Home
မြန်မာသတင်း
မော်လမြိုင်မြို့ ရေဖြန့်ဝေပေးသည့်လုပ်ငန်း နှစ်စဉ် ၆၅ ရာခိုင်နှုန်း အရှုံးပေါ်
DVB
·
September 13, 2019
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ရေဖြန့်ဝေပေးတဲ့ လုပ်ငန်းကနေ နှစ်စဉ် ၆၅ ရာခိုင်နှုန်း အရှုံးပေါ်နေတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးနဲ့ဆောက်လုပ်ရေးဝန်ကြီးက ပြောပါတယ်။  ရွှေနတ်တောင်ဆည်၊ ကင်မွန်ချုံဆည်အပြင် အတ္တရံမြစ်ရေတင်လုပ်ငန်းတွေကနေ မော်လမြိုင်မြို့ကို ရေဖြန့်ဝေပေးနေပေမယ့် ပိုက်စနစ် မကောင်းတာအပြင် ကန်တွေထဲကို ရေမောင်းထည့်ပေးနေရတဲ့အတွက်ကြောင့် နှစ်စဉ် ၆၅ ရာခိုင်နှုန်း အရှုံးပေါ်နေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ အခုလို ဆုံးရှုံးမှု ဖြစ်ပေါ်နေတာတွေကို ကာကွယ်နိုင်ဖို့အတွက် ရေပိုက်တွေကိုပြောင်းလဲ တပ်ဆင်သွားမယ့်အပြင် မီတာတွေကိုလည်း တပ်ဆင်သွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သန့်ရှင်းတဲ့ ရေရရှိရေးနဲ့ ဆုံးရှုံးတာတွေ ကာကွယ်နိုင်ဖို့အတွက် ရေပေးဝေနေတဲ့ ရွှေနတ်တောင်နဲ့ ကင်မွန်းချုံဆည်တွေအပြင် အတ္တရံမြစ်ရေတင်လုပ်ငန်းတွေကို ပြန်လည်အဆင့်မြှင့်တင်မဲ့ စီမံကိန်းသစ်တွေကို စတင် ဆောင်ရွက်နေတာပါ။  ဒါအပြင် အခုဘဏ္ဍာရေးနှစ်မှာ ပိုက်လိုင်းတွေ စနစ်တကျ ပြန်လည်နိုင်အောင်လေ့လာ စိစစ်တာတွေ စတင်လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ရေဖြန့်ဝေပေးတဲ့ လုပ်ငန်းကို မော်လမြိုင်၊ သထုံ၊ ပေါင် အပါအဝင် မြို့နယ် ခြောက်မြို့နယ်မှာ ရေဖြန့်ဝေပေးနေပြီး အခုဘဏ္ဍာရေးနှစ် သြဂုတ်လကုန်အထိ ရေဖြန့်ဝေပေးနေတဲ့ လုပ်ငန်းကနေ အခွန်ကျပ်သန်း ၂၈၀ ကျော်သာ ရရှိထားတာပါ။
ေမာ္လၿမိဳင္ၿမိဳ႕ ေရျဖန႔္ေဝေပးသည့္လုပ္ငန္း ႏွစ္စဥ္ ၆၅ ရာခိုင္ႏႈန္း အရႈံးေပၚ DVB မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ ေရျဖန႔္ေဝေပးတဲ့ လုပ္ငန္းကေန ႏွစ္စဥ္ ၆၅ ရာခိုင္ႏႈန္း အရႈံးေပၚေနတယ္လို႔ မြန္ျပည္နယ္စည္ပင္သာယာေရးနဲ႔ေဆာက္လုပ္ေရးဝန္ႀကီးက ေျပာပါတယ္။ ေ႐ႊနတ္ေတာင္ဆည္၊ ကင္မြန္ခ်ဳံဆည္အျပင္ အတၱရံျမစ္ေရတင္လုပ္ငန္းေတြကေန ေမာ္လၿမိဳင္ၿမိဳ႕ကို ေရျဖန႔္ေဝေပးေနေပမယ့္ ပိုက္စနစ္ မေကာင္းတာအျပင္ ကန္ေတြထဲကို ေရေမာင္းထည့္ေပးေနရတဲ့အတြက္ေၾကာင့္ ႏွစ္စဥ္ ၆၅ ရာခိုင္ႏႈန္း အရႈံးေပၚေနတယ္လို႔ မြန္ျပည္နယ္ စည္ပင္သာယာေရးနဲ႔ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးမင္းေက်ာ္လြင္က ေျပာပါတယ္။ အခုလို ဆုံးရႈံးမႈ ျဖစ္ေပၚေနတာေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ ေရပိုက္ေတြကိုေျပာင္းလဲ တပ္ဆင္သြားမယ့္အျပင္ မီတာေတြကိုလည္း တပ္ဆင္သြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ သန႔္ရွင္းတဲ့ ေရရရွိေရးနဲ႔ ဆုံးရႈံးတာေတြ ကာကြယ္ႏိုင္ဖို႔အတြက္ ေရေပးေဝေနတဲ့ ေ႐ႊနတ္ေတာင္နဲ႔ ကင္မြန္းခ်ဳံဆည္ေတြအျပင္ အတၱရံျမစ္ေရတင္လုပ္ငန္းေတြကို ျပန္လည္အဆင့္ျမႇင့္တင္မဲ့ စီမံကိန္းသစ္ေတြကို စတင္ ေဆာင္႐ြက္ေနတာပါ။ ဒါအျပင္ အခုဘ႑ာေရးႏွစ္မွာ ပိုက္လိုင္းေတြ စနစ္တက် ျပန္လည္ႏိုင္ေအာင္ေလ့လာ စိစစ္တာေတြ စတင္လုပ္ေဆာင္ေနတယ္လို႔ မြန္ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕ ဒုတိယအင္ဂ်င္နီယာမႉးႀကီး ဦးတင္ကိုကိုက ေျပာပါတယ္။ မြန္ျပည္နယ္မွာေတာ့ ေရျဖန႔္ေဝေပးတဲ့ လုပ္ငန္းကို ေမာ္လၿမိဳင္၊ သထုံ၊ ေပါင္ အပါအဝင္ ၿမိဳ႕နယ္ ေျခာက္ၿမိဳ႕နယ္မွာ ေရျဖန႔္ေဝေပးေနၿပီး အခုဘ႑ာေရးႏွစ္ ၾသဂုတ္လကုန္အထိ ေရျဖန႔္ေဝေပးေနတဲ့ လုပ္ငန္းကေန အခြန္က်ပ္သန္း ၂၈၀ ေက်ာ္သာ ရရွိထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024