႔က ျပင္သစ္ႏိုင္ငံ တလႊားမွာ က်န္းမာေရးဝန္ထမ္းေတြရဲ႕ သပိတ္ေမွာက္ ဆႏၵျပပြဲ စုစုေပါင္း ၂၄၉ ပြဲ လႈပ္ရွားခဲ့ၿပီး ဆႏၵျပ လူဦးေရဟာ တႏိုင္ငံ လုံးမွာရွိတဲ့ အေရးေပၚဌာနဝန္ထမ္းအေရအတြက္ ထက္ဝက္နည္းပါး ရွိတယ္လို႔ အေရးပၚဌာန က်န္းမာေရး ဝန္ထမ္းအဖြဲ႕ Inter-Urgences က ေျပာပါတယ္။ ဒါေပမယ့္ က်န္းမာေရး ဝန္ႀကီးဌာန ကေတာ့ ဆႏၵျပပြဲ အေရအတြက္ကို ၁၉၅ ပြဲလို႔ ေဖာ္ျပခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up